‘ စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မုတ်သုန် တဖြည်းဖြည်းဆုတ်ခွာသွားမှာဖြစ်ပြီး မိုးနှောင်းကာလဖြစ်လိုနှစ်ကြိမ်လောက် မုန်တိုင်းငယ်လောက်ဖြစ်နိုင်တယ်’ ဦးလှထွန်း၊ ညွှန်ကြားရေးမှူး၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Published_ 31 August 2023
#မုန်တိုင်း(၂)ကြိမ်ဖြစ်နိုင် #မြစ်ဝကျွန်းပေါ်ဒေသ
#tthl
#Yangon_Times
ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ရရှိမယ့် လုပ်ခလစာကို တရားဝင်နှစ်နိုင်ငံဘဏ်များကနေ တစ်ဆင့်လွဲပို့နိုင်ဖို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရရှိတဲ့ အေဂျင်စီနဲ့ အလုပ်သမားများကြား သဘောတူစာချုပ်ကို စက်တင်ဘာ ၁ရက် စတင်အကောင်ထည်ဖေါ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန က သိရပါတယ်။
Published_ 31 August 2023
#သဘောတူစာချုပ်
#YMG/LW
#Yangon_Times
ယနေ့ တစ်လီတာ လက်လီဈေး (၂၂၇၅)ကျပ်သတ်မှတ်
Published_ 31 August 2023
#စက်သုံးဆီဈေး
#Ymg/my
#Yangon_Times
‘ဈေးကွက်ထဲမှာ စားအုန်းဆီတွေကို ဈေးအမြင့်နဲ့ရောင်းချနေတာတွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာန Call Center ၁၅၃၅၊စားသုံးရေးရာဦးစီးဌာန Facebook Page နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဦးစီးရုံးတွေရဲ့ Facebook Pageတွေမှာ တိုင်ကြားနိုင်မှာဖြစ်တယ်။ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်’
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန
Published_ 31 August 2023
#စားအုန်းဆီ #Call Center
#tthl
#Yangon_Times
#Local_News
Published-31 August 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၁၂၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဩဂုတ်လ ၃၁ ရက်(ယနေ့)ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၇၀) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၇၀)က မြန်မာအလုပ်သမား အမျိုးသား (၅၂၀)ဦး၊ အမျိုးသမီး(၆၇၁)ဦး၊ စုစုပေါင်း ဦးရေ (၁၂၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ြသဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၈၀) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား
#Yangon-Times/PP
#Local_News
Published_ 31 August 2023
သွေးစွန်းနေသော ရွှေထည်ပစ္စည်းကိုတွေ့ရာမှ အမျိုးသမီးတစ်ဦးအား လည်လှီးသတ်ဖြတ်သူဟု သံသယရှိသူ ၃ ကိုဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
သြဂုတ်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ခုတွင် အမျိုးသားတစ်ဦးက ရွှေသွားရောင်းစဉ် ရွှေတွင်သွေးစများတွေ့ရှိခဲ့၍ မသင်္ကာဖြစ်သောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ အဆိုပါ သံသယရှိသူများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးမှုခင်းအဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်တယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက YMG ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြောင်းကြီးလမ်းရှိ အထပ်မြင့်တိုက်(၆)လွှာတွင် လွန်ခဲ့သော ၄ လခန့်က ခင်းပွန်းဖြစ်သူနှင့်အတူ နေထိုင်သော အသက်(၃၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား လည်ပင်းကို ဓါးဖြင့်လှီးကာ ရွှေထည်ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူ ၃ ဦးထဲတွင် ယင်းအထပ်မြင့်တိုက်(၆)လွှာ၌ နေထိုင်သည့်အသတ်ခံထားရသော အမျိုးသမီးတို့ ဇနီးမောင်နှံအနေဖြင့် ပုံမှန်ငှားစီးနေကျ အနှေးယာဉ်လုပ်သားလည်း ပါဝင်ကြောင်း သိရသည်။
#Local_News #သွေးစွန်းနေသောရွှေထည်ပစ္စည်း #သံသယရှိသူ၃ဦး
#Yangon_Times/PP
#Local_News
Published 31-August- 2023
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်ကျဆင်းနိုင်သော်လည်း ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ဆက်ရှိနိုင်သည် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဉီးစီးဌာန ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ အသိပေးချက်၌ ယနေ့ ဩဂုတ်(၃၁) ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် အထက် တစ်ပေခန့်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်ဟု ဖော်ပြထားသည်။
အလားတူ ယနေ့ ဩဂုတ် (၃၁) ရက်တွင် ၁၂ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ် အထက် တစ်ပေခန့်သို့ကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းနဘေးနှင့် မြေနိမ့်ပိုင်းမေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။
#YMG/MY #Local_News #ချင်းတွင်းမြစ်ရေ #ဟုမ္မလင်းမြို့ #ဖောင်းပြင်မြို့ #မိုးဇလသတိပေး
#Yangon_Times
Page 774 of 1899