တရုတ်ပြည်က အများဆုံး ဝယ်ယူပေမယ့် လက်ရှိကာလဟာ တရုတ်ပြည်ဘက်က ဖရဲသီးစိုက်ပျိုးထုတ်လုပ်ချိန်ဖြစ်တာကြောင့် အဝယ်အလွန်နည်းပြီး အခြားအကြောင်းများကြောင့်လဲ ပြည်ပတင်ပို့ရန် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
Published_ 1 September 2023
#YMG/LW
#Yangon_Times
#Local_News
Published_ 1 September 2023
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ပြသမည့် လူနာများအနေဖြင့် အွန်လိုင်းအသုံးပြုပြီး Viber၊Messengerဖြင့် ကြိုတင်ဘိုကင်တင်နိုင်ပြီးပြသရမည့်ဌာန၊နေ့ရက်နှင့်အချိန်များကို ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းဖြင့်ကြိုတင်ဘိုကင်တင်ထားခြင်းအားဖြင့် ကင်ဆာလူနာများ၊နှလုံးလူနာများစသည့်ဆေးရုံတွင်ကြာရှည် စောင့်ဆိုင်းရန်ခက်ခဲသည့် လူနာများအတွက်အဆင်ပြေစေမည်ဖြစ်သည်။
အွန်လိုင်းဖြင့် ဘိုကင်တင်လိုသူများအနေဖြင့်မိမိ၏ဖုန်းViberမှာ caremebotဟုရိုက်၍ စက်ရုပ်လေးနှင့် Application ပေါ်လာပါကယင်းထဲကိုဝင်ရောက်ကာဘိုကင်တင်ရမည်ဖြစ်သလိုမိမိတို့၏ Facebookမှာ caremebotဟုရိုက်၍ caremebotရဲ့ မတ်ဆင်ဂျာထဲကိုဝင်ပြီး ဘိုကင်တင်ကြရမည်ဖြစ်သည်ဟုဆိုသည်။
Caremebotဖြင့်ဘိုကင်တင်လိုသူများအနေဖြင့် ပထမဦးဆုံးအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရွေးပြီး ပြသလိုသည့် နေ့ရက်အချိန်ကိုရွေးကာ ပြသလိုသည့် လူနာကိုယ်ရေးအချက်အလက်များကို ဖြည့်ခြင်း၊ လူနာ ဆေးမှတ်တမ်း(သို့မဟုတ်)လွှဲစာကို ဓာတ်ပုံရိုက်ပြီး သတ်မှတ်အချိန်အတွင်းတင်ရမည်ဖြစ်သည်။
ဆေးရုံမှဘိုကင်အတည်ပြုခြင်းကို စောင့်ဆိုင်းကာ ဆေးရုံမှဘိုကင်အတည်ပြုပြီး ဘိုကင်နံပါတ်၊ပြသရမည့်ဌာနနှင့် နေ့ရက်အချိန်တို့ကို လူနာနှင့်လူနာရှင်ထံ ပြန်ပို့ပေးမည်ဖြစ်ကြောင်းနှင့်အကယ်၍ မှားယွင်းနေပါက ဘိုကင်အသစ် ပြန်တင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #Viber၊ Messenger #ကြိုတင်ဘိုကင်တင်ထား
#Yangon_Times
#Local_News
Published 1 September 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၁၁၈/၁)အနီးတွင် စက်တင်ဘာလ ၁ရက် နံနက် ၇နာရီခွဲခန့်တွင် ခြောက်ဘီးကားတစ်စီးမှ တာယာပွင့်ပြီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။
MITSUBISHIFUSO(၆)ဘီးယာဉ်သည်ယာဘက်ဘီးတာယာပွင့်ပြီး မြေသားလမ်းပေါ်ရှိသစ်ပင်အားဝင်ရောက်တိုက်မိမှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအနက်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ၁၁၅ မိုင် ကြက်ခြေနီအသင်းမှ ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YGM/LW #Local_News #ယာဥ်တိုက်မှုဖြစ်တစ်ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times
#Local_News
Published-1 September 2023
ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို CBT စနစ်ဖြင့် အောက်တိုဘာ(၄)ရက် မှ (၂၀)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း POEA-EPS က သိရသည်။
ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သော မြန်မာအလုပ်သမားများအတွက် ထပ်မံသွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ရည်ရွယ်ပြီး Computer Based Test(CBT) စနစ်ဖြင့် သီးသန့်ပြုလုပ်ပေးသော ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလ(၄)ရက် မှ (၂၀)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
စာမေးပွဲမေးခွန်းများသည် “The Standard Textbook for EPS-TOPIK” စာအုပ်ကို အခြေခံ၍ မေးမြန်းရန်ရှိသည့်အတွက် http://epstopik,hrdkorea.or.kr စသည့် webpage တွင် ဝင်ရောက်ကြည့်ရှု download ရယူနိုင်ပါသည်။
စာမေးပွဲကို ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ ပင်လုံခန်းမ၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်သူများ၏ အောင်စာရင်းကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၂၇)ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ Facebook ၊ POEA-EPS နှင့် HRD-Korea ၊ EPS-TOPIK website ဖြစ်သောhttp://epstopik.hrdkorea.or.kr တွင် အသိပေးကြေညာသွားမည်ဟု သိရသည်။
#Local_News #အထူးသီးသန့်စာမေးပွဲ #CBT စနစ်
#Yangon_Times/PP
၃၁ ဩဂုတ် ၂၀၂၃
မာရဝိဇယဘုရားကြီးသို့ ဘုရားဖူးလာပြည်သူများအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၁ ရက် ယနေ့ ညနေပိုင်းက ဘုရားဖူးလာ ပြည်သူများကို ရင်းနှီးစွာနှုတ်ဆက်ရင်းပြောကြားခဲ့ပါတယ်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ကျောက်စာရုံတော်များအတွင်းတွင် လည်းကောင်း လှည့်လည်ဖူးမြော်ကြည်ညိုစဉ် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ရာတွင် ပြောကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
နစကရဲ့သတင်းထုတ်ပြန်ချက်တွင်လည်း မာရဝိဇယဘုရားကြီး ဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးက အဆိုပါအစည်း အဝေးအတွင်း မှာကြားခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
အဲဒီ့အပြင် ဘုရားကြီးဝင်းအတွင်းကင်မရာပါသည့်ဖုန်း၊အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့် အပျော်တမ်း ကင်မရာရိုက်ကူးခြင်းများကိုသာထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရန်လိုကြောင်း၊ ဘုရားကြီး ဝင်းအတွင်း
ကားပါကင်သို့ဝင်ရောက်ရပ်နားမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ယဉ်ငယ်များကိုသာဝင်ရောက် ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန်လည်း ဆက်လက်မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဘုရားကြီးသို့ဝင်ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလ
အဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲယာယီ စည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားဖို့နှင့် ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက်
ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့်ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှု လိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာကာလတွေ့ကြုံရမှုများ အပေါ်တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရန်လည်းမှာကြားခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#Daily_News
Published_ 31 August 2023
၁။ ဆီဈေးမြှင့်ပြီးရောင်းချသူများကို Call Center တွင် တိုင်ကြားနိုင်၊ စီးပွားကူးသန်းမှ ဥပဒေအရအရေးယူမည်
၂။ ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးအနည်းငယ် ပြန်ကျဆင်း
၃။ ပြည်ပလုပ်သားများ၏ လစာကို တရားဝင်လွှဲပို့နိုင်ရေး အေဂျင်စီနှင့်အလုပ်သမားကြား သဘောတူစာချုပ်လုပ်ရမည်
၄။ ဂရင်းလန်းမှ အရည်ပျော်လာနေသော ရေခဲပြင်ဒေသထံသို့ သိပ္ပံပညာရှင်များလေ့လာခရီးထွက်ခွာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပုစွန် သားဖောက်လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာ၊ သဘာဝငါးမျိုးစိတ်ဆိုင်ရာသုတေသနတွေ ပူးပေါင်းဆောင်ရွက်မည်
Published_ 31 August 2023
#ပုစွန်သားဖောက်လုပ်ငန်း #ခေတ်မီငါးလုပ်ငန်းဖွံ့ဖြိုးရေးဇုန်
#YMG/MY
#Yangon_Times
Page 773 of 1899