Published_ 4 September 2023
ယခုလ စက်တင်ဘာ ပထမအပတ်အတွင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည့် အင်ဒိုနီးရှားမာစတာပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူမ၏ ဖခင်ဖြစ်သူက Yangon Times သို့ပြောသည်။
ယင်းပြိုင်ပွဲကို စက်တင်ဘာ (၅)ရက်မှ (၁၀)ရက်အထိ အင်ဒို နီးရှားနိုင်ငံ မီဒန်မြို့၌ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ကစားသမား (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ သက်ထားသူဇာသည် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသူ ဝီဂျာဂျာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ဝီဂျာဂျာသည် လက်ရှိ ကမ္ဘာ့အဆင့် (၉၈)တွင် ရပ်တည်လျက်ရှိပြီး ၊ သက်ထားသူဇာမှာ ကမ္ဘာ့အဆင့် (၄၈)နေရာတွင် ရပ်တည်နေကြသူများဖြစ်သည်။
ပြိုင်ပွဲတွင် သက်ထားသူဇာအနေဖြင့် ဝီဂျာဂျာကို အနိုင်ရရှိပါက ဒုတိယအဆင့်တွင် တရုတ်တိုင်ပေ ကြက်တောင်မယ်ချန်စုယူနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သက်ထားသူဇာသည် ယခု စက်တင် ဘာလအတွင်း အင်ဒိုနီးရှားမာစတာပြိုင်ပွဲအပြင် ဗီယက်နမ် မာစတာပြိုင်ပွဲနှင့် ထိုင်းနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲတို့ကို တစ်ဆက်တည်သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သက်ထားသူဇာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေပြီး၊ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့်ပြိုင်ပွဲများတွင် အဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သြဂုတ်လကုန်အထိ ပြိုင်ပွဲစုစုပေါင်း (၁၄)ခု ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
Published_ 4 September 2023
2024 AFC U23 Asian Cup ခြေစစ်ပွဲ အုပ်စု(ခ)အဖွငိ့ပွဲစဉ်ကို ကာဂျစ္စတန်နှင့်မြန်မာအသင်းတို့ ယခုလ စက်တင်ဘာ (၆)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံ က သိရသည်။
အဆိုပါ ခြေစစ်ပွဲစဉ်ကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့လက်ရွေးစင် ယူ ၂၃ ဘောလုံးအသင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ယမန်နေ့စက်တင်ဘာ (၃)ရက် နံနက်ပိုင်းက ရောက်ရှိနေပြီဖြစ်သည်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ယင်းသို့ ယှဉ်ပြိုင်ရာတွင် စက်တင်ဘာ ၆ ရက် အုပ်စု ပွဲစဉ်အဖွင့်၌ ကာဂျစ္စတန် အသင်းဖြင့်လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ကာတာအသင်းဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် အိမ်ရှင် တောင်ကိုရီးယား အသင်းတို့ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
Published_ 4 September 2023
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အတွင်း စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ၆ဘီးယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် မြန်မာနိုင်ငံသား သားအဖ (၂) ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံအတွင်းရှိ သတင်းဌာန တစ်ခု မှ သိရသည်။
မဲဆောက်မြို့၊ အမှတ် ၁ နယ်မြေ၊ ခန်းခိဘန်ကျေးရွာရှိ လမ်းဆုံတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသား မောင်းလာသည့် ၆ ဘီးယာဉ် မှ နောက်သို့ ကားဘက်ဆုတ်ရာ မှ အနောက်က လာသည့် မြန်မာနိုင်ငံသား မိသားစု စီးလာသည့် ဆိုင်ကယ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ် တိုက်မှု ကြောင့် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသားအမိသားအဖ၃ဦးအနက် အမျိုးသားတစ်ဦးနှင့်၃ နှစ် အရွယ် ကလေးငယ် တို့ သေဆုံးခဲ့ပြီး မိခင် ဖြစ်သူမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိ ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့မဲဆောက်ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကာ ၆ ဘီးယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon Time
Published_ 4 September 2023
2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် စက်တင်ဘာ ၃ ရက် မနက်ပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ Changwon မြို့သို ရောက်ရှိခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံအဖွဲ့ချုပ်(MFF) က ထုတ်ပြန်ထားပါတယ်။
မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာ ၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲတွင် စတင် ကစား ရမှာဖြစ်ပါတယ်။
ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာတာအသင်းနှင့် စက်တင်ဘာ ၉ ရက်၊ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် တောင်ကိုရီးယားအသင်းနှင့် စက်တင်ဘာ ၁၂ ရက်တွင် ကစားရမှာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
Published_ 4 September 2023
လန်ချန်း-မဲခေါင် သစ်သီးပွဲတော်တွင် မြန်မာ့သစ်သီးများဖြစ်သောထောပတ်သီး၊ သရက်သီး၊ သလဲသီးနှင့် မြန်မာ့ထွက်ကုန်ကော်ဖီ၊ လက်ဖက်ရည်၊ ထန်းလျက်၊ လက်ဖက်ခြောက်တို့ကိုပြခန်းဖြင့်ပြသခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ပေကျင်းမြို့၊ Shenglu Vineyard Beijing ၌ ကျင်းပခဲ့သည့် တတိယအကြိမ် လန်ချန်း-မဲခေါင်သစ်သီးပွဲတော်ကျင်းပခဲ့ရာတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။
ယင်းသစ်သီးပွဲဝောာ် ဖွင့်ပွဲအခမ်းအနားသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
အဆိုပါ သစ်သီးပွဲတော်ကို တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အသီးထွက်ကုန်များအပါအဝင် ထွက်ကုန်ပစ္စည်းများပြသခဲ့သည့်အပြင် တရုတ်နိုင်ငံ၊ ဒေသ အသီးသီးမှလည်း ဒေသထွက်သီးနှံများကို ပြသခဲ့သည်။
အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တရုတ်နိုင်ငံ၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ လန်ချန်း-မဲခေါင် အတွင်းရေးမှူးချုပ်ရုံးမှ Counsellor ၊ ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ လက်ထောက် အမြဲတမ်းအတွင်းဝန်နှင့် တရုတ်နိုင်ငံ၊ သစ်သီးဖြန့်ဖြူးရေးဈေးကွက်အသင်း၏ ဒုတိယဥက္ကဋ္ဌ တို့အသီးသီးတက်ရောက်ခဲ့ ကြောင်းသိရသည်။
Yangon-Time/tthl
#Local_News
#YMG #Yangon_Times
Published_ 4 September 2023
ကရင်ပြည်နယ် ၊ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို Drone ၂ စီး ဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့်နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက် ည ၇ နာရီခန့်က မြဝတီမြို့၏အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မှ KNLA နှင့် PDF တို့က Drone ၂ စီး ဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦအချို့လည်း ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
#Local_News
Published 4 September 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များက အချက် ၅ ချက် ကို ဆွေးနွေး၍ သဘောတူလက်မှတ်ထိုးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် စက်တင်ဘာလ ၂ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) တွင် အထက်ပါအတိုင်း လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ယင်းအချက် ၅ ချက်မှာ ရေကြောင်းလုံခြုံရေး ၊ နှစ်နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စ ၊ နှစ်နိုင်ငံရေ တပ်စစ်ရေယာဉ်များနှင့် အရာရှိ စစ်သည်များ အပြန် အလှန် အလည်အပတ်ခရီးစဉ် ဆိုင်ရာ ကိစ္စ၊ သတင်း အချက် အလက် ဖလှယ် ခြင်း ဆိုင်ရာကိစ္စများနှင့် ပင်လယ်ပြင် ညစ်ညမ်းမှုကာ ကွယ်ရေးဆိုင် ရာကိစ္စများ ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ-ဘင်္ဂလားဒေ့ရှ် #သဘောတူလက်မှတ်ထိုးခဲ့
#Yangon_Times/PP
Page 767 of 1899