ရန်ကုန်အပြင် ဒေသ(၁၁)ခုတွင် စားအုန်းဆီဈေး သက်သာစွာရောင်းပေးထား
‘မုံရွာအတွက်က အခုပထမဦးဆုံးအကြိမ်အဖြစ် ရည်ညွှန်းလက်ကားဈေးအတိုင်း စားအုန်းဆီပေပါ (၁၇၀)ရရှိထားတာဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ် တစ်ပိဿကိုကျပ်(၄၀၀) အမြတ်(၂)ရာခိုင်နှုန်းပေါင်းပြီးကျပ် (၄၇၀၀) (၄၈၀၀)ဝန်းကျင်နဲ့ ပြန်ရောင်းပေးသွားမှာဖြစ်တယ်’ မုံရွာမြို့အခြေစိုက် ဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
Published_ 7 September 2023
မြဝတီ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ကို စက်တင်ဘာ ၂ရက်မှ ၄ ရက် အထိ ပို့ကုန်၊သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ၁၅ဒသမ၅၁၃ သန်း အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံ ပိုင်သတင်းစာ ၏ ထုတ်ပြန်ကြေညာချက် အရ သိရသည်။
ပို့ ကုန်တင်ပို့ မှု အနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ပြောင်း၊ငရုတ်၊ဂေါ်ဖီ၊နှမ်း၊ကြက်သွန်နီ၊ကွမ်းရွက်၊ကွမ်းသီးခြောက်နှင့်ရေထွက် ပစ္စည်းများ ဖြစ်သည့် ခုံး၊ကဏန်း၊ငါးမြွေထိုး ငါးခွေးလျှာ ၊ငါးကြင်းဆီဖောင်းတို့ကို အမေရိကန်ဒေါ်လာ ၃ဒသမ ၁၄၂သန်းဖိုးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သွင်းကုန်ပစ္စည်းများအနေဖြင့်တိရိစ္ဆာန်အစာ၊စက်ဘီး၊စက်ဘီးပိုပစ္စည်း၊အဝတ်အထည်၊စာရေး ကိရိယာများ ၊ကားအပိုပစ္စည်း၊ဆောက် လုပ်ရေး လုပ်ငန်းသုံးပစ္စည်း စက်ဆီ၊ချောဆီ၊အိမ်သုတ်ဆေး၊လျှပ်စစ်ပစ္စည်း၊အလှကုန်ပစ္စည်း၊ဆေးဝါးပစ္စည်းများ၊ဖိနပ်၊သစ်သီးမျိုစုံ၊အိမ်သုံးပစ္စည်းများလူသုံးကုန်ပစ္စည်းများ၊ဓါတ်မြေသြဇာနှင့်ငါးဖမ်းပစ္စည်း စသည့် တို့ ကို ၁၂ဒသမ၃၇၁သန်းဖိုး
တင်သွင်းနိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။
လက်တလောတွင် ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင် ကျယ်စွာ ဆောင်ရွက်လာတာကြောင့်စားသောက်ကုန်ကုန်ကြမ်းဝယ်လိုအားမြင့်တတ်ကြောင်းထု့ိကြောင့်ပုတ်သိုးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ နှင့် ကုန်စိမ်းပို့ ကုန်များ ကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး အတွက် လိုင်စင်ထုတ်ပေးခြင်း၊ကုန်ပစ္စည်း စစ်ဆေးမှု များ ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် လတွင်လည်း မြဝတီ အာရှလမ်း မြေပြိုကျမှု ဖြစ်ခဲ့သော်လည်း ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန် မှပို့ကုန်၊သွင်းကုန်အမေရိကန်ဒေါ်လာ ၅၅သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times
၆ စက်တင်ဘာ ၂၀၂၃
နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ အမ်ဒီ မွန်ဝါဟိုစိန်းDr. Md. Monwar Hossain နှင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှင်နှစ်နိုင်ငံအကြား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး သည် စက်တင်ဘာ ၆ ရက် မနက်က နေပြည်တော်ရှိ နစကဘ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌သူ၏ သံအမတ် ခန့်အပ်လွှာ ကို ပေးအပ်ပြီးနောက် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအပြင် နိုင်ငံတော်ဝန်ကြီးချုပ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက် ရေးနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊နယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေ ရေးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများနှင့်စပ်လျဉ်းပြီးဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်းသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန် တို့ တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။
-ymg/knl
#Daily_News
Published_ 6 September 2023
၁။ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း UEC မှ နိုင်ငံရေးပါတီ (၃၆)ပါတီကို မိတ်ဆက် လက်တွေ့သရုပ်ပြခဲ့
၂။ ကိုရီးယားနိုင်ငံသို့ ရာသီချိန် လုပ်သားစေလွှတ်ဖို့ လတ်တလောအစီစဥ်မရှိသေးဘူးလို့အလုပ်သမားဝန်ကြီးဌာနပြော
၃။ ငမိုးရိပ်ရေလှောင်တမံအပါအဝင် ရေလှောင်တမံသုံးခု ရေပိုလွှဲမှ ရေစတင်ကျော်ပါက အရေးပေါ်အခြေအနေအဆင့်(၁) အဖြစ် သတ်မှတ်မည်
၄။ ဘာလင်မြို့တွင် ကျင်းပတဲ့ သုံးစွဲသူအီလက်ထရွန်နစ်ပစ္စည်းပြပွဲတွင် စွမ်းအင်ချွေတာရေးအဆင့်မြင့် အိမ်သုံးပစ္စည်းများအား အဓိကထားပြသလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ယခုလ ကျင်းပမည့် အာရှအားကစားပွဲတော်တွင် မြန်မာ့အမျိုးသမီးဘောလုံးအသင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ရရှိထား
#Yangon_Times/MY
#Local_News
#Published_ 6 September 2023
#YMG #Yangon_Times
ညောင်ဦးတွင် ရေကြီးနိုင်၍ ကူညီကယ်ဆယ်ရေးအသင့်ပြင်ထား
‘ ညောင်ဦးမှာ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ရောက်နေပါတယ်။လောလောဆယ်တော့ ကမ်းနားမြေနိမ့်ပိုင်းရပ်ကွက်အချို့မှာ ရေဝင်တာနဲ့ရပ်ကွက်သွားလမ်းတွေပေါ်ပဲ ရေရောက်ရှိတာတွေပဲရှိသေးပြီး စိုးရိမ်စရာအခြေအနေမရှိသေးဘူး။ရေကင်းတွေပတ်ပြီး အရေးပေါ်ပြောင်းရွေ့ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်’ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 6 September 2023
#YMG #Yangon_Times
Published_ 6 September 2023
ယနေ့ စက်တင်ဘာ(၆)ရက်မှစ၍ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအပါအဝင် ပြောင်း လဲခြင်းများနှင့် နယ်ဝင်ယာဉ်စစ်ဆေးခြင်းများကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က သိရသည်။
ထို့သို့ စစ်ဆေးရာတွင် ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ အင်ဂျင်ပြောင်း၊ ဆေးရောင်ပြောင်း၊ ကိုယ်ထည်ပြောင်းစသည့် ပြောင်းလဲခြင်းများနှင့် နယ်ဝင်မော်တော် ယာဉ်စစ်ဆေးခြင်း(ဆိုင်ကယ်မပါ)တို့ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန အနေဖြင့် ၂၀၂၁ မတ် ၂၂ ရက် မှ ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးသည်တင်ယာဉ်များကိုသာ Road Safety ဖြစ်ရန် စစ်ဆေးပေးခဲ့သည်ဟုသိရသည်။
အဆိုပါ ကာလအတွင်း အခြားမော်တော် ယာဉ်နှင့်ဆိုင်ကယ်များအားလုံးကို စစ်ဆေးခြင်းမပြုဘဲ၊ နှစ်လဲသက်တမ်းတိုးဆောင်ရွက်ခြင်းများကို ၂နှစ် ၆လ အတွင်း (၈)ကြိမ် စစ်ဆေးခြင်းကင်းလွှတ်ခွင့် ပြုခဲ့ကြောင်း ကညနက အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် ယနေ့မှစ၍ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအပါအဝင် နယ်ဝင်ယာဉ်စစ်ဆေးခြင်းများကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/my
#Local_News
#MG #Yangon_Times
Page 761 of 1899