Published_ 9 September 2023
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ စမွတ်စခွန်မြို့၊ ထားဆိုင်ကျေးရွာအုပ်စု မူထိ (၇) ထားဆိုင် ယူနီယံလမ်းသွယ်တွင် မြန်မာအလုပ်သမား လူငယ်အချင်းချင်း စကားများရာမှ သနတ်ကို ဆွဲထုတ်ပြီး ခြိမ်းခြောက် ပစ်ခတ်ခဲ့ကြောင်း ထိုင်းမီဒီယာ များ၏ ဖေါ်ပြချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူူ မရှိပေမယ့် အဆောက်အဦး
ကို ထိမှန်ခဲ့ ပြီး အဆောက်အဦး ရှိ မှန်များ ကွဲသွားကြောင်း ၊အခင်းဖြစ်တဲ့ နေရာမှာ ၃၅ ဒသမ ၇ ကျည်ခေါင်း ၃ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိ တွင် ယင်းမြန်မာ အလုပ်သမား နှစ်ဦး ကို အဆောက်အအုံ၏ CCTV မှတ်တမ်းများနဲ့အတူ အဆောက်အဦးပိုင်ရှင်က တိုင်ကြားထားပြီး ထိုင်းဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ထိုင်းအာဏပိုင်များ က လိုက်လံ ရှာဖွေနေကြောင်း သတင်းတွင် ဖေါ်ထားချက်အရ သိရသည်။
#Yangon_Times/LW
#Local_News
#YMG #Yangon_Times
Published_ 9 September 2023
မြန်မာနိုင်ငံသို့ဝင်ရောက်လာသော ပြည်ပခရီးသွားများအနေဖြင့် ကိုဗစ်ဓာတ်ခွဲမှုအဖြေနှင့် ကာကွယ်ဆေးထိုး လက် မှတ်ပြသရန်မလိုအပ်တော့ဘဲ နိုင်ငံခြားခရီးသွားများအနေဖြင့် ကျန်းမာရေးအာမခံကိုဝယ် ယူထား ကြောင်းအထောက်အထားများကိုသာပြသရမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။
အဆိုပါ ခရီးသွားများ အနေဖြင့် မြန်မာ့ အာမခံလုပ်ငန်းမှဝယ်ယူထားသည့် ကျန်းမာရေးအာမခံကိုဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံများမှ ဝယ်ယူလာသည့် ကျန်းမာရေးအာမခံ ကိုဖြစ်စေ ဝယ်ယူထားကြောင်း အထောက် အထားများကို သက်ဆိုင်ရာဝင်၊ထွက်ဂိတ်များရှိ ကျန်းမာရေးအရာရှိထံသို့ တင်ပြရမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့် ကပြောသည်။
သို့သော်လည်း ပြည်ပမှပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများ အနေဖြင့် ကျန်းမာရေးအာမခံပြသ ရန်မလိုအပ်တော့ဘဲ လေဆိပ်တွင်ကျန်းမာရေးစစ်ဆေး မှုများဆောင်ရွက်ချိန် ကိုဗစ်-၁၉ ရောဂါတွေ့ရှိပါက ဆေးရုံ၊ ကွာရန်တင်းစင်တာများ သို့ပို့ဆောင်၍ ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက်ပေးနေကြောင်း သိရသည်။
“အရင်တုန်းကဆိုရင် ဝင်ရောက်လာတဲ့ခရီးသည်တွေ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးလက်မှတ်ပြရတယ်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလက်မှတ်မပါရှိတဲ့ခရီး သည်တွေဆိုရင်တော့ ၄၈နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားတဲ့အဖြေပါရမယ် ဆိုတာရှိပါတယ်။
အဲဒါကို အခုနောက်ပိုင်းအနေနဲ့ ကိုဗစ်-၁၉ရောဂါ အနေနဲ့ ဓာတ်ခွဲစမ်း သပ်မှုအဖြေရော၊ ကာကွယ်ဆေးထိုးလက်မှတ်လည်းမလိုတော့ပါဘူး။ ဒါပေမဲ့ နိုင်ငံတ ကာကနေလာတဲ့ခရီးသည်တွေအနေနဲ့မြန်မာနိုင်ငံကိုလာရောက်စဉ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ဖြစ်၊ အခြားကျန်းမာရေးပြဿနာတွေဖြစ်ဖြစ် ဖြစ်ပွားခဲ့ရင် သူတို့အနေနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာ အာမခံကို သတ်မှတ်ထားပါတယ်”ဟု ယင်းကဆိုသည်။
ကိုဗစ်၁၉ရောဂါဖြစ်ပွားမှုလည်းကျဆင်းလာပြီဖြစ်သည့်အတွက်နိုင်ငံ၏့ခရီးသွားလုပ်ငန်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နိုင်ငံတကာနှင့်နယ်စပ်ဒေသများမှ ဝင် ရောက်လာသည့်ခရီးသွားပြည်သူများအတွက် ပြည် သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ် ချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဖြေလျော့ပေးမှုများ ဆောင်ရွက် လျက်ရှိ ကြောင်းလည်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
အာရှအားကစားပွဲတော်တွင် လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလားအဆင့်ဝင် အသင်းများဖြင့် ယှဉ်ပြိုင်ရမည်
မြန်မာအသင်းအနေနဲ့ အုပ်စုအဆင့်မှာ ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်းတို့နဲ့ တွေ့ဆုံရမည်
#Yangon_Times/MY
#Published_ 9 September 2023
#Local_News
#YMG #Yangon_Times
ထိုင်းအလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ရန်ကုန်မြို့ မြောက်ဒဂုံအလုပ်သမားရုံးတွင်သာ ချုပ်ဆိုရတော့မည်။
ထိုင်းနိုင်ငံကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေ ချုပ်ဆိုရတဲ့အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို ယခင်လို တိုင်းနှင့်ပြည်နယ်အလိုက် သွားရောက် မချုပ်ဆိုရတော့ဘဲ ရန်ကုန်မြို့ရှိ မြောက်ဒဂုံ အလုပ်သမားသင်တန်းကျောင်းမှာသာ ချုပ်ဆိုရတော့မှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
#Yangon_Times/LW
#Published_ 9 September 2023
#Local_News
#YMG #Yangon_Times
အဘထွက်ပွဲအတွက် ရှမ်းအိုးစည်များ ပစ္စည်းပြတ်သည့်အထိ ရောင်းရ
‘ အဘအောင်မင်းခေါင်ထွက်ပွဲအတွက် ရှမ်းအိုးစည်တွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းချနေရပါတယ်။ ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းစတဲ့ဒေသတွေကလည်း ရှမ်းအိုးစည်အော်ဒါတွေမှာယူနေတယ်’ ဒို့ဗမာ အိုးစည်ဒိုးပတ်ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Published_ 9 September 2023
#Local_News
#YMG #Yangon_Times
Published 9 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ် ၊၂ရပ်ကွက် ဘားလမ်း အလယ်ဘလောက်ရှိ မူဆလင်ဆေးရုံ မီးလောင်မှု ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
စက်တင်ဘာ ၉ရက် နေ့လည် ၁နာရီ ၃၅မိနစ် ခန့် တွင် စတင်လောင်ခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ ငြိမ်းသတ်ခဲ့ရာ ၁နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
'' ဝါယာရှော့က လောင်တယ် လို့တော့ ကြားတာပဲ ကားလမ်းတွေလဲ ပိတ်နေတယ်၊လူထိခိုက်တယ်တော့ မကြားမိဘူး''ဟု အနီးနေထိုင်သူတစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရူံးမှုများကို သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon_Times
Published_ 9 September 2023
အလုပ်သမားဝန်ကြီးဌာန၊လူမှုဖူလုံရေး အဖွဲ့မှ အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာ တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိတွင် အာမခံ အလုပ်သမား လူနာပေါင်း၆သိန်းကျော် ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ၏ထုတ်ပြန်ချက် သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တွင် အကျုံးဝင် အာမခံအလုပ်သမား ၈၉၀၀၀၀ ကျော်ရှိပြီးအဆိုပါ အာမခံအလုပ်သမားများ ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀ ၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့ ဖွင့်လှစ် ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး
ယခုအခါ တွင် Fee For Service Payment ဆေးခန်း ၂၀ ၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သန်းပေါင်း ၄၂၇၀ ဒသမ ၀၉၃ သန်း ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times
Page 757 of 1899