၁၀ စက်တင်ဘာ ၂၀၂၃
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေးဆောင်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)ပြည်သူ့စစ်ဌာနခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
စက်တင်ဘာ ၁၀ရက် မနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတွေ့ဆုံရာမှာ ယခုလိုတိုက်တွန်း ခဲ့ခြင်းဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန် လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းများကောက်ယူခြင်း လုပ်ငန်းများကို ဆောင် ရွက် နိုင်မှာဖြစ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောဆို ပါတယ်။
ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့၏ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက် နေသည့်အဖွဲ့များဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုတယ်လို့လည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့် ပေးနေ သည့် အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်း အောင် တာဝန်သိစိတ်ဖြင့်တာဝန်ထမ်းဆောင်နေကြသူတွေဖြစ်တယ်လို့လည်းဗိုလ်ချူပ်မှူးကြီး က ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆို လျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းနေကြတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ထောက်ပြပြောဆိုခဲ့ပြီး ဒေသကိုအခြေခံ သည့် ဖက်ဒရယ်စနစ်သည်သာလျင် မြန်မာနိုင်ငံနှင့်အသင့်တော်ဆုံး ဖြစ်တယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။
အဲဒီ့အပြင်ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အနေ ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာ နိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒေသခံပြည်သူ့စစ်ခေါင်းဆောင်များကလည်း ဒေသတွင်း၌ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အချို့ ဒေသခံများအနေဖြင့် ဒေသ စွန့်ခွာတိမ်းရှောင်နေရသည့်အခြေအနေများ၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ပံ့ပိုးကူညီပေးဖို့၊ ဒေသ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် လွယ်ကူချောမွေ့ စေရေး ကူညီဆောင် ရွက်ပေးဖို့၊မုန်းဝန်းဗမာတိုင်းရင်းသားများဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် နှင့်တပ်မတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုစတဲ့အခြေအနေတွေကို တင်ပြခဲ့ ကြရာ ဗိုလ်ချူပ်မှူးကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲသို့ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဝေဆန်း (အငြိမ်းစား)၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့ စစ်ခေါင်း ဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့ စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင်တို့တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်(၁) စိုက်ပျိုး မွေးမြူရေးစခန်း သို့လည်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရှိရပါတယ်။
ထို့အပြင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်းသိရှိရပါတယ်။
-ymg/knl
ပုဂံဘုရားများပေါ်ရှိ အပင်များ ထပ်မံဖယ်ရှားရှင်းလင်းမည်
‘စက်တင်ဘာလထဲမှာ ပုဂံမြို့သစ်မှာရှိတဲ့ သင်္ဃရာဇာဘုရားစုရှိဘုရား(၅)ဆူပေါ်မှာ ပေါက်ရောက်နေတဲ့ အပင်တွေကို ရှင်းလင်းဖယ်ရှားသွားမှာဖြစ်တယ်’ Bagan Heritage Trustအဖွဲ့ တွဲဖက်အတွင်းရေးမှူး
#Yangon_Times/tthl
#Published_ 9 September 2023
#Local_News
#YMG #Yangon_Times
ကုန်ကြမ်းဈေးမြင့်တက်နေပြီး ဘဲဥဈေးမတည်ငြိမ်မှုကြောင့် လုပ်ငန်းရှင်များ အခက်ကြုံနေဟုဆို
နိုင်ငံတော်အနေနဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ ချေးငွေထုတ်ပေးမယ်ဆိုရင် ဘဲမွေးမြူရေးလုပ်ငန်း တွင်ကျယ်လာနိုင်
#Yangon_Times/MY
#Published_ 9 September 2023
#Local_News
#YMG #Yangon_Times
၉ စက်တင်ဘာ ၂၀၂၃
စားသုံးဆီဈေးနှုန်းများကြီးမြင့်ခဲ့တဲ့အတွက် ထိုက်သင့်သည့် အရေးယူမှုတွေကို ဆောင်ရွက်ခဲ့ရတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ ၉ရက် မနက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား တဲ့အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယခုလို အသိပေးပြောကြားခဲ့တာဖြစ်တဲ့အကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
စားသုံးဆီဈေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံ တော်အနေဖြင့် ကြပ်မတ်စီမံဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ် များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့်ဈေးထက် မြင့်မားခဲ့တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။ ယခုအခါ ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် ဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက ဆက် လက်ပြောဆိုပါတယ်။
ယင်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများ ပိုမို ကောင်းမွန်လာစေရေးအတွက် လားရှိုးလေဆိပ်၊ လေယာဉ် ပြေးလမ်းကို ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် ပြေးလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌက သွားရောက်စစ်ဆေး ကြည့်ရှုခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချူပ်မှူးကြီးက “လားရှိုး-မန္တလေး ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သကဲ့သို့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ရထား လမ်းဖောက်လုပ်နိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ကားလမ်းကိုလည်း လေးလမ်း သွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိ ပြီး ဆက်လက်၍လည်း ခြောက် လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမယ် လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဒေသခံတွေကိုအသိပေးပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ပြည်နယ် အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)မှ တာဝန်ရှိသူများ၊ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြိုမိမြို့ဖများက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်များနှင့် ဆောင်ရွက်ပေးရန်လိုအပ်သည်များကိုတင်ပြခဲ့ကြပါတယ်။ အဲဒီတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးတွေက တစ်ခုချင်းအလိုက်ပြန်လည်ရှင်းလင်းခဲ့ကြတယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစော ဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကအသိပေးပြောဆိုခဲ့တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ဒီမိုကရေစီလမ်းကြောင်း ပေါ်၌လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်” လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
ထို့အပြင်နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၉ရက် မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ အား တွေ့ဆုံခဲ့ပြီး နိုင်ငံရေး၊စီးပွားရေးနှင့်ကာကွယ်ရေးကိစ္စတွေ လမ်းညွှန်မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Daily_News
Published_ 9 September 2023
၁။ အဘအောင်မင်းခေါင် ထွက်ပွဲအတွက် ရှမ်းအိုးစည်များ ပစ္စည်းပြတ်သည့်အထိ အရောင်းသွက်နေ
၂။ ထိုင်း MOU အလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ရန်ကုန်မြို့ မြောက်ဒဂုံအလုပ်သမားရုံးတွင်သာ ချုပ်ဆိုရတော့မည်
၃။ အာရှအားကစားပွဲတော်တွင် လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလားအဆင့်ဝင် အသင်းများဖြင့် ယှဉ်ပြိုင်ရမည်
၄။ ဗြိတိန်နိုင်ငံ၏ နာမည်ကျော် ဘာမင်ဂမ်မြို့ ဒေဝါလီခံလိုက်ရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 9 September 2023
EVဘက်ထရီများကိုစနစ်တကျသုံးစွဲရန်နှင့်ဘေးကင်းစွာစွန့်ပစ်ရန်အတွက်လုပ်ငန်းစဉ်များအလိုက် စည်းကမ်းချက်များသတ်မှတ်ရန်ရှိကြောင်းသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့စည်းကမ်းချက်များသတ်မှတ်ရန်ရှိကြောင်းကို EVဘက်ထရီများနှင့်ပတ်သက်၍ EVဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးကယခုလိုထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင်ဒုတိယဝန်ကြီးကEVဘက်ထရီများကိုစနစ်တကျသုံးစွဲနိုင်ရေးလိုအပ်ကြောင်း၊စွန့်ပစ် ပစ္စည်းများမှ ပြည်သူ့ကျန်းမာရေးနှင့်နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုးထိခိုက်မှုများ လျှော့ ချနိုင်ရေးအတွက်လည်းကောင်း၊EVဘက်ထရီထုတ်လုပ်ရေးဆိုင်ရာသယံဇာတရင်းမြစ်များသည် အကန့် အသတ်ရှိသောကြောင့်အချိန်မတိုင်မီစွန့်ပစ်ခြင်းမှကြိုတင်ကာကွယ်ခြင်း၊ပထမသက်တမ်းအသုံးပြုပြီး သားဘက်ထရီဆဲလ်များကိုဒုတိယသက်တမ်းတွင်ပြန်လည်အသုံးပြုခြင်း၊စွမ်းအင်အတွက် ဘက်ထရီပစ္စည်းများကိုအသုံးပြုခြင်း၊ဘက်ထရီများရှိအဖိုးတန်ပစ္စည်းများလုံးဝကုန်ဆုံးသွားမှသာ စွန့်ပစ်ခြင်းတို့အတွက်လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့်လိုက်နာရမည့်အချက်(မူကြမ်း) များကိုအမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးရေးဦးဆောင်ကော်မတီထံ တင်ပြဆောင်ရွက်သွားရန်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် EVဆိုင်ရာစံချိန်စံညွှန်း(၁၈)ခုတို့ကိုသတ်မှတ်ပြဌာန်းခဲ့ပြီဖြစ်ပြီး EVဘက်ထရီအတွက် (၆)ခု ပါဝင်ကြောင်း၊EVဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာသုတေသန၊နည်းပညာနှင့်HRဖွံ့ဖြိုးရေး လုပ်ငန်းများ၊EVသုံးစွဲသူပြည်သူများ၏လက်ဝယ်အရောက်ဘက်ထရီသက်တမ်းကြာရှည်ခံစွာ သုံးစွဲမှုဆိုင်ရာများ၊ဘေးကင်းစွာထိန်းသိမ်းမှုနှင့်စွန့်ပစ်မှုဆိုင်ရာလုပ်ငန်းစဉ်များ၊အသိပညာဖြန့်ဝေပေး ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times
Published_ 9 September 2023
အာရှအားကစားပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ စမွတ်ပရာကန်သို့ သွားရောက်၍ ထိုင်းအသင်းများဖြင့် လေ့ကျင့်ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။
မြန်မာအသင်းသည် ယခုလ စက်တင်ဘာ (၁၀)ရက်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာ၍ ခြေစမ်းပွဲ (၂)ပွဲ ကစားမည်ဖြစ်ပြီး စက်တင်ဘာ (၁၃)ရက်တွင် ဝစ်စူထီဝါရာရမ် ယူ-၁၅သင်း နှင့် လည်းကောင်း၊ စက်တင်ဘာ (၁၅ )ရက်တွင် ထိုင်းလက်ရွေးစင် အမျိုး သမီးအသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။
ယင်းအတွက် အသင်း၏ လက်ရွေးစင်ကစားသမားများကိုလည်း ရွေးချယ်ပြီးစီးခဲ့ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်းအနေဖြင့်
ဂိုးသမား မေဇင်နွယ်၊မျိုးမြမြငြိမ်း၊မေဦးခင်၊ထက်အိန္ဒြာလင်း
နောက်တန်း ကစားသမား ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖွေး၊ခိုင်သဇင်၊ယုယုနိုင်၊ အိအိကျော်၊ မေသက်မွန်မြင့်၊ငယ်ငယ်ထွေး၊ဖြူဖြူဝင်းတို့ဖြစ်သည်။
ထို့အပြင် အလယ်တန်း ကစားသမား ခင်မိုမိုထွန်း၊ဝင်းဝင်း၊ပုံ့ပုံ့ပြည့်မောင်၊နော်ထက်ထက်ဝေ၊ဝေဖူးအိမ်နှင့်
ရှေ့တန်း-ကစားသမား မြတ်နိုးခင်၊စန်းသော်သော်၊ဂျူလိုင်ကျော်၊ယဉ်လွန်းအိမ်၊ဇင်မိုးပြည့်၊ယွန်းဝတီလှိုင်၊ဝင်းသိင်္ဂီထွန်းတို့ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးဘောလုံအသင်းအနေဖြင့် အာရှအားကစားပွဲတွင်နိုင်ငံဂုဏ်ဆောင်နိုင်ရန်အတွက် ပြည်တွင်းခြေစမ်းပွဲများအပြင် ယခုကဲ့သို့ ပြည်ပသို့ထွက်ခွာ၍ ခြေစမ်းပွဲများ ကစားကာ လေ့ကျင်ပြင်ဆင်နေခြင်းဖြစ်သည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times
Page 756 of 1899