#Local_News
Published_ 14 September 2023
Taxi များ အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တစ်ပြေးညီ တပ်ဆင်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များမှာ အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာတပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃ (က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင်ဆိုင်းဘုတ်မီးအိမ်တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ် ၊ ညာ ညီညာစွာ တပ်ဆင်ထား ရှိရမည်ဖြစ်ကြောင်းသိရသည်။
ယင်းကို စက်တင်ဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၈ ရက်ထိ ပညာ ပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးကာလရက်ပေါင်း (၉၀) ပြီးဆုံးသည့် နောက်တစ်နေ့ ဒီဇင်ဘာလ ၉ ရက်မှစတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။
#Local_News #Taxi #အဖြူရောင်ဆိုင်းဘုတ်မီးအိမ်
#Yangon_Times/PP
#Local_News
Published_ 14 September 2023
ဝတ်မှုန်ရွှေရည်နှင့်ရုပ်ဆင်တူသည့် TikTokဆယ်လီ သရုပ်ဆောင်၊Makeup Artist သျှားမင်းပိုင်မိသားစုနှင့်အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း သူ၏သူငယ်ချင်းလည်းဖြစ်ဓာတ်ပုံဆရာလည်းဖြစ်သူတစ်ဦးထံမှ သိရသည်။
သျှားမင်းပိုင်ပျောက်ဆုံးနေသည်မှာ စက်တင်ဘာလ(၉)ရက်မှ စပျောက်ဆုံးခြင်းဖြစ်ပြီး ယခုစက်တင်ဘာလ(၁၄)ရက်ဆိုရင် ငါးရက်ရှိပြီဖြစ်သည်။
"သူ့ဇာတိက မြန်အောင်ကပါ။ ရန်ကုန်ကို အလုပ်အတွက်လာရောက်တာပါ။ အင်းစိန်မုဒိတာအိမ်ရာက သူငယ်ချင်းတွေဆီသွားရင်း သူရော သူ့သူငယ်ချင်းတွေပါပျောက်ဆုံးသွားတာပါခင်ဗျ။ သူ့မိသားစုဝင်တွေကတော့ လူပျောက်အမှုဖွင့်ထားလားတော့ မသိပါဘူးခင်ဗျ။ စက်တင်ဘာ ၉ ရက် ညနေပိုင်းကတည်းက အားလုံးနဲ့ အဆက်အသွယ်ပြတ်နေတာပါ။ မိသားစုဝင်တွေရော သူငယ်ချင်းတွေရော အားလုံးလည်း စိတ်ပူနေကြပါတယ်"ဟု သျှားမင်းပိုင်၏သူငယ်ချင်းဖြစ်သူက YMG ကို အတည်ပြုပြောသည်။
သျှားမင်းပိုင်၏ ဓာတ်ပုံဆရာ၊ အတူသရုပ်ဆောင်ကြသည့်အနုပညာရှင်များ၏ Page တွင်လည်း ပျောက်ဆုံးနေကြောင်း တင်ထားပြီး ဖုန်းအဆက်အသွယ်စာအဆက်အသွယ်မရသေးသဖြင့် စိတ်ပူနေကြောင်း၊ အမြန်ဆုံးပြန်ဆက်သွယ်ရန်နှင့် တွေ့ရှိသူများအနေဖြင့် ဖုန်း0978667385 သိုဆက်သွယ်ပေးရန် ဖော်ပြထားကြောင်းလည်း သိရသည်။
#tthl #Local_News #ဝတ်မှုန်ရွှေရည်နှင့်ရုပ်ဆင်တူ #TikTok ဆယ်လီ #ပျောက်ဆုံးနေ
#Yangon_Times
အခုနှစ် အထက်အညာ ဒေသတွေမှာ မိုးရွာသွန်းမှုများ တဲ့ အတွက် ထန်းရေ ထွက်ရှိမှု များပေမယ့် ထန်းတက်လုပ်သားနည်းနေတာကြောင့် အချိုထန်းပင်တွေရာသီကုန်တဲ့အထိကိုထန်းရည်မချနိုင်ခဲ့ဘူးလို့ဆိုပါတယ်
Published_ 14 September 2023
#ထန်းတက်လုပ်သား #ထန်းလျက်ဈေးကွက်
#YMG/LW
#Yangon_Times
‘ပုဂ္ဂလိကပညာရေးဥပဒေမှာတော့ ပုဂ္ဂလိကကျောင်းတွေမှာ ကလေးငယ်တွေကျန်းမာရေးအတွက် အစိုးရအခြေခံပညာကျောင်းတွေကဲ့သို့ ကျယ်ဝန်းတဲ့ စာသင်ခန်းတွေ၊ကျောင်းဝန်းတွေရှိဖို့ လိုအပ်တယ်လို့ပြဌာန်းထားပါတယ်။ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ပုဂ္ဂလိကကျောင်း သုံးပုံနှစ်ပုံဟာပြန်ပြင်ရမှာဖြစ်ပါတယ်’ ဦးနေအုပ်၊ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းဥက္ကဌ
Published_ 14 September 2023
#ရန်ကုန်ရှိပုဂ္ဂလိကကျောင်း #တိုက်ခန်းကျဉ်းများ
#tthl #Yangon_Times
#Local_News
Published _14 September 2023
(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(20th AACC)ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှိ ပတ္တမြားခန်းမ၌ စက်တင်ဘာလ ၁၃ ရက်က ပြုလုပ်ရာ အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brig.Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတက်ရောက်ရန် စက်တင်ဘာလ ၁၂ ရက်က ရောက်ရှိခဲ့ကြခြင်း ဖြစ်ပြီး တက်ရောက်လာသော နိုင်ငံများနှင့် နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ယင်းတွေ့ဆုံစဉ် အာဆီယံလေတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် " ASEAN Air Forces’ Cooperation for Sustainable Environment "အကြောင်းအရာကို အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အသီးသီး ဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြကာ သီးခြား ဆွေးနွေးလိုသော အချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေး၍ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြကြောင်း သိရသည်။
(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC ) ကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် သဘာပတိ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် က (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်မှ ၉ ရက်ထိ(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC) ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၁၀)ကြိမ်မြောက် အာဆီယံလေတပ်များပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး 10th ASEAN Air Forces Education and Training – Working Group Meeting( 10th AAFET-WG ) ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။
အဆိုပါအခမ်းအနားသို့ အာဆီယံ ၁၀ နိုင်ငံ လေတပ်များ၏ တက်ရောက်လာကြသော ကိုယ်စားလှယ်များက “Advancing Education and Training Exchanges for Sustainable Environment Amongst ASEAN Air Forces” အကြောင်းအရာကိုလည်း ဆွေးနွေးခဲ့ကြသေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကသိရသည်။
(၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (11th AACC) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သေးသည်။
#Local_News #အကြိမ်၂၀မြောက် #အာဆီယံလေတပ်ဦးစီးချုပ်
#Yangon_Times / PP
#Local_News
Published_ 14 September 2023
ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ အန်ထောင် - အယုဒ္ဓယ အဝေးပြေးကားလမ်းပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာသည့်ယာဉ်တစ်စီးကို ဖမ်းမိခဲ့ကြောင်း ထိုင်းနိုင်ငံ အတွင်းရှိ သတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ယာဉ်မှာ အယုဒ္ဓယအဝေးပြေးကားလမ်း မပေါ်တွင် ထိုင်းရဲများက မသင်္ကာတာကြောင့် တားဆီးသော်လည်း မရပ်ပေးဘဲ မောင်းပြေးတာကြောင့် တာယာ၃ လုံးကွဲတဲ့အထိ ဖြစ်ကာ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများမှာ မဲဆောက်မြို့မှတစ်ဆင့် အယုဒ္ဓယပြည်နယ်ကို လာခြင်း ဖြစ်ပြီး ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ပေးခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးနှင့်ယာဉ်မောင်း ထိုင်းနိုင်ငံသားကို ထိုင်းနိုင်ငံဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။
#YMG/LW #Local_News #ထိုင်းနိုင်ငံအတွင်း #တရားမဝင်ဝင်ရောက်
#Yangon_Times
#Local_News
Published_ 14 September 2023
တောင်ကိုးရီးယားနိုင်ငံသို့ စက်တင်ဘာလအတွင်း EPS စနစ်ဖြင့် ၄ ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၆၀၀ ခန့်စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို စက်တင်ဘာ ၁၃ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦးကို စက်တင်ဘာလ ၁၂ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၂ဦးကို စက်တင်ဘာလ ၅ရက်တွင် လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။
အဆိုပါ အလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်း သိရသည်။
#Local_News #EPS စနစ် #မြန်မာလုပ်သား
#Yangon-Times/PP
Page 750 of 1899