#Local_News
Published 26 Setember 2023
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းအရှေ့ ရှိ BOCမှတ်တိုင်အနီးတွင် YBS ခရီးသည်တင်ယာဉ်နဲ့ အခြားယာဉ်တစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရသည်။
ကြို့ကုန်းအရှေ့၊ BOC မှတ်တိုင်အနီးမှာ ဒီကနေ့ စက်တင်ဘာ ၂၆ မနက် ၈ နာရီခွဲလောက်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူညပ်နေကြောင်း ကြားသိရတာကြောင့် အင်းစိန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းများ က ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ဆီက သိရသည်။
အဆိုပါ ကားအတွင်းညပ်နေသည့်လူနာကိုနံနက် ၉ နာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးစိုးရိမ်ရအခြေနေရှိကြောင်းသိရသည်။
#Local_News #အင်းစိန်ကြို့ကုန်း #ခရီးသည်တင်ယာဉ်နှင့်အခြားယာဉ်တိုက်မိ
#YMG/LW #Yangon_Times
#Local_News
Published_ 26 September 2023
ရွေး/ကော်အဖွဲ့ဝင် ဦးဘရန်ရှောင်နှင့် စီးပွား/ကူးသန်းဒုဝန်ကြီးဦးညွန့်အောင်တို့ကို တာဝန်မှအနားပေးလိုက်ကြောင်း နစကရဲ့ အမိန့်ထုတ်ပြချက်အရသိရပါတယ်။
လစ်လပ်သွားတဲ့ရွေး/ကော်အဖွဲ့ဝင်နေရာကို ဦးခင်ဇော်ကိုလည်းကောင်း၊စီးပွား/ကူးသန်းဒုဝန်ကြီးနေရာကို ဦးမင်းမင်းကိုလည်းကောင်း ခန့်အပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးကို တိုးချဲ့ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။
#Yangon_Times #YMG
#Local_News
Published_ 26 September 2023
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးနေရာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို ပြောင်းရွှေ့ခန့်အပ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးရဲ့ စီး/ကူးဝန်ကြီးနေရာကိုတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံဇာတ ဒုဝန်ကြီး ဦးထွန်းအုံကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့ပါတယ်။
#Yangon_Times #YMG
#Local_News
Published_ 26 September 2023
နစက ကောင်စီဝင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီးတာဝန်များထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို စစ်ဘက်မူလတာဝန်များထမ်းဆောင်ရန် နစက အမိန့်အမှတ် ၈၆/၂၀၂၃ ဖြင့် ယနေ့ စက်တင်ဘာ ၂၅ ရက်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
#Yangon_Times #YMG
#Local_News
Published_ 26 September 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ယနေ့စက်တင်ဘာ ၂၅ ရက်နေ့တွင်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နစကကောင်စီမှာ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချူပ်ကြီးစိုးထွဋ် တို့ ပါဝင်လာခြင်းမရှိတော့ဘဲ ယင်းနေရာတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ထည့်သွင်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ကျန်သူများ အပြောင်းအလဲ မရှိပါဘူး။
၂၀၂၃ခုနှစ် ဩဂုတ်လ(၂)ရက်နေ့တွင် နစကကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တစ်လနှင့် ၂၃ရက်အကြာတွင် ယခုလို အမိန့်အမှတ် ၈၅/၂၀၂၃ဖြင့် ထပ်မံပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
#Yangon_Times #YMG
#Daily_News
Published_ 25 September 2023
၁။ တိုက်ကြီးမြို့နယ်တွင် ငလျင်(၈)ကြိမ်လှုပ်ခဲ့၊ ပန်းတစ်ပွင့်တောင်ရှိ အဆောက်အဦးများထိခိုက်ခဲ့သော်လည်း ဖူးကြီးရေလှောင်ကန်မထိခိုက်
၂။ အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် မြန်မာများ၏ လစာအပေါ်အခွန်ကောက်ခံတော့မည်
၃။ ယခုတစ်ပတ် စားအုန်းဆီရည်ညွှန်းဈေးအနည်းငယ်ကျဆင်း၊ ဒေသ(၁၃)ခုတွင် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးထားဟုဆို
၄။ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး BYD အရှေ့တောင်အာရှဈေးကွက်တိုးချဲ့နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 25 September 2023
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တရားဝင်စာရွက်စာတမ်းအထောက်အထားမပြနိုင်သည့် တိုင်းရင်းဆေး ဒူးနာပျောက်ဆေး(၁၄၉)ဗူးနှင့်Hand Setခြောက်လုံး၊Electrical Spare Partsတစ်ခု ကျပ်(၄၅)သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ထုတ်ပြန်ချက် ချက်အရသိရသည်။
အဆိုပါပစ္စည်းများကို တာဝန်ကျအကောက်ခွန်အဖွဲ့များမှ သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ယင်းပစ္စည်းများအပြင် တနင်္သာရီတိုင်းတွင် တရားမဝင်ငါးဖမ်းစက်လှေစက်လှေပေါ်မှ ငါးသယ်ရေယာဉ်တစ်စီး ကိုလည်း ဖမ်းဆီးရမိသိမ်းဆည်းခဲ့သည်ဟုဖော်ပြထားသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် တရားမဝင်လူသုံးကုန်ပစ္စည်းများ၊လုပ်ငန်းသုံး ပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ယာဉ်များကိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် စက်တင်ဘာလ(၂၀)ရက်မှ (၂၂)ရက်အထိ သုံးရက်တာအတွင်း အမှုတွဲပေါင်း(၂၂)မှု သိမ်းဆည်းရမိခဲ့သည့် သိန်း(၄၄၀၀)ကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 730 of 1898