#Local_News
Published 27 Setember 2023
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ယနေ့စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက သုဝဏ္ဏတံတားအောက်ကမ်းစပ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။
အင်္ကျီအဖြူ၊ ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသည့် အသက်(၁၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသည် စက်တင်ဘာ (၂၅) ရက် ည (၆) နာရီကျော်ခန့်က ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သဖြင့် သုဝဏ္ဏပရဟိတ အသင်းနှင့် မိတ်ဖက်အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်တွင် ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။
"စပြီးခုန်ချသွားတဲ့ အချိန်ညပိုင်းထဲက ရှာဖွေခဲ့တာ နောက်နေ့ကျတော့ သူ့မိသားစုဝင်တွေ ဆက်သွယ်လာတယ်၊ ဒီနေ့မနက်မှာတော့ သုဝဏ္ဏတံတားအောက်ကမ်းစပ်မှာပြန်တွေ့တာပါ"ဟု သုဝဏ္ဏပရဟိတ အသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ပြန်လည်တွေ့ရှိခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား သုဝဏ္ဏပရဟိတအသင်းမှ ပြန်လည်ဆယ်ယူကာ ရင်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ငမိုးရိပ်တံတား #ရုပ်အလောင်း၃ရက်ကြာမှပြန်တွေ့
#YMG/LW #Yangon_Times
‘ဧည့်မထဆန်အိတ်ရေစုစုပေါင်း(၈၀)ခန့်ကိုကျပ်(၂၅၀၀)နဲ့ ရောင်းချပေးခဲ့ပါတယ်။ ဧည်မထ ဆန်ပြတ်သွားတဲ့အတွက် မဂျမ်းတောဆန်ကျပ်(၆၅၀၀)တန်ဆန်ကိုသူတို့လျှော့ပေးခိုင်းထားသလို ကျပ်(၅၅၀၀)နဲ့ရောင်းချပေးနေတယ်’ မန္တလေးရှိ ငွေလမင်းဆန်ပွဲရုံမှတာဝန်ရှိသူတစ်ဦး
Published_ 27 September 2023
#Local_News
#ငွေလမင်းဆန်ပွဲရုံ #မန္တလေးရှိဆန်ဆိုင်(၅၃)ဆိုင်
#tthl #Yangon_Times
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဟာ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်တဲ့ ဝန်ဆောင်မှုအမျိုးအစားဖြစ်တဲ့အတွက် ဆေးကုသမှုခံယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးသွင်းရန် မလိုအပ်ကြောင်း အခွန်ဦးစီးဌာနက အသိပေးချင်မှာ ဖေါ်ပြထားပါတယ်။
Published_ 27 September 2023
#Local_News
#ကျန်းမာရေးလုပ်ငန်း #ပြည်တွင်းအခွန်များဦးစီးဌာန
#YMG/LW #Yangon_Times
‘ရွှေတိဂုံစေတီတော်ကို ပြည်တွင်းခရီးသွားတွေဟာပုံမှန်နေ့ရက်တွေမှာတစ်ရက်ကို၂၀၀၀၀ခန့်၊ ပိတ်ရက်တွေမှာ တစ်ရက်ကို လူဦးရေ ၅၀၀၀၀မှ ၆၀၀၀၀ခန့်ဝင်ရောက်နေပြီး ပြည်ပခရီးသွားကတော့ တစ်ရက်ကို (၂၀၀)မှ (၃၀၀)ဦးခန့်ဝင်ရောက်တယ်’ ရွှေတိဂုံစေတီတော်ဂေါပအဖွဲ့ဝင်ဦးဘိုးသင်း
Published_ 27 September 2023
#Local_News
#ရွှေတိဂုံ #ပြည်တွင်းခရီးသွား #အိန္ဒိယဘုရားဖူးများ
#tthl #Yangon_Times
#Local_News
Published-27 September 2023
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သုသာန်တစ်ခုထဲတွင် မွေးကင်းစ ခလေးငယ် ၁ဦးကို စွန့်ပစ်ထားမှု ယမန်နေ့ကဖြစ်ခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက သိရသည်။
တာချီလိတ်မြို့သုသာန်တစ်ခုထဲတွင် မွေးကင်းစစွန့်ပစ်ထားသော မွေးကင်းစသမီးလေးအား တွေ့ရှိထားပါသဖြင့် ၎င်းကလေးအား ဦးလှမိုးတို့ မိုးမေတ္တာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် စောင့်ရှောက်ပေးပါရန် အကူညီတောင်းခံလာခဲ့၍ ချက်ချင်းသွားရောက်ပြီး ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
"သမီးလေးအတွက်လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပါမယ်၊ သမီးလေး၏ ဘဝတစ်ခုလုံးအတွက် မိဘမေတ္တာအပြည့်အဝပေးပြီး နွေးထွေးစွာ ထာဝရစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်"ဟု ဦးလှမိုး"တာချီလိတ်"လူ မှုကူညီရေးအသင်းကသိရသည်။
အဆိုပါအသင်းက နောက်နောင်တွင်လည်း ယခုကဲ့သို့ အဖြစ်မျိုးမလုပ်ကြဘဲ အသင်းထံ လာရောက် အပ်နှံကြရန် လည်းပြောကြားထားသည်။
#Local_News #တာချီလိတ် #သုသာန်တစ်ခုထဲတွင်လာရောက်စွန့်ပစ်
#Yangon_Times /PP
#Local_News
Published_ 27 September 2023
ယခုနှစ်၂၀၂၃ခုနှစ်အတွက် ယူနက်စကိုမှကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက်လူငယ်ဓာတ်ပုံပြိုင်ပွဲ ‘ပိုးလမ်းမ ပေါ်ကလူငယ်မျက်ဝန်း’ တွင်မြန်မာလူငယ်ဓာတ်ပုံဆရာ နေလင်းထွန်း(၂၁)နှစ်မှ ရှမ်းပြည်နယ်ရှိမွေတော်ကက္ကူ ဘုရားမီးထွန်းပွဲပုံဖြင့် ဒုတိယဆုရရှိခဲ့ကြောင်းယူနက်စကို၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါပြိုင်ပွဲကို အသက်အုပ်စုနှစ်အုပ်စုဖြင့်ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ အသက်၁၄မှ၁၇အတွင်းနှင့်အသက် ၁၈မှ၂၅နှစ်အတွင်း လူငယ်ဓာတ်ပုံဆရာများပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ယူနက်စကို၏‘ပိုးလမ်းမပေါ်ကလူငယ်မျက်ဝန်း’ဓာတ်ပုံပြိုင်ပွဲတွင် အသက်၁၈မှ၂၅အုပ်စု၌ ပထမဆုကို အီရန်မှ လူငယ်ဓာတ်ပုံဆရာက Hawraman village in Kurdistan regionမှတောင်တန်းနှင့်အဆောက်အဦးအလှအပပုံ ဖြင့်ဆုရရှိခဲ့ပြီး ဒုတိယဆုကို မြန်မာလူငယ်ဓာတ်ပုံဆရာ နေလင်းထွန်းမှ ‘မြန်မာဘုရားကျောင်းကြားမီးထွန်းပွဲ’ ခေါင်းစဉ်နဲ့ ရှမ်းပြည်နယ်ရှိမွေတော်ကက္ကူဘုရားတွင်ပအိုဝ်းတိုင်းရင်းသားအမျိုးသမီးများမီးထွန်းနေပုံဖြင့် ဆုရရှိခဲ့သည်။ ၂၀၂၂ခုနှစ်ကလည်း မြန်မာလူငယ်ဓာတ်ပုံဆရာအောင်ခန့်ကျော်မှဗုဒ္ဓရုပ်ပွားတော်နှင့်သံဃာတော် ပုံဖြင့် အသက်(၁၄)နှစ်မှ(၁၇)အုပ်စုတွင်ပထမဆုရရှိခဲ့သည်။
တတိယဆုကို တရုတ်နိုင်ငံမှ လူငယ်ဓာတ်ပုံဆရာမှ မြို့တော်ရှောင်ယန်၏ နှစ်ပေါင်း(၂၈၀၀)သက်တမ်းရှိ ရှေးဟောင်းမြို့ဟောင်းနှင့်ကာကွယ်ရေးတည်ဆောက်မှုဓာတ်ပုံဖြင့်ဆုရရှိခဲ့သည်ဟုဖော်ပြထားသည်။
အသက်(၁၄)မှ(၁၇)နှစ်အသက်အုပ်စုပြိုင်ပွဲတွင် ပထမဆုကို အိန္ဒိယ၊ဒုတိယဆုကိုနီပေါ၊တတိယဆုကို မွန်ဂိုလီးယားနိုင်ငံတို့မှ လူငယ်ဓာတ်ပုံဆရာများဆုရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဓာတ်ပုံ၆၇၀၀ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာလက်ရွေးစင်ကော်မတီသေချာရွေးချယ်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ယူနက်စကို #ဓာတ်ပုံပြိုင်ပွဲ #ကမ္ဘာ့နိုင်ငံအသီးသီး
#Yangon_Times
#Local_News
Published _27 September 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိအချုပ်ခေါင်မိုးကို ဖောက်ထွက်ပြေးသွားသည့် အချုပ်သား ၆ ဦးထဲမှ ၄ ဦး ပြန်ဖမ်းမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်ချိန်ခန့်က ဒလမြို့မရဲစခန်းမှ တရားခံ ၆ ဦးသည် အချုပ်ခန်းခေါင်မိုးသစ်သားတန်းများကိုခွာ၍ မိုးကာထားသော သွပ်ပြားများကိုလှန်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ထွက်ပြေးသွားသူများအနက်မှ တရားခံ ၄ ဦးအားယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်စောစောကပြန်လည် ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ယခုအခါကျန်ရှိသူများအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် ပိုက်စိပ်တိုက်ရှာဖွေနေကြကြောင်း သိရသည်။
#Local_News #အချုပ်ခေါင်မိုးကိုဖောက်ထွက်ပြေး #နစကသတင်းထုတ်
Yangon_Times/PP
Page 727 of 1898