Published_ 4 October 2023
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ၊မဝတ လမ်းဆုံ၊တောင်မြောက်လမ်းစုံအနီးတွင်(ယနေ့နံနက်က) YBS နှင့် ချက်ဗရိုလက်အိမ်စီးကားတိုက် မှုဖြစ်စဥ်ကြောင့်ယာဥ်မောင်းသေဆုံးခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ၆ဦးအနက် ၁ဦးထပ်မံသေဆုံးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။
အောက်တိုဘာလ၄ရက် နံနက် ၂နာရီအချိန်ခန့်က မဝတ လမ်းဆုံ၊တောင် မြောက်လမ်းစုံအနီးတွင်YBS112နှင့်အိမ်စီးကားယာဥ်တိုက် မှုဖြစ်ခဲ့ပြီးဖြစ်စဥ်ကြောင့် ယာဥ်မောင်းသေဆုံးခဲ့ပြီးသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးအနက် ၆ဦးကိုနွေးထွေးကူညီမှုအသင်း၊မီးအိမ်ရှင်ကူညီရေးအသင်း၊ ဝန်းရံမှူးကူညီရေးအသင်း၊(YRO ဒဂုံခရိုင်မှူး ရိုးမ(၃)ဦးစီး)၊ ရှင်သန်ရေးကူညီမှုအသင်း တို့မှ လူနာတင် ယာဉ်(၆)စီးဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
ယင်းကဲ့သို့ဆေးကုသမှုခံယူနေသူ၆ဦးအနက် မှ ၁ဦးမှာ ယနေ့နေ့လည်ပိုင်းက ထပ်မံသေဆုံးမှုဖြစ်ခဲ့ကြောင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။
"၆ယောက်ထဲက ၁ယောက် နေ့လည်ပိုင်းက ထပ်မံသေဆုံးတယ်။ ယာဥ်မောင်းအပါအဝင် သေဆုံးသူ၂ဦးရှိပြီ။ သေဆုံးသွားတဲ့ယာဥ်မောင်းကတော့ အသက် ၃၇နှစ်။ကျန်တဲ့သူတွေကတော့ အသက် ၂၈၊ ၃၀ ကျော်ဝန်းကျင်အရွယ်တွေပါ"ဟုိဆိုသည်။
ယာဥ်တိုက် မှုဖြစ်စဥ်အရ YBS က လမ်းကြောင်းတည့်တည့်လာသည့်အနေအထားရှိပြီး အိမ်စီးကားက လမ်းအကွေ့ဖြစ်ကြောင်းယူဆရပြီး ယာဥ်မောင်းရှိသည့်ဘယ်ဘက်အခြမ်း ကို တည့်တည့်ဝင်တိုက် မိသည့်အနေအထားရှိကြောင်းလည်းဆိုသည်။
YBSယာဥ်မောင်းမှာလည်း ဖြစ်စဥ်နေရာနေရာတွင်မတွေ့ရှိရဘဲ ထွက်ပြေးသွားကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 4 October 2023
GACC စနစ်နှင့်မွေးမြူထားသည့်ရေထွက်ကုန်များ တရုတ်သို့တရားဝင်တင်ပို့ခွင့် ရရှိသည့်အတွက် မွေးမြူသူများတွက်ခြေကိုက် နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရေထွက်ကုန်ဈေးကွက်ကြီးမားသည့် တရုတ်နိုင်ငံသို့ GACC စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ် - မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားဝင်တင် ပို့ခွင့်ရရှိသည့်အတွက် ဒေသခံ မွေးမြူရေးသမားများအတွက် ပိုမိုတွက်ခြေကိုက်နိုင်ကြောင်းသိရသည် ။
" အရင်ကမွေးမြူထားတဲ့ငါးတွေကို တရားဝင် တင်လို့မရဘူး။ အခု တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံတွေ အကျိုးရှိမှာပါ။ GACC စနစ်နဲ့ညီအောင် တော့ဆောင်ရွက်ရမှာပါ ။ GACCစနစ်ကပိုးမွှားကင်းစင်ဖို့ လိုပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည် ။
ယခင်က မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးရရှိသည့် ငါးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် မွေးမြူရေးငါးများကိုလည်း တရားဝင် တင်ပို့၍ ရပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင်တရုတ်ဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊စည်းကမ်း ချက်များနှင့်အညီ မွေးမြူထုတ်လုပ်တင်ပို့ရန် လိုအပ်သည့်အတွက် လိုအပ်သည့် စံချိန်စံညွှန်းနှင့်အညီ စဉ်ဆက်မပြတ် ပို့နိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာအတွင်း ပြည်ပသို့ ကန်ဒေါ်လာ ၂၇၆ သန်းကျော်တန်ဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၇၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published 4 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ အင်ဒိုနီးရှားပိုက်ကျော်ခြင်းအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှသိရသည်။
ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းကို (၂၁-၁၃)၊(၂၄-၂၂)ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကိုရယူနိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲတွင်ဂျပန်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်တွင်မြန်မာမှ(၂၁)မှတ် ဂျပန်မှ(၁၅)မှတ်နဲ့ ခက်ခက်ခဲခဲနိုင်ခဲ့သလို အုပ်စုအတွင်း၌ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားတစ်သင်းကိုသာရှုူံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ရွှေဆုရရှိခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
'၂၀၂၃ခုနှစ် လှပသောပန်းများနှင့်လပြည့်နေ့ 'နိုင်ငံဖြတ်ကျော်ဆောင်းဦးပွဲတော်ပဒေဿအကအလှ ဖျော်ဖြေတင်ဆက်ပွဲ(မြန်မာနိုင်ငံခရီးစဉ်)တွင် ယူနန်-မြန်မာအနုပညာရှင်တွေမှ သီချင်း၊အက၊အလှတွေဖျော်ဖြေခဲ့ပါတယ်"
ယူနန်-မြန်မာအနုပညာရှင်များပါဝင်သည့်'လှပသောပန်းများနှင့်လပြည့်နေ့'ဆောင်းဦးပွဲတော်ဖျော်ဖြေပွဲကျင်းပ
Yangon_Times/tthl
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 3 October 2023
၁။ ကားခပိုတောင်းသည့် စည်းကမ်းပျက် YBS များကို ယာဉ်လိုင်းနံပါတ် ပြောလိုက်သည်နှင့်ချက်ချင်းအရေးယူနိုင်အောင် စီစဉ်ထားဟုဆို
၂။ ငွေနှင်းမှို မျိုးစေ့ထုပ် ပြုလုပ်ရာမှာအသုံးပြုရတဲ့ ကုန်ကြမ်းရှားပါး ဈေးမြင့်လာပေမယ့် စီးပွားဖြစ် စိုက်ပျိုးသူ ယခင်ထက်များလာ
၃။ ပြည်ပလိုအပ်ချက် များပြားသည့်အတွက် ယခုနှစ်ထောပတ်သီးဈေးကွက်ကောင်းနိုင်
၄။ အာရှအားကစားပွဲ ကျင်းပရာဟန်ကျိုးတွင် စက်ရုပ်များဖြင့် အလိုအလျောက်ကားပါကင်ထိုးပေးသည့် စနစ်ကျင့်သုံး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 03 October 2023
မြန်မာနိုင်ငံ၏ပထမဦးဆုံး တေးရေး၊တေးဆိုပြိုင်ပွဲကြီးဖြစ်သည့် ‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊ တေးသီချင်းပြိုင်ပွဲကြီး’၏Grand Final Top Finalistပြိုင်ပွဲဝင်(၁၂)ဦးကို စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်း အနားကျင်းပပေးခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။
‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး’သည်ရွှေသံလွင်မီဒီယာမှ ပထမဦးဆုံးကိုယ်ပိုင် စီစဉ်ထုတ်လုပ်သည့် ပြိုင်ပွဲကြီးဖြစ်ပြီး Grand Final Top Finalistများကိုစာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာလ(၃)ရက်တွင် ရွှေထွဋ်တင်၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး၏ ပရော်ဂျက်ဒါရိုက်တာ ဒေါ်နန်းမောက်လောက်ဝ်ဆိုင်က‘‘Soသီချင်းဆိုပြိုင်ပွဲနဲ့ပတ်သက်လို့ ကျွန်မတို့တေးရေး၊တေးဆိုGrand Finalကို ရောက်လာတဲ့အချိန်မှာ ရင်ထဲမှာ ပီတိဖြစ်ရပါတယ်။
စာနယ်ဇင်းညီအစ်ကိုမောင်နှမတွေကတက်တက်ကြွကြွနဲ့ အားလုံး စိတ်ပါဝင်စားစွာ တက်ရောက်ပါဝင်ပြီးမှတ်တမ်းယူပေးတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်။
ပွဲဖြစ် မြောက်ရေး အတွက်ကူညီပေးကြတဲ့သူတွေတစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။
အခုလိုကိုယ်ပိုင် သံစဉ်၊ တေးရေး၊တေးဆိုနဲ့ ပတ်သက်တာကို မြန်မာပြည်မှာပထမဦးဆုံးကြိုးစားပြီးတော့အရဲစွန့်ပြီးတော့ လုပ်ခဲ့ တာပါ။ တာဝန်အရမ်းကြီးပါတယ်။ ကျွန်မတို့ကလုပ်ရတဲ့ownerဆိုပေမယ့် တကယ့်တကယ်တမ်း လုပ်ရတဲ့ အခါမှာ ပညာရှင်တွေ တိကျတဲ့အဖြေရဖို့အတွက် ကောင်းမွန်သောကလေးတွေ၊ကောင်းမွန်သော အနုပညာရှင် တွေ၊ ကောင်းမွန်သောတေးရေးတွေဖြစ်လာဖို့အတွက်ကို အများကြီးမျှော်မှန်းပါတယ်။
ဒီလိုမျိုးဆောင်ရွက်ရတဲ့ အခါမှာ ကျွန်မတို့ နိုင်ငံကလူတွေတစ်ယောက်မှမညံ့ဘူးဆိုတာ ပြချင်ပါတယ်။ ဒါကြောင့်မို့ Make in Myanmar စစ်စစ် ဖန်တီးတယ်၊သီဆိုတယ်၊အောင်မြင်မှုကိုရနိုင်ဖို့အတွက်ကို အများကြီးအထောက်အပံ့ပေးနိုင်မယ်လို့လည်း ကျွန်မယုံကြည်ပါတယ်”ဟု နှုတ်ခွန်းဆက်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး’၏ Grand Finalကိုတက်ရောက်လာကြသည့် Finalistပြိုင်ပွဲဝင်များကတော့တေးရေးပြိုင်ပွဲဝင်များဖြစ်သည့်(၁)အားဗုန်၊(၂)သော်ဇင်လတ်၊(၃)ဉာဏ်လင်းထွဋ်၊(၄)ထည်ဝါ၊ (၅)မှုန်ကြီး၊(၆)ပင်လယ်အေးနှင့်တေးဆိုပြိုင်ပွဲဝင်များဖြစ်သည့်(၁)ပုလဲဖြူစင်အေး၊(၂)Bwe(ဘွဲ) ၊(၃) Anonimus ၊(၄)MOANA၊(၅)ဉာဏ်လင်းထက်၊(၆)မောင်သုတို့ဖြစ်ပြီး Grand Finalသို့တက်လှမ်းလာသည့် အဆိုပါပြိုင်ပွဲဝင်များကို စာနယ်ဇင်းနှင့်မိတ်ဆက်ပေးခဲ့သည်။
‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး’၏ ရည်ရွယ်ချက်သည်ဂီတလောကတွင် တေးရေး ဂီတမျိုးဆက်သစ်များ၊တေးဆိုဂီတမျိုးဆက်သစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နှင့်ပြိုင်ပွဲကြီးကို Channel9၊Sky Net Music Channel၊ Shwe FMတို့တွင်ထုတ်လွှင့်ပေးလျက်ရှိကြောင်းနှင့် အောက်တိုဘာလ(၇)ရက်တွင် Grand Finalပွဲ ကျင်းပသွားမည်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
အွန်လိုင်းဈေးရောင်းချသူများ မှတ်ပုံတင်ပြီးပါက ဈေးနှုန်းမဖေါ်ပြဘဲ ဝယ်သူကို cb ခေါ်ယူရောင်းချတာမျိုး လုပ်ဆောင်ခွင့်မပြုတော့ဟုဆို
အွန်လိုင်းဈေးရောင်းချတဲ့အခါမှာ ကုန်ပစ္စည်းဈေးနှုန်းတွေကို ပွင့်လင်းမြင်သာစွာ ရောင်းချရမှာ ဖြစ်ပြီး အများပြည်သူမြင်သာတဲ့ သက်ဆိုင်ရာ ပေ့ခ်ျစာမျက်နှာကနေ ဈေးနှုန်းစုံစမ်းတဲ့ ဝယ်ယူလိုသူတွေကို cb(chat box) ကို ခေါ်ယူရောင်းချတာတွေ ခွင့်မပြုတော့ဘူးလို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 716 of 1897