Published_ 05 October 2023
စင်ကာပူတွင်ကျင်းပသည့် HALL OF FAME Singapore 2023 (HOFS Award)ပွဲကြီးတွင် မြန်မာနိုင်ငံမှ သရုပ်ဆောင်၊မော်ဒယ်ပိုင်တံခွန်The Iconic Figure of Social Media Awardဆုဆွတ်ခူးခဲ့ကြောင်းသိရသည်။
အဆိုပါပွဲသို့ နိုင်ငံတကာမှနာမည်ကြီး အနုပညာရှင်များလည်းတက်ရောက်ခဲ့ပြီး မြန်မာအနုပညာရှင်၊ ထိုင်းနိုင်ငံ အနုပညာရှင်အပါအဝင် HOFS Awardဆုရရှိခဲ့သူစုစုပေါင်း(၉)ဦးရှိခဲ့သည်။
အခမ်းအနားတွင်ပိုင်တံခွန်က‘‘ ကျွန်တော့်အနေနဲ့ဒီHOFS Awardပွဲကြီးမှာ The Iconic Figure of Social Media Award၂၀၂၃ဆုကို မြန်မာcelebityတစ်ယောက်အနေနဲ့ ပထမဦးဆုံးရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။
ကျွန်တော့်ကိုဖိတ်ခေါ်တဲ့သူတွေ၊ဆုရရှိရေးအတွက်ဆောင်ရွက်ပေးသူတွေနဲ့ ကျွန်တော့်ရဲ့ ပရိတ်သတ် fanတွေ၊ မိသားစုဝင်တွေနဲ့ supportပေးသူတွေကိုကျေးဇူးတင်ပါတယ်။
သူတို့ရဲ့ အားပေးမှု၊ချစ်ခင်မှု၊voteပေးမှု တွေမရှိဘူးဆိုရင် ဒီလိုမျိုးရလာဒ်ကောင်းတွေရလာဖို့မဖြစ်နိုင်ပါဘူး။
ဒီဆုရရှိတာဟာ မြန်မာcelebityတွေဟာ အခြားနိုင်ငံသားတွေလိုပဲလုပ်ဆောင်နိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်’’ဟု ပိုင်တံခွန်က အင်္ဂလိပ်ဘာသာဖြင့် ဆုယူစဉ်ပြောကြားခဲ့သည်။
Yangon_Times/tthl
#Local_News
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 05 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်း(အမျိုးသမီး)သည် ရိုးရာလှေ (နဂါးလှေ)မီတာ၅၀၀ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုတရုတ်၊ဒုတိယဆုအင်ဒိုနီးရှားနှင့် တတိယဆုကြေးတံဆိပ်ကို မြန်မာနိုင်ငံမှထိုက် ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေ(နဂါးလှေ)အားကစားနည်းဖြင့် မီတာ၂၀၀အမျိုး သားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ မီတာ၅၀၀အမျိုးသားပြိုင်ပွဲ၊အမျိုးသမီးပြိုင်ပွဲနဲ့ မီတာ၁၀၀၀အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး မီတာ၂၀၀ပြိုင်ပွဲများတွင် စတုတ္ထနေရာဖြင့်သာကျေနပ်ရပြီးယခုမီတာ၅၀၀ပွဲမှ ကြေးတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 05 October 2023
တာတွေမြို့နယ် ကျောက်မြောင်း အထက်ရပ်ကွက်၊ သြဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်ရှိ 1 Stop Mart ဆိုင် ကို အောက်တိုဘာ ၄ရက် ညနေ ပိုင်းက အသက် မပြည့်သေးသည့် လူငယ်လေးဦး မှ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း အနီးနားရှိ ပြည်သူတွေထံ က သိရသည်။
အဆိုပါ လူငယ် လေးယောက် သည် အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ခန့်တွင် ဓားများ ကိုင်ဆောင်လာပြီး ဆိုင်အတွင်း သို့ ဝင်ရောက် လုယက်ရာတွင် 1 Stop Mart Control Center က ရဲစခန်းဆီ ဖုန်းဆက်အကြောင်းကြားတာကြောင့် လုံခြုံရေးတပ်ဖွဲ့ ရောက်ရှိလာချိန် တွင်ဆိုင်ဝန်ထမ်းအမျိုးသမီး များ ကို လည်ပင်းဓားထောက်ဓားစာခံ ပြုလုပ်ပြီး လွတ်မြောက်ရန် ကြိုးပမ်း သော်လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူအချို့ က ဝိုင်းဝန်း ဖမ်းဆီးပေးတာကြောင့် သုံးဦး ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
'' သြဘာလမ်း က 1 Stop Mart မှာ ဓါးပြ တိုက် ခံရတာ ဟုတ်တယ်၊အခု ဓါးပြတိုက်တဲ့ ကောင်လေးတွေပဲ အဲ့ ဆိုင် ကို ပထမ တစ်ခေါက်က လာပြီး ဆိုင်က ပစ္စည်းတွေ ယူသွားတယ်၊အဲ့တုန်းက မမိ လိုက်ဘူး၊အခု ဒုတိယ တစ်ခေါက်မှာ ဖမ်းမိတာပါ၊ဝန်ထမ်း အစ်မကတော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရတာ တော့ မရှိဘူး၊ ကျောက်မြောင်းက 1 Stop Mart မှာ ခိုးတဲ့ သူတွေလည်း မကြာခဏ မိတယ်''ဟု ကျောက်မြောင်း ကျားကွက်သစ်လမ်းရှိ 1 Stop Mart ဆိုင်မှ ဝန်ထမ်းတစ်ဦး က ပြောသည်။
ဖမ်းဆီးရမိသူများမှာ တာမွေ မြို့နယ်ထဲမှ ဖြစ်ပြီး သီဟဝင်း (၁၅ နှစ်)၊ ကောင်းခန့်ဖြိုး (၁၅ နှစ်)နဲ့ လမင်းအောင် (၁၅ နှစ်) တို့ သုံးဦးဖြစ်ကာ တစ်ဦးကထွက်ပြေးလွတ်မြောက်လျက်ရှိကြောင် သိရသည်။
အဆိုပါ ဓါးပြ တိုက်ခံ ရမှု နှင့် ပက်သက်ပြီး သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ ထွက်ပြေး လွတ်မြောက်သွားသူ ကိုလဲ လိုက်လံ ရှာဖွေဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 05 October 2023
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်(ပထမအဆင့်) အတွက် စုစည်းလေ့ကျင့်မှု များကို လာမည့် အောက်တိုဘာ (၇) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်း နှင့် နိုင်ငံတကာ ခြေစမ်းပွဲ စဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေတဲ့ ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူ လည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။
2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် (အိမ်ကွင်း) နှင့် အောက်တိုဘာ ၁၇ရက် (အဝေးကွင်း) တို့တွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ygm_mnn
#local_sport
#YMG #Yangon_Media_Group
#Daily_News
Published_ 4 October 2023
၁။ ရွှေတံဆိပ်ဆုပိုက်ပြီး ပြန်လာမည့် မြန်မာပိုက်ကျော်ခြင်းအသင်းကို ကြိုဆိုဂုဏ်ပြုမည်
၂။ (၃)နှစ်ဆက်တိုက် မကျင်းပဖြစ်သည့် ‘ကျိုက္ခမီရေလယ်ဘုရားပွဲတော် နှင့် ဆွမ်းအိုးမျှောပွဲ’ ပြန်လည်ကျင်းပမည်
၃။ ထိုင်းသို့ မြန်မာ့ကော်ဖီအစိမ်း တင်ပို့တာရပ်ဆိုင်းထား
၄။ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်အရောင်းပွဲသင်္ဘောကြီး ကင်ညာဆိပ်ကမ်းမြို့တွင် ဆိုက်ကပ်ထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကားဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး ပြည်တွင်းထုတ်လုပ်မှု ပိုများလာပါက ဆက်လက်ကျဆင်းနိုင်
တစ်လအတွင်း ကားတစ်စီးကို အမျိုးအစားအလိုက် သိန်းတစ်ရာကနေတစ်ထောင်ခန့် အထိဆက်လက်ကျဆင်း
Yangon_Times/NN
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာလှေလှော်အသင်း မီတာ၂၀၀ပွဲတွင် အာရှအဆင့်(၄)ဖြင့် ကျေနပ်ခဲ့ရ၊မီတာ၅၀၀ ထပ်ပြိုင်မည်
ရိုးရာလှေ(နဂါးလှေ)မီတာ၂၀၀အမျိုးသားပြိုင်ပွဲမှာ ပထမတရုတ်၊ဒုတိယထိုင်း၊ တတိယအင်ဒိုရရှိခဲ့ပြီး မြန်မာဟာ စတုတ္ထနေရာအဆင့်(၄)ရရှိခဲ့ကာ မြန်မာအမျိုးသမီး မီတာ၂၀၀ လှေလှော်အသင်းမှာ ပထမတရုတ် ၊ဒုတိယထိုင်း၊ တတိယအင်ဒိုရရှိခဲ့ပြီး မြန်မာဟာ စတုတ္ထနေရာအဆင့်(၄) ရရှိခဲ့ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 714 of 1897