မိုင်းရယ်နဲ့ ငွေရည်ပုလဲသကြားစက်များ ကြံတစ်တန်ဈေးတိုးမြှင့်ပေးလာ
သကြားဈေးနှင့် သွင်းအားစုစရိတ် မြင့်တက်နေသောကြောင့် လာမည့်ကြံကြိတ်ခွဲ
ရာသီအတွက် ကြံတစ်တန် ကျပ်တစ်သိန်းနှစ်သောင်းအထိ တိုးမြင့်ပေးလာ
Yangon_Times/NN
#Local_News
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group
မုတ်သုန်လေအားနည်းသဖြင့် မိုးရွာနိုင်သော်လည်း မိုးသည်းထန်ရန်မရှိသေး
‘လေပွေလှိုင်း သက်ရောက်မှုကြောင့် အခုရက်ပိုင်းအတွင်း မိုးရွာနိုင်သော်လည်း အရင်ကလောက် မိုးသည်းထန်တာတွေ မရှိနိုင်သေးဘူး’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 5 October 2023
ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးတော့မည့် MOU မြန်မာအလုပ်သမားများ အတွက်သက်တမ်းတိုးကာလ ကို လာမည့် နှစ် ဧပြီလ အထိ ထိုင်းအစိုးရက အချိန် တိုးပေးလိုက်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးသူတွေထံ က သိရသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ၊ ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်တွင် ၄ နှစ်သက်တမ်းပြည့်မည့် MoU အလုပ်သမားများ ကို သက်တမ်းတိုးရန် အချိန် တိုးပေးခဲ့ ခြင်း ဖြစ်ကာသတ်မှတ်ကာလ အတွင်း သက်တမ်းတိုးခြင်း ကို ပြီးစီးအောင် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်တမ်းပြည့်နေသည့် MoU အလုပ်သမားများ ကို မြန်မာ နိုင်ငံ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် MoU U- turn စနစ်ဖြင့် မြဝတီနှင့် ကော့သောင်းမြို့ တို့တွင် One Stop Services စနစ် ဖြင့် စခန်းများ ဖွင့်လှစ်ပြီး ပတ်စပို့သက်တမ်း ၂နှစ်နှင့် အထက် ကျန်ရှိသေးသည့်
သူများ ကို စက်တင်ဘာ ၁၁ရက်က စတင် လုပ်ဆောင် ပေးနေကြောင်း သိရသည်။
'' MoU U- turn စနစ်နဲ့ ပြန်ဝင်ဖို့ က စာအုပ် သက်တမ်း ၂ နှစ်နဲ့ အထက် ရှိမှ လုပ်လို့ရမှာ စာအုပ် သက်တမ်း ကုန်နေတဲ့ သူတွေက သက်တမ်းတိုး ဖို့ က အချိန် လိုသေးတယ်၊အခုလို အချိန် တိုးပေး လိုက်တဲ့ အတွက် ထိုင်းမှာ နေထိုင်ခွင့် သက်တမ်း ကုန်နေတဲ့ သူတွေ အဆင်ပြေသွားတယ် ''ဟု ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးသူတစ်ဦး ကပြောသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်းရောက် မြန်မာအပါအဝင် ရွေ့ပြောင်း လုပ်သားများ ကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ရက်တွင် ဘတ် ပန်းရောင် ကတ် ရိုက်ရန် အမည်စာရင်းတင်သွင်းထားသူများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ယခင်က အောက်တိုဘာလအထိသာ သတ်မှတ်ထားသည့် အလုပ်ပါမစ်ပြုလုပ်ချိန်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေအထိ ၃ လ အချိန်တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published-5 October2023
လူမှုဖူလုံရေးအာမခံလုပ်သားများအတွက် ရွေ့လျားဆေးကုသယာဉ်များ အသုံးပြုကာ Provider Purchaser Split စနစ်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်လိုသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို လူမှုဖူလုံရေးအဖွဲ့က ဖိတ်ခေါ်ထားသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ယနေ့ (အောက်တိုဘာလ ၄ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာမှတဆင့် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားပြီးလူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပုဂ္ဂလိကကဏ္ဍဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှုရယူရန် ခက်ခဲသည့်နေရာဒေသများ၊ ဝန်ဆောင်မှုလိုအပ်ချက်ရှိသည့် နေရာဒေသများနှင့် အလုပ်ဌာနများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit အသုံးပြုကာ Provider Purchaser Split စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေရာ လူမှုဖူလုံရေးအဖွဲ့မှ ရေးဆွဲပေးသောခရီးစဉ်အား သတ်မှတ်ချက် များနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်သည့် ဆေးကုသခွင့်လိုင်စင်၊ ဓာတ်ခွဲခန်းလိုင်စင်ရှိသောလုပ်ငန်းအတွေ့အကြုံရှိသည့် ပုဂ္ဂလိကဆေးကုသမှုဝန်ဆောင်မှုပေးသူများအား ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
Provider Purchaser Split စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆေးရုံ၊ ဆေးခန်းများသည် မြင်းခြံ ၊ ဒိုက်ဦး ၊ ကောလင်း ၊ ကသာ ၊ စစ်ကိုင်း ၊ ကလေး ၊ ဆားလင်းကြီး ၊ ဝါးခယ်မ ၊ မြန်အောင် ၊ ပုသိမ် ၊ ထုံးဘို ၊ ဘိုကလေး ၊ ဟင်္သာတ၊ ကြံခင်း ၊ မောင်းမြ၊ မော်လမြိုင်ကျွန်းမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Published_ 05 October 2023
မွန်ပြည်နယ် ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ သို့ သီတင်းကျွှတ် ရုံးပိတ် ရက်များတွင် သွားရောက် ရန် ကျိူက်ထီးရိုးတောင်ပေါ်ရှိ တည်းခိုဆောင်များနှင့် ထမင်းဆိုင်များထံ အခြေနေ စုံစမ်းမှုများ သာ ရှိပြီး ကြိုတင် ဘိုကင်တင်သူ မရှိသေးကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးနှင့် ကျိုက်ထီးရိုးတောင်ပေါ် အခြေနေ တို့ ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ကျသူများ အခုရက် ပိုင်းတွင် များလျက်ရှိနေကြောင်း သိရသည်။
'' ဖုန်းနဲ့တော့ လှမ်းမေးကျတယ်၊ ကားလမ်းအခြေနေတို့ ကေဘယ် ကော ဖွင့်လားတို့ တည်းခ ဘယ်လောက် လဲ တို့ မေးကျတယ်၊ဒါပေမယ့် ဘယ်နေ့ လာပါမယ် အခန်း ဘိုကင်တင်ပါတယ်ဆိုတာတော့ မရှိသေးဘူး ၊တည်းခိုခန်းတွေကတော့ အဆောင်သန့်ရှင်းရေးတွေ ပြုပြင်တာတွေတော့ လုပ်နေတယ် ''ဟု တိသာဆောင် အဆင့်မြင့်တည်းခိုခန်း မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ကျိူက်ထီးရိုးတောင်ပေါ်သို့ လာရောက်သည့် ဘုရားဖူး ဧည့်သည် တစ်ရက်လျှင်၅၀ မှ ၁၀၀ကြားသာ ရှိပြီး ပြည်တွင်း ဧည့်သည်သာ ပိုများ ကြောင်း သိရသည်။
ကျိုက်ထီးရိုး တောင်တတ်ကားများ မှာ နေ့စဉ် ပြေးဆွဲလျက်ရှိပြီး ကေဘယ်ကားလိုင်းများ ကိုတော့ လက်ရှိမှာ ပြေးဆွဲမှု ရပ်နားထားကာ လာမည့် သီတင်းကျွတ်ရုံးပိတ်ရက်များ တွင် ပြန်လည်ပြေးဆွဲ မည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီဈေးများ ဆက်တိုက်ကျလာပြီး ရန်ကုန်ဈေးကွက်တွင် 92 တစ်လီတာ ကျပ် ၂၀၀၀အောက်သို့ ပြန်ရောက်
ယခုအောက်တိုဘာ လဆန်းပိုင်းကစပြီး စက်သုံးဆီ ဈေးနှုန်းများနေ့စဉ် အနည်းငယ်စီပြန်ကျလာရာ အောက်တိုဘာ ၅ ရက်မှာတော့ 92 တစ်လီတာကို ရန်ကုန်ဈေးကွက် ၁၉၉၀ ကျပ် ထိ ဈေးပြန်ကျလာတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဗိုလ်တထောင်စေတီတွင် အဘိဓမ္မာအခါတော်နေ့နှင့် ဆီမီး(၉၀၀၀)ပူဇော်ပွဲပြုလုပ်မည်
‘သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို မနက်၅နာရီအချိန်မှာ အာရုဏ် ဆွမ်း(ပန်း၊ရေချမ်း၊ဆီမီး)ဆက်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲကို ညနေ(၅) နာရီခွဲအချိန်မှာဆီမီး(၉၀၀၀)နဲ့ ထွန်းညှိပူဇော်ကျင်းပမှာဖြစ်ပြီး ရဟန်းရှင်လူပြည်သူတွေကို ကုသိုလ်ယူပူးပေါင်း ဆောင်ရွက်နိုင်တယ်’ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့
Yangon_Times/tthl
#Local_News
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 713 of 1897