Published_ 06 October 2023
လာမည့်အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ “World Design Assembly Tokyo ” ကျင်းပသွားမည် ဖြစ်ကြောင်း UMFCCIမှသိရသည် ။
အဆိုပါ World Design Assembly” နှင့်အတူ အာဆီယံ-ဂျပန် နှစ်(၅၀)ပြည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအထိမ်းအမှတ် အာဆီယံနှင့်ဆက်စပ်သည့် အခမ်းအနားများ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည် ။
အာဆီယံ-ဂျပန်စင်တာ (AJC) အနေဖြင့် Japan Institute of Design Promotion (JDP)၊ World Design Assembly နှင့် အာဆီယံဒေသတွင်း တီထွင်ဆန်းသစ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်အာဆီယံဒေသတွင်း နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ထုတ်ကုန်များ၊ ဒီဇိုင်းထုတ်ကုန်များ၊ ပြသနိုင်ရေးအတွက်မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ World Design Assembly တွင် အာဆီယံနိုင်ငံ တစ်နိုင်ငံလျှင် ကုမ္ပဏီ (၅) ခု (သို့မဟုတ်) ထုတ်ကုန် (၅) ခုစီ ပြသနိုင်ရေး လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြခန်းကို အာဆီယံ-ဂျပန်စင်တာမှ ပံ့ပိုးမည်ဖြစ်၍ ကျန်ကုန်ကျစရိတ်ကို ပြသသည့်ကုမ္ပဏီမှ ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။
ထို့ကြောင့် “World Design Assembly Tokyo” နှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင်တက်ရောက် ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ အသင်းသားများ၊ ညီနောင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ Email Address ၊ ဖုန်းနံပါတ် နှင့် ပြပွဲတွင်ပြသမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်စာရင်းတို့နှင့်တကွ ပူးတွဲပါ FORM အား ပြည့်စုံစွာ ဖြည့်စွက်၍ (၁၁.၁၀.၂၀၂၃) ရက်နေ့ထက်နောက်မကျစေပဲ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Email:
ထို့အပြင် ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email:
#Yangon-Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
လျှပ်စစ်လိုအပ်ချက်ရှိနေ၍ ကာဇက်စတန်နိုင်ငံမှ ပတ်ဝန်းကျင်မထိခိုက်စေဘဲ ကျောက်မီးသွေးမှလျှပ်စစ်ထုတ် ယူနိုင်ရေးနည်းပညာများကို မြန်မာနိုင်ငံမှစွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက လေ့လာခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စွမ်းအင်ဖိုရမ်ကိုတက်ရောက်ရန် မြန်မာနိုင်ငံမှ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astanaမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံ မှစွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးနှစ်ဦးတွေ့ဆုံစဉ် မြန်မာနိုင်ငံမှစွမ်းအင်ဝန်ကြီးက ‘မြန်မာနိုင်ငံတွင်ကျောက်မီးသွေးထွက်ရှိသော်လည်းထိရောက်စွာအသုံးမချနိုင်သေးကြောင်း၊မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေ၍ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်လည်းကြိုးပမ်းလျက်ရှိနေကြောင်း၊ ကာဇက်စတန်နိုင်ငံသည်ကျောက်မီးသွေးထွက်ရှိသည့်နိုင်ငံဖြစ်သလို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏၇၀ရာ ခိုင်နှုန်းကိုကျောက်မီးသွေးမှထုတ်လုပ်လျက်ရှိသည်ဟုသိရှိရကြောင်း၊
ယင်းကဲ့သို့ထုတ်လုပ်လျက်ရှိသည့်အတွက် ပတ်ဝန်းကျင်မထိခိုက်စေဘဲ ကျောက်မီးသွေးမှလျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာ၊Human Resourceဆိုင်ရာများ၊အထူးသဖြင့်ရေနံရှာဖွေရေးဘာသာရပ်၊ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဗေဒဘာသာရပ်နှင့်သတ္တုဗေဒဘာသာရပ်များကို Academicသာမဟုတ်ဘဲ On Job Trainingများပေး နိုင်ရန်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါကာဇက်စတန်နိုင်ငံမှကျောက်မီးသွေးစက်ရုံများသည် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့နှစ်မျိုးလုံး အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်ပြီး လောင်ကျွမ်းပြီးကျောက်မီးသွေးပြာများကို နည်းပညာ အသုံးပြုပြီး အဆင့်ဆင့်သန့်စင်ကြောင်း၊၉၉ရာခိုင်နှုန်းသန့်စင်ပြီးလေထဲသို့လွှင့်ထုတ်ကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီးကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
ရိုးရာလှေ(နဂါးလှေ)မီတာ(၁၀၀၀)ပြိုင်ပွဲတွင် မြန်မာအမျိုးသား လှေလှော်အသင်းမှ တတိယဆုကြေးတံဆိပ်ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံအတွက် အာရှအဆင့် တတိယမြောက်ဆုတံဆိပ်ကို အမျိုးသား မီတာ ( ၁၀၀၀ ) နဂါးလှေအားကစားနည်းမှ ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၊ဟန်ကျိုးတွင်ကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲမှရွှေတံဆိပ်ဆု၊ မြန်မာလှေလှော်အသင်း အမျိုးသမီးမီတာ၅၀၀ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်နှင့် ယခု နဂါးလှေမီတာ(၁၀၀၀)ပြိုင်ပွဲတွင် မြန်မာအမျိုးသား လှေလှော်အသင်းမှ တတိယဆုကြေးတံဆိပ်ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
အရည်အသွေးမီ မြန်မာ့ရော်ဘာပို့ကုန်များတိုးတက်တင်ပို့နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ပြောကြားခဲ့သည်။
မြန်မာ့ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အောက်တို ၅ရက်ကကျင်းပခဲ့ရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံဈေးကွက်ရရှိရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးစံသတ်မှတ်ချက် စနစ်တကျပေါ်ပေါက်ပြီး အာမခံချက်ရှိသည့် ရော်ဘာတင်ပို့နိုင်မှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ပေါက်ဈေးအတိုင်း ရမည်ဟုလည်း ဆိုသည်။
မြန်မာ့ရော်ဘာကုန်ကြမ်းများ ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိရန် နိုင်ငံတစ်ဝန်း အဆင့်မြင့်ရော်ဘာစက်ရုံ တွေပေါ်ပေါက်ဖို့လိုပြီး ယင်းအတွက်ဌာနဆိုင်ရာများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုးပေးရမည်ဖြစ်ကြောင်းမန်းငြိမ်းမောင်က ဆက်လက် ပြောကြားခဲ့သည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 05 October 2023
၁။ သီတင်းကျွတ်လပြည့်နေ့တွင် ဗိုလ်တထောင်စေတီတော်၌ ဆီမီး(၉၀၀၀) ထွန်းညှိပူဇော်မည်
၂။ နယ်မြေဒေသအေးချမ်းရေးနှင့် လျှပ်စစ်မီးအခက်အခဲက ခရီးသွားလုပ်ငန်းကဏ္ဍများအတွက် အဓိကစိန်ခေါ်မှုဖြစ်နေဟုဆို
၃။ စက်သုံးဆီဈေးများ ဆက်တိုက်ကျလာပြီး ရန်ကုန်ဈေးကွက်တွင် 92 တစ်လီတာ ကျပ် ၂၀၀ဝ အောက်သို့ ပြန်ရောက်ရှိ
၄။ တရုတ်နိုင်ငံမှ ကူညီဆောက်လုပ်ပေးသည့် မြန်နှုန်းမြင့် HSR ရထားလမ်း အင်ဒိုနီးရှား ဂျာကာတာတွင် ပထမဆုံးဖွင့်လှစ်ပြေးဆွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 05 October 2023
၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ ကိုးရက်တိုင်တိုင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်က်ရတနာပြပွဲ ဗဟိုကော်မတီမှကျင်းပမည်ဖြစ်ကြောင်းသိရသည် ။
ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြပွဲ၌ နိုင်ငံခြားသားများကို ရောင်းချနိုင်ရန်အတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
၄အပြင် တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ်(နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 05 October 2023
မူဆယ်နယ်စပ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်တွင် ရှန်တိန်စနစ်အစား ယာဉ်မောင်းများ တိုက်ရိုက်မောင်းနှင်မှုကို အောက်တိုဘာ၆ရက်နေ့၌ စတင်တော့မည်ဖြစ်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည် ။
အဆိုပါယာဉ်မောင်းများနှင့်ယာဉ် နောက်များအား ကျင်စန်းကျော့ဂိတ်တွင် တခါသုံးကဒ်TBP ထုတ်ပေးသွားမည်ဖြစ်ပြီး ဝမ်တိန်သို့ တိုက်ရိုက်မောင်းနှင်နိုင်မည် ဖြစ်ကြောင်းသိရသည် ။
ထို့အပြင် ယာဉ်မောင်းများအနေဖြင့်လတ်တလောဝင်ရောက်မည့်Export ဆိုင်ရာအချက်အလက် စာရွက်စာတမ်းများ(Ed& Allowed shipment)နှင့် မော်တော်ယာဉ်အထောက်အထားခိုင်လုံပါက လာမည့်ရက်ပိုင်းအတွင်းTBPကဒ်ဖြင့်covid-19 ရောဂါကာလမတိုင်ခင်က ကဲ့သို့ နယ်စပ်ဖြတ်သန်း၍ တိုက်ရိုက်မောင်းဝင်နိုင်တော့မည်ဖြစ်သည်။
ကုန်သွယ်မှုနှင့်ဆိုင်သော အစီအစဉ်ဖြင့် ကျင်ဆန်ကျော့ဂိတ်တွင် လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်မည့်အကြောင်း ကနဦးသိရှိရပြီး ရှန်တိန်ခနှင့်အတူ တရုတ်ဖက်အခြားကုန်ကျစရိတ်များအထူးသက်သာသွားနိုင်မည်ဟု မျှော်လင့်ရကြောင်း ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
ပွဲရုံများမှ မိမိတို့ပွဲရုံမှ သစ်သီးတင်ဆောင်မလာသော ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များအား ကုန်စည်ဒိုင်သို့ တစ်ရက်ကြိုတင်၍ စာရင်းပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့စာရင်းပေးပို့ရာတွင်အမည် ၊ မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုဇယားပါ
လိပ်စာ ၊ အိမ်ထောင်စုဇယားတွင်ပါရှိသော EIDနံပါတ် ၊ ကားနံပါတ် ၊ ဖုန်းနံပါတ် ၊ ပွဲရုံနံပါတ် များအား ပေးပို့ရမည်ဖြစ်ကြောင်းသိရသည် ။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 712 of 1897