#Local_News
Published 24 February 2025
▪️ ရန်ကုန်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများကို ငွေကျပ် သန်း၉၀၀ကျော် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၅-၂-၂၀၂၅ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူ အိမ်ထောင်စု (၁၄၅၂၉)စုနှင့် လူဦးရေ(၄၆၃၅၁)ဦးတို့အား ဇန်နဝါရီလအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၉၂၇ဒသမ၀၂) သန်းအား ပေးအပ်သွားမည်ဖြစ်ပါကြောင်း သိရသည်။
▪️ ယာယီနေရပ်စွန့်ခွာ၍ ရန်ကုန်တိုင်းဒေသကြီးရှိ၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ၂၃ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ယာယီနေရပ်စွန့်ခွာလာသူများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လူ(၁)ဦးလျှင် တစ်လ ငွေကျပ်(၂ဝဝဝဝိ/-)နှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၁)လစာအား ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလနှင့်မတ်လ (၂)လစာအား ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ဧပြီလ၊ မေလနှင့် ဇွန်လ (၃)လစာအား ဇူလိုင်လတွင်လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ (၃)လစာအား အောက်တိုဘာလတွင်လည်းကောင်း၊ ပဉ္စမအကြိမ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ(၃)လစာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း ပေးအပ်သွားမည်ဖြစ်ပြီး ပေးအပ်မှုများကို အမှန်တကယ်ယာယီနေရပ်စွန့်ခွာသူများ လက်ဝယ်အရောက် မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေးနှင့် တိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူများအနေဖြင့် စာရင်းမှန်ကန်မှုရှိစေရေး လက်ရှိနေရပ်မှပြန်လည်ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ သတင်းပို့ကြရန်လိုကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 February 2025
▪️ ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ယနေ့မနက်ပိုင်းမှစတင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။
▪️ "မနက်က ၁၀နာရီကျော်လောက်မှာ မိုးဖွဲလို့ တစ်ခါရွာတယ်၊ အခု ၁၂ နာရီ ၄၅ လောက်မှာတစ်ခါ ထပ်ရွာတယ်၊ ဒီတခါတော့ မနက်ကထက် နည်းနည်းများတယ်၊ မိုးလည်းအုံ့မှိုင်းနေတာပဲ" ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။
▪️ အဆိုပါကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်းကို မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနအပြင် ပြင်ပမိုးလေဝသစောင့်ကြည့်လေ့လာသူ ပညာရှင်များကလည်း ယခုရက်ပိုင်းအတွင်း သတိပေးထားသည်။
▪️ ထိုသို့ အသိပေးရာတွင်ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ ရက်နေ့အတွင်း
ဒေါ်ငြိမ်းရွာ ၊ကြက်ဖမွေးစောင်း၊ စက်ဆန်း၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်ပိမြို့ ၊ရွှေတောင်မှော်၊ မအူပင်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ တွံတေး ၊ကော့မှူး၊ ကွမ်းခြံကုန်း၊ ဝါးဘလောက်သောက် ၊ ဆိပ်ကြီး ခနောင်တို၊ ဒလ ၊ထန်းတပင်၊ ဝါးတစ်ရာ၊ ရွှေပြည်သာ၊ အင်းစိန် ၊လှိုင်သာယာ၊ ရန်ကုန် ၊သံလျင် ၊သီလဝါ၊ တံတားမြို့၊ ကဒ္ဒပန၊ သုံးခွ ၊ခရမ်း ၊ပိန်းကန်း၊ သက္ကလ အုန်းနှဲ၊ ဒါးပိန်၊ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ကြီးလေးကြီး၊ အင်းတကော်၊ လှည်းကူး ၊ဖောင်ကြီး၊ အင်းတိုင်၊ ထောက်ကြံ၊ မှော်ဘီ၊ တိုက်ကြီး၊ ဒေသများမှ မိုးရွာ သွန်းနိုင်သည့် အတွက် သီးနှံစိုက်ပျိုးသူများအားဖျက်မိုးသတိပြုစေလို ကြောင်း ပြင်ပမိုးလေဝသပညာရှင်စုစုစံက အသိပေးထားသည်။
▪️ ထို့အပြင် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ယနေ့ညနေအထိခန့်မှန်းချက်အရတနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီးရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်မူ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ယနေ့မနက်ပိုင်းက ထုတ်ပြန်ထားသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများမှာမူ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကကြီးမှူးကျင်းပတဲ့ မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပခဲ့ပါတယ်။
အဲဒီမဲခေါင်-ဂင်္ဂါ အစားအစာပွဲတော်ဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး မစ္စတာ Abhay Thakur နှင့် အခြားဖိတ်ကြားထားသည့်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ပွဲတော်ကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနှင့် အိန္ဒိယ ရိုးရာအစားအစာများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်များ ကို ခင်းကျင်းပြသရောင်းချပေးခဲ့ကြပါတယ်။
မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်တို့ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါ တယ်။
Mnn/ymg
#Daily_News
Published 22 February 2025
၁။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း Long Stop Date မတိုင်ခင်လုပ်ငန်းများပြီးပြတ် အောင်ဆောင်ရွက်ရမည်
၂။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်ပြည်ပမှ နည်းပညာအကူအညီများရယူဆောင်ရွက်မည်
၃။ ရွှေလုပ်ငန်းရှင်များအား ဈေးတက်နိုင်သည့် နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် အသိပေး
၄။ ငှက်တုပ်ကွေးကြောင့် အမေရိကန်တွင် ကြက်ဥဈေးနှုန်းမြင့်တက်ကာ ကြက်မငှားရမ်းမွေးမြူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခု၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြည်ပနိုင်ငံတွေကို ပြောင်းတန်ချိန်လေးသိန်းခန့်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 22 February 2025
#ပြောင်းတန်ချိန်လေးသိန်းခန့်တင်ပို့ #မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်နိုင်ဖို့အတွက် ပြည်ပမှကျွမ်းကျင်ပညာရှင်တွေရဲ့ နည်းပညာအကူ အညီတွေရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
#Local_News
Published 22 February 2025
#ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Local_News
Published_22 Feb 2025
▪️ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၁၁၁)ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်က ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ယင်းတို့ကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းက စားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရအများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို တရားမဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချော မွေ့စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်တင်ကိုကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/PP
Page 72 of 1987