Published_ 09 October 2023
အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အစ္စရေးတွင်လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် လုံခြုံရေးအခြေအနေအရ အရေးတကြီးလိုအပ်ချက်မရှိပါက နေအိမ်အတွင်း သာနေထိုင်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှအောက်တိုဘာလ ၉ရက်တွင်အသိပေးချက်ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီးလိုအပ်ချက်မရှိပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန် ၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ထားသည်။
အစ္စရေးရောက် မြန်မာနိုင်ငံသားများအနေဖြင့်(က) မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇ (ခ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄သို့ဆက်သွယ်နိုင်ပြီး အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ပါရန် တိုက်တွန်းထားကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
အထွက်နှုန်းလျော့ပြီး အသီးပါးချိန် ဖြစ်နေ
စပျစ်အထွက် နည်းပါးချိန်ဖြစ်သောကြောင့် ပွဲစားများ ခြံအရောက် ဈေးကောင်းပေး ဝယ်ယူနေ
Yangon_Times/NN
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပုဂံရွှေစည်းခုံဘုရား၌ ရေစီးရေလာကောင်းပြီး ရေမဝပ်အောင်ဆောင်ရွက်နေ
ရွှေစည်းခုံ ဘုရားရင်ပြင်တော်ပေါ်မှာ ရေဝပ်ရတဲ့အကြောင်းရင်းတွေကတော့ နေပူခံ ကျောက်ပြား အောက်ခြေရှိ ရေဆင်းပေါက်အရေအတွက် နည်းနေတဲ့အတွက် ရေစီးဆင်းမှုနဲ့မျှတမှုမရှိခြင်း၊ ရေဆင်းမြောင်းတွေ ပိတ်ဆိုနေခြင်း၊ တစ်ချိုရေစုကန်တို့မှာ ပိတ်ဆိုနေခြင်း၊ ရေစုကန်အရွယ်အစားသေးငယ်နေခြင်း၊ ရေစုကန်နဲ့ မြေသား ရေကန်တို့ ချိတ်ဆက်မှုမရှိဖြစ်နေခြင်းတို့ကြောင့် ဘုရားရင်ပြင်တော်ပေါ်မှာ ရေဝပ်ရခြင်းဖြစ်တာကို မြေပြင် တိုင်းတာမှုရလဒ်အရ သိရှိရပါတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Yangon_Times/tthl
#Local_News
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group
၇ အောက်တိုဘာ ၂၀၂၃
ဘန်ကောက်ရှိ Siam Paragonဈေးဝယ်စင်တာတွင် အသက် ၁၄နှစ်အရွယ်လူငယ်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး ဒေါ်မိုးမြင့်၏ မိခင်ဖြစ်သူထံ သေနတ်သမားလူငယ်၏ ဖခင်ဖြစ်သူက ယနေ့အောက်တိုဘာ (၇)ရက် ညနေ ၆နာရီ ၄၅ မိနစ်က သွားရောက်ကာ ဒူးထောက်တောင်းပန်ခဲ့တယ်လိုထိုင်းမီဒီယာတွေကသတင်းတွေဖော်ပြခဲ့ပါတယ်။ ဒေါ်မိုးမြင့်၏မိခင်ဖြစ်သူထံ လူမှုကူညီငွေကို စာအိတ်ဖြင့်ထည့်၍ ပေးခဲ့သော်လည်း မိခင်ဖြစ်သူက လက်မခံခဲ့လို့သိရပါတယ်။ မိခင်ဖြစ်သူက “ သူမအနေနှင့်စိတ်ဆိုး၍မဟုတ်ကြောင်း၊ စာအိတ်ထဲက ပိုက်ဆံတွေကို သူ့သမီးရဲ့အသက်တန်ဖိုးနှင့် နှိုင်း ယှဉ်၍မရပါကြောင်းပြောဆိုခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
Source: Sanook
#Daily_News
Published_ 07 October 2023
၁။ ကြိမ်ထည်လက်ရာ ကန်တော့ခြင်းများ ရောင်းအားသွက်နေ၊ မနှစ်ကဈေးနှင့် ရာဂဏန်းသာကွာဟုဆို
၂။ CMPလုပ်ငန်းများရှိ လုပ်သားများကို အနည်းဆုံးအခကြေးငွေအပြင် အပိုထောက်ပံကြေး ၁၀၀၀ကျပ် ထပ်မံခံစားခွင့်ပြု
၃။ ဗုဒ္ဓဂါယာ ခရီးသွားလာမှု ယမာန်နှစ်ကထက် ပိုများလာပြီး ဗုဒ္ဓဂါယာခရီးစဉ် ၈၀ရာခိုင်နှုန်းအထိရောင်းချထား
၄။ အမေရိကန် ကောလိပ်ကျောင်းသားများ ကျောင်းစရိတ်အကြွေးပေးနိုင်ရန် အချိန်ပိုင်းအလုပ်လုပ်ကိုင်နေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 07 October 2023
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း ၏ အခေါက်ရွှေရည်ညွှန်းဈေးနှုန်းသည် အောက်တိုဘာ ၇ရက်တစ်ရက်တာအတွင်းကျပ်ခုနှစ်သိန်းကျော်ဝန်းကျင်အထိ ခုန်တက် လျှက်ရှိကြောင်း ယင်းအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗဟိုဘဏ်လေလံဈေးနှုန်းအပေါ်အခြေပြုတွက်ချက်ထားသည့် အခေါက်ရွှေတစ်
ကျပ်သားကို ကျပ် 2,866,300 ဖြင့်ဈေးဖွင့်လာပြီး ယမန်နေ့ကထက်ကျပ် 721,000 အထိဈေး
နှုန်းမြင့်တက်နေကြောင်း သိရသည် ။
ယခင်နေ့များက ဗဟိုဘဏ် ပေါက်ဈေးဖြစ်သည့်ကန်ဒေါ်လာတစ်ဒေါ်လာလျှင် 2100ကျပ်ဖြင့်သာတွက်ချက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်အခြေပြုတွက် ချက်ထားသည့်ဗဟိုဘဏ်လေလံဈေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်2932 ကျပ်ဖြင့်တွက်ချက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးမျိုးမြင့်က ရန်ကုန်မီဒီယာဂရုကိုပြောသည် ။
အဆိုပါ ရည်ညွှန်းဈေးနှုန်းများသည် ပြင်ပပေါက်ဈေးများနှင့်ကွာဟနေဆဲဖြစ်ပြီး ယနေ့တွင် ပြင်ပပေါက်ဈေး၌အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ်အဝယ် ကျပ် 3,300,000နှင့် အရောင်း ကျပ် 3,380,000 အထိရှိနေကြောင်းသိရသည်။
လတ်တလောတွင် ရွှေဈေးကွက်အတွင်း၌ ဝယ်လိုအားထက် ရောင်းလိုအားများနေပြီးပြည်တွင်းဒေါ်လာဈေး ငြိမ်နေသည့်အတွက် ကမ္ဘာ့ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ဈးနှုန်း
ဆက်လက်ကျဆင်းနိုင်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။
ယနေ့တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ကန်ဒေါ်လာ 1833 အထိရှိနေပြီးပြီးခဲ့သည့်အပတ်ကထက်ဈေးနှုန်းကျဆင်းနေကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 07 October 2023
ဘေးမကင်းသဖြင့် သုံးစွဲရန်မသင့်သည့်အလှကုန်(၁၂)မျိုးကို အသုံးမပြုရန် မြန်မာနိုင်ငံရှိအစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှုဦးစီးဌာန(FDA)မှထုတ်ပြန်လိုက်ကြောင်းသိရသည်။
၂၀၂၃ခုနှစ်အတွင်း ပြည်တွင်းတွင်ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၁၂)မျိုး သည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတု ပစ္စည်းများပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိရသောကြောင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းအလှကုန်ပစ္စည်းများတွင်ပါဝင်သော တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ရောင်ရမ်းခြင်း၊ အဖြူ၊အနီကွက်ခြင်း၊အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ထုံကျင်ခြင်း၊ကြွက်သားတုန်ခါခြင်း၊ပင်ပန်း နွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင်ရေရှည်သုံးစွဲပါကကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်သည်ဟုဆိုသည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများနှင့်လက်လီလက်ကားဆိုင်များသည်FDAတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများ၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကိုကျင့်ဝတ်အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 708 of 1896