ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ပျမ်းမျှအပူချိန်ထက်(၁.၅) ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။
#Local_News
Published 12 November 2024
#ဆောင်းတွင်းပုံမှန်ထက်အေး #ဒေသ(၅)ခုမြူကျရက်များ
#YMG/tthl #Yangon_Times
#Local_News
Published 12 November 2024
▪️ Miss Universe Myanmar အလှမယ်သက်စံ၏ Project ဖြစ်သည့်လူငယ်များ၏ ပညာရေးနှင့်ဖွံံ့ဖြိုးရေးအတွက် အကျိုးပြု Project (Voice for Change Project) သည်အခုဆိုရင် Top (10) စာရင်းထဲကို ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ Top (10) Project ထဲမှာမြန်မာသည် Top(6)ထဲတွင် ဝင်ရောက်နေဝာာဖြစ်သည်။
▪️ Top (10) Project စာရင်းမှာ
(1)Eritiea၊
(2)Cambodia
(3)Cayman Islands
(4)Thailand
(5)Bolivia
(6)Myanmar
(7)Celinee Santos, Dominican Republic
(8)Martinique
(9)Chile
(10)Mexicoတို့ပါဝင်ခြင်းဖြစ်သည်။
▪️ MUM ၏ မိတ်ဖက် လုပ်ငန်းရှင်များ၊ အလှမယ်များ၊ ဒီဇိုင်နာများ၊ City Director များ ၊ မိတ်ဆွေများနှင့် သက်စံကိုချစ်ခင်စွာဖြင့် မိမိတတ်နိုင်သည့်ဘက်မှ နေ့စဉ်မပြတ် Vote ပေးခဲ့ကြသည့်မိဘပြည်သူများ အားလုံးကို သက်စံကိုယ်စား MUM Org မှကျေးဇူးတင်စကားဆိုထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၂၀၂၄_၂၀၂၅ ဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာသန်းပေါင်း၆၄၀ ကျော် တန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ တန်ချိန်တစ်သန်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 November 2024
#ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သန်း #ကန်ဒေါ်လာသန်းပေါင်း၆၄၀
#YMG/NN #Yangon_Times
မြန်မာ့လက်ရွေးစင်အသင်းဟာ စင်ကာပူအသင်းနဲ့နိုဝင်ဘာ ၁၄ ရက်မှာစင်ကာပူ အမျိုးသား အားကစားကွင်းမှာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 November 2024
#မြန်မာ့လက်ရွေးစင်အသင်း #စင်ကာပူး၊လက်ဘနွန်နဲ့ဖီဖာခြေစမ်းပွဲကစား
#YMG/tthl #Yangon_Times
#Local_News
Published 12 November 2024
▪️ မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲ ရန်ကုန်မြို့၌ သုံးရက်ကြာ ကျင်းပသွားမည်
ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါပြပွဲကို မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်ရန်ရည်ရွယ်၍ ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက် ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကုန်စည်ပြပွဲသို့ လာရောက်စဉ်အတွင်း ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ စိမ်းလန်းသော စွမ်းအင်ကဏ္ဍတို့မှာ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်များ တိုးချဲ့ဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ၏ လက်ရှိဈေးကွက်အခြေအနေနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရှိ စည်းမျဉ်းများအား သိရှိလေ့လာနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ သက်ဆိုင်ရာကဏ္ဍများနှင့်ပတ်သက်သည့် အလားအလာရှိသောအဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 November 2024
▪️ မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဝတ်အထည်နှင့် အထည်ချုပ်ဆိုင်ရာစီမံကိန်းနှစ်ခုဖြစ်သည့် Modern Craftsmanship Institute for Textile and clothing နှင့် Textile and Apparel Industry Workers Training Center - Luban Workshop တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Economic and Trade Vocational Institute (GXETVI) နှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုပညာသင်တန်းကျောင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားနှင့် အဝတ်အထည်ချုပ်လုပ်မှု သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲကိုယမာန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၌ကျင်းပခဲ့သည်။
▪️ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နေပြည်တော်စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ Guangxi Economic and Trade Vocational Institute (GXETVI)၊ Shenzhen Bok Times Technology and Development Co., Ltd. နှင့် Nanning Orient Daytonz Imp. & Exp. Co., Ltd. မှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ သင်တန်းဆင်း သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဝတ်အထည်နှင့် အထည်ချုပ်ဆိုင်ရာစီမံကိန်းနှစ်ခုဖြစ်သည့် Modern Craftsmanship Institute for Textile and clothing နှင့် Textile and Apparel Industry Workers Training Center - Luban Workshop တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Economic and Trade Vocational Institute (GXETVI) နှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အထည်ချုပ်သင်တန်းများကို စနစ်တကျသင်ရိုးညွှန်းတမ်းများရေးဆွဲ၍ သင်ကြားလေ့ကျင့်ခြင်းဖြင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ဒေသတွင်း အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီး Mr. Luo Shengfang ၊ Nanning Orient Dayjtonz Imp and Exp Co., Ltd. မှ General Manager Mr. Xie Weidong တို့က အမှာစကားများပြောကြားကြပြီး အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် အထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို Mr. Xie Wei-dong နှင့် အမှတ်(၂) စက်မှုသင်တန်း ကျောင်း (မန္တလေး) ကျောင်းအုပ် ကြီးတို့ကလဲလှယ်၍ အထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုသင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုပြသသည်။
▪️ ယင်း နောက်အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များ၊ Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီး Mr. Luo Shengfang က သင်တန်းပြီးမြောက်သူများ စာရင်းကိုဖတ်ကြား၍ ဆုရရှိသော သင်တန်းသားများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)သို့ ထောက်ပံ့လှူဒါန်းမည့် သင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းများ ဆောင်ရွက်ကြပြီး စီမံကိန်း ကမ္ပည်းမော်ကွန်းအား ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီး၊ Nanning Orient Dayjtonz Imp and Exp Co., Ltd. မှ General Manager တို့က အမွှေးနံ့သာဖြင့်ပက်ဖျန်းပြီး ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာသူများသည် သင်တန်းခန်းမအတွင်း သင်တန်းဆင်း Project များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_12 Nov 2024
▪️ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ကို နိုဝင်ဘာလ ၁၇ရက် နှင့် ၁၈ရက်တို့တွင် ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်တွင် နံနက်၉နာရီမှညနေ၄ နာရီထိ ဝင်ကြေးအခမဲ့ဖြင့်ကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပြပွဲကိုထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း၊ Association of Myanmar Alumni from Universities in Thailand (AMAUT)မှကြီးမှူး၍ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိနိုင်ငံတကာအဆင့်မီ နာမည်ကျော်တက္က ိုလ်(၂၉)မှ တက္ကသိုလ်များပါဝင်မည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲအတွင်းမြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များထံမှသတင်းအချက်အလက်များကိုတစ်နေရာတည်းတွင် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲမှာ မြန်မာနိုင်ငံ ၈ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်း ၊ယင်းတွင် မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့် ယင်းတက္ကသိုလ်များနှင့် တိုက်ရိုက်ကွန်ရက်များချိတ် ဆက်နိုင် မည်ဖြစ်ပြီးတိုက်ရိုက်ဆွေး နွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
▪️ ပါဝင်ပြသကြမည့် ကျောင်းများမှာ ထိုင်းနိုင်ငံရှိနိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်ကြသော Mahanakorn University of Technology International College (MUTIC)၊Bangkok University၊Assumption University ၊ Thai-Nichi International College (TNIC)၊ North Bangkok University၊Siam Business Administration Technological၊ Burapha University International College (BUUIC)၊Raffles International College ၊ IRPC Technological College ၊Asian Institute of Hospitality Management (AIHM)၊Southeast Bangkok University (SBU) ၊The University of the Thai Chamber of Commerce (UTCC)၊Krirk University ၊North Chiang Mai University၊Khon Kaen University၊ Khon Kaen University International College၊Stamford International University၊ Thammasat Business School, Thammasat University၊ The Office of International Affairs, Thammasat University၊The Faculty of Economics, Pridi Banomyong International College & School of Global Studies, Thammasat University Thammasat School of Engineering၊Silpakorn University International College၊Asian Institute of Technology (AIT)၊International Hotel and Tourism Industry Management School (I-Tim)၊Dhurakij Pundit University (DPU)၊Panyapiwat Institute of Management (PIM)၊Faculty of Engineering at Sriracha၊ Kasetsart University Sriracha Campus၊ Suan Sunandha Rajabhat University (SSRU)၊London Universities at Bangkok Center(LUBC) တို့ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 71 of 1865