Published-17 October 2023
တက္ကသိုလ်များ နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ်လက်ခံ၍ နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်ပါမောက္ခချုပ်များ နှင့် အစည်းအဝေးပြုလုပ်စဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ ပြောကြားခဲ့သည်။
ထိုအစည်းအဝေးကို အောက်တိုဘာ (၁၆)ရက်နေ့ မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးမှာကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို တက္ကသိုလ်ဝန်ထမ်းများ အားလုံးသိရှိအောင် ထပ်ဆင့်ရှင်းလင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် တက္ကသိုလ်များ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒါ့အပြင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပြီး မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသား အားကစားလှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ ဗဟိုအဆင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published 17 October 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ခရေလမ်း တွင် ယနေ့ မနက်ပိုင်း က တွဲကားတစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၄စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
အဆိုပါ ဘိလပ်မြေတင်လာသည့် တွဲကားသည် မင်္ဂလာဒုံမြို့နယ်၊ ခရပင်လမ်းရှိ ရာသက်ပန်ကားမှတ်တိုင်အနီး တွင် ဘရိတ် ပေါက် ပြီး လူနာတင်ယာဉ် တစ်စီး ကို ဝင်တိုက်မိပြီး အိမ်စီးကားပါ ထပ်မံတိုက်မိခဲ့ကာ အနီးနားရှိ လျှပ်စစ်ပစ္စည်းဆိုင်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
"ဘိလပ်မြေတင်လာတဲ့ တွဲကားက ဘရိတ်ပေါက်ပြီး လူနာတင်ယာဉ်တစ်စီးကို ဝင်တိုက်မိတယ်၊နောက် ပြီးတော့ အိမ်စီးကားနှစ်စီးကို ပါ ဝင်တိုက်ပြီးတော့လမ်းဘေးရှိတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ထဲကို တွဲကား က ဝင်သွားပြီးတော့ အိမ်စီးကားနှစ်စီးလုံးက ချိတ် ပါသွားပါတယ်၊မီးခိုးတွေပါ ထွက်ပြီး တော့ မီးခိုးတွေပါ ထွက်သွားတယ် ''ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်နိုင်ခြေရှိနိုင်သည့် အတွက် ပုလဲအရန်မီးသတ်က မီးသတ်ကားများအပါအဝင် လူနာတင်ယာဉ်များဖြင့် ထွက်ခွာကူညီခဲ့ပြီး ယာဉ်တိုက်မှု
ကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု အခြေနေ တော့ အသေးစိတ်ထုတ်ပြန် ခြင်း မရှိသေးကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published 17 October 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးတွင် ယာဥ်တိုက် မှုဖြစ်၍ အမျိုးသား၁ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ၁ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
၁၇.၁၀.၂၀၂၃ ရက်နေ့၊ ၀၁ ၃၅ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃) ကြားတွင် အောက်တိုဘာလ ၁၇ ရက်နံနက် ၁နာရီ၃၅ မိနစ်အချိန်က ယာဉ်တိုက်ဖြစ်၍ယာဉ်ပေါ်ပါ ကျား (၂)ဦးအနက် ကျား(၁)ဦး သေဆုံး၊ ကျား (၁)ဦး ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။
သို့ဖြစ်ပါ၍ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ အမြန်လမ်း ရဲတပ်ဖွဲ့ပိုင် ယာဉ်ဖြင့် ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon- Times/PP
#LocalNews
#YMG #Yangon_Times
#Local_News
Published 16 October 2023
ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်အချို့ရေကြီးနစ်မြုပ်မှု ဒဏ်ခံနေရကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၁၀ရက် ညပိုင်းကတည်းက မြို့နယ်အတွင်းသို့ ရေများဝင်ရောက်လာပြီး လက်ရှိအချိန်ထိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများရှိနေသေးကြောင်း သိရသည်။
''ရေက အခုထိ အချို့နေရာတွေမှာ ဒူးလောက်၊ အချို့နေရာတွေက ပေါင်လောက်ရှိတယ်၊ အခုရေနစ်မြုပ်တဲ့နေရာတွေ အများစုက လက်လုပ်လက်စားတွေများတော့ စားဝတ်နေရေး အခက်ခဲတွေဖြစ်တာပေါ့ အခုရရေ ဘေးဒဏ်ကလဲ နေရာ အတော်များများဖြစ်နေတော့ သူတို့ဆီ အကူအညီလာပေးတာ နည်းနေတာပေါ့''ဟု နေသူရိန် လူမူကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် အချို့မိသားစုများ မှာ နေအိမ်များတွင် နေထိုင်မရတော့ဘဲ နီးစပ်ရာနေရာများတွင် ပြောင်းရွေ့နေရကာ အချို့မှာလဲနေအိမ်ထဲရေများ ဝင်ရောက်နေပေမယ့် အဆင်ပြေသလို နေထိုင်နေရကြောင်း သိရသည်။
ငမိုးရိပ် ရေလှောင်တမံ၏ ယနေ့ ရေအမှတ် တိုင်းတာချက်အရ တမံ ရေအမှတ် မှာ ၁၁၀.၉၀ ပေရှိပြီး ရေပိုလွဲမှ ရေ ၃.၉၀ပေ ကျော်နေကြောင်း ရေလှောင်တမံ၏ ထုတ်ပြန်ချက်အရ သိရသည်။
#Local_News #ငမိုးရိပ်ရေလှောင်တမံ #အချို့ရေကြီးနစ်မြုပ်နေ
#YMG/LW #Yangon_Times
#Local_News
Published-16 October 2023
ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၈၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ (၃)ရက်မှ (၁၆)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၅၀၀)ခန့်၊ စုစုပေါင်း ဦးရေ (၈၀၀) ကျော် ခေါ်ယူရန် ဖော်ပြထားသည်။
အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန် နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက် အထားများ စိစစ်ပြီး ယင်း စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက် မှ အောက်တိုဘာလ (၂) ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၁၄) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။
#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား(၈၀၀)
#Yangon_Times/PP
#Local_News
Published_ 16 October 2023
စတုတ္ထအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု(ဒုတိယနေ့)အဖြစ် မင်္ဂလာဒုံ၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင်တူဖြစ်သူအသည်းအလှူရှင်ကိုနိုင်လင်း၏ အသည်းကိုယူပြီး အဒေါ်ဖြစ်သူ ဒေါ်ညိုညိုထွေးအား အသည်းအစားထိုးခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ယင်းအသည်းအစားထိုးကုသမှုကို အောက်တိုဘာလ(၁၅)ရက်တွင် ဆောင်ရွက်ခဲ့ပြီး အသည်းအလှူရှင်နှင့် လူနာတို့သည် ခွဲစိတ်ကုသပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းနှင့် အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု၊ ကျွမ်းကျင်သူများ ကဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နှင့်(၂၈) ရက်တို့တွင် ပထမအကြိမ်အသည်းအစားထိုးလူနာ(၂)ဦးအား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀)၊(၃၁) ရက်နှင့် ဖေဖော်ဝါရီလ(၁)ရက်တို့တွင် ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလူနာ ၃ ဦး ၊ တတိယ အကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင်လ (၁၈)ရက်တွင်အားလည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #အသည်းအစားထိုးခွဲစိတ်ကုသ #tthl #Yangon_Times
#Local_News
Published-16 Oct 2023
နှစ်စဉ်ရေနစ်မြုပ်သည့် ရေနက်ကွင်းစပါးစိုက်ခင်းများအား ရေနစ်မှုဒဏ်ခံနိုင်သည့်စပါးမျိုးနှင့် မျိုးသန့်များပြောင်းလဲရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပဲခူးမြို့၌ မိုးရွာသွန်းမှုများပြီး မြစ်ရေတက်ခြင်း၊ ဆည်ရေလျှံခြင်းများကြောင့်စပါးစိုက်ခင်းများနှင့် နေအိမ်များနှစ်စဉ်နှစ်တိုင်းလိုလိုရေနစ်မြုပ် ထိခိုက်ပျက်စီးခဲ့ပြီးယခုနှစ်ပဲခူးဒေသရေကြီးရေလျှံမှုအတွင်း ပဲခူးမြို့နယ်အပါအဝင်စုစုပေါင်းမြို့နယ်ရှစ်ခုမှ စပါးစိုက်ဧကတစ်သိန်းဝန်းကျင်ရေနစ်မြုပ်ပျက်စီးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌဉီးရဲမင်းအောင်ကယခုကဲ့သို့အကြံပြုခြင်းဖြစ်သည်။
"ရေကြီးတဲ့နေရာဆို ဘယ်လိုစပါးမျိုးကို စိုက်မလဲ ၊ ဘယ်လိုပုံစံလုပ်မှာလဲ။ စပါးရောစိုက်သင့်လား ၊ မစိုက်သင့်ဘူးလားစဉ်းစားရမယ့် အပိုင်းရှိတယ်။ မွေးမြူရေးလုပ်မလားစသဖြင့်စဉ်းစားရမယ့်အပိုင်းရှိတယ်။ ဒါတွေက MRF အနေနဲ့ဝိုင်းပြီးကူပြီးစဉ်းစားပေးလို့ရတယ်။ တချို့နေရာတွေဆို ဝင်ကူပေးလို့ရနိုင်တာရှိကောင်းရှိနိုင်တယ်။ ဘယ်ကျေးရွာ၊ ဘယ်ကွင်းမှာ ဖြစ်နေပါတယ်ဆိုတာတော့သိဖို့လိုတယ်။ စိုက်ပျိုးရေးလုပ်ငန်းရော၊ မွေးမြူရေးလုပ်ငန်းတွေဟာ စိန်ခေါ်မှုတွေများပါတယ် " ဟု၄င်းကဆက်ပြောသည်။
လတ်တလောတွင် ပဲခူးရေကြီးမှုကြောင့် စပါးစိုက်ဧကတစ်သိန်းကျော် ထိခိုက်ခဲ့ရပြီး ဆန်စပါးအပါအဝင် ကဏ္ဍအသီးသီးမထိခိုက်ပျက်စီးဆုံးရှုံးမှု ပမဏာအတိုင်းအတာကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှကွင်းဆင်းတိုင်းထွာပြီးအချက်အလက်များအား ဆက်လက်စုဆောင်းကောက်ခံရယူနေဆဲ ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်း၌မိုးရွာသွန်းမှုများပြားပြီး မြစ်ရေတက်ခြင်း၊ ဆည်ရေလျှံခြင်းများကြောင့်စပါးနှင့်အခြားသီးနှံ စိုက်ခင်းများအပါအဝင်နေအိမ်များ နှစ်စဉ်နီးပါးရေနစ်မြုပ်ထိခိုက်ပျက်စီးခြင်းများရှိသော်လည်း ယခုနှစ်၌ရေကြီးရေလျှံမှုမှာ နှစ်ပေါင်း၆၀ကျော်အတွင်း ထိခိုက်မှုအများဆုံးရေကြီးမှုဖြစ်ကြောင်းသိရသည်။
#Local_News #ရေနက်ကွင်းစပါးစိုက်ခင်းများ #စပါးမျိုးနှင့်မျိုးသန့်များ #YMG/NN
Page 694 of 1896