သီတင်းကျွတ်ပွဲတော် ကာလနီးလာသောကြောင့် စက်သုံးဆီဈေးများ အဝယ်လိုက်ပြီး တက်ရိပ်ပြလာ
ယခု အောက်တိုဘာလဆန်းပိုင်းကစပြီး စက်သုံးဆီဈေးနှုန်းများ နေ့စဉ်အနည်းငယ်စီ ပြန်ကျလာရာ အောက်တိုဘာ 23 ရက်မှာတော့ 92 တစ်လီတာကို ရန်ကုန်ဈေးကွက်2065 ကျပ်ထိ ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဂေါ်ရန်ဂျီကျွန်းသို့ သီတင်းကျွတ်လာမည့်သူ မနှစ်ကထက်ပိုများ
‘ မိုးရာသီကုန်ပိုင်းမှာတော့ ခရီးသွားအနည်းငယ်သာရှိခဲ့ပြီး သီတင်းကျွတ်ပိတ်ရက်မှာတော့ ချောင်းသာ၊ ငွေဆောင်၊ငပလီကမ်းခြေတွေအပြင် ဂေါ်ရန်ဂျီကျွန်းကို လာရောက်ဖို့ ဘိုကင်တင်ထားသူတွေ များနေတယ်။မနှစ်ကထက် ပိုများတယ်’ ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 October 2023
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် ဒေသအချို့တွင်နေရာကွက်ပြီး မိုးကြီး နိုင်သလို လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါ သဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်သည်။
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် အောက်တိုဘာလ(၂၃)ရက်မှ(၂၅)ရက် အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ထားပြီး အောက်တိုဘာလ(၂၅)ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့(Khepupara)နှင့် စစ်တကောင်းမြို့(Chittagong) တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းထားသည်။
Yangon_Times/tthl
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 23 October 2023
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် မွေးမြူရေးငါးကန်များ ပျက်စီးဆုံးရှုံးခဲ့သော်လည်း ဒေသထွက်
ငါးများ ရရှိမှုများတာကြောင့် မွေးမြူုရေးငါးဈေးကွက် ကို ထိခိုက်မှုမရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်က ပဲခူးမြစ်ရေစံချိန်တင်မြင့်တတ်ခဲခြင်းကြောင့် ပဲခူးတိုင်းအတွင်းရှိ
ငါးကန်ဧကပေါင်း၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
"ရေကြီးတဲ့အတွက် ငါးကန် ပျက်စီးဆုံးရှုံးတာတွေ များတယ်၊ ဒါပေမယ့် ဒေသထွက် ငါးတွေက မိုးများတော့ဖမ်းဆီး ရရှိမှုများတဲ့အတွက် မွေးမြူရေးငါးဈေးကွက်ကိုတော့ ထိခိုက်မှုမရှိဘူး လက်ရှိပုံမှန်ပဲ အရောင်းဝယ်ဖြစ်နေတယ် ဈေးနှုန်း အတတ်အကျ မရှိဘူး'' ဟု ငါးမွေးမြုရေး လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် မွေးမြူရေး ငါးကန်ဧကပေါင်းသုံးသောင်းကျော်ရှိပြီး ဈေးကွက်အနေဖြင့် တိုင်းဒေသကြီး အတွင်း ရောင်းချမှုများကာ ပိုလျှံသည့်ငါးများကို ရန်ကုန်ရှိ ဗဟိုစံပြငါးဈေးသို့ ပို့ဆောင်ရောင်းချကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
လက်ကားဈေးအနေဖြင့် ငါးမြစ်ချင်းတစ်ပိသာလျှင် ၅၀၀၀ ကျပ် ငါးဒန်တစ်ပိသာ လျှင် ၄၅၀၀ ကျပ်စသည့် ဈေးနှုန်းများနှင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
လက်တွေ့ အကောင်အထည်ဖော်မယ့်သူ 30 ကို ရွေးချယ်ပြီး ပြည်ပခရီးစဉ် လေ့လာရေး ရွေးချယ်စေလွတ်သွားမယ်
အုန်းသီးစိုက်ပျိုးတာနဲ့ အခြေခံထုတ်ကုန်လုပ်ငန်းရှင်တွေကို မိမိလုပ်ငန်းရဲ့အခြေအနေတွေ ဖော်ပြလို့ရအောင် Basic Business Plan ရေးဆွဲနည်း သင်တန်းပေးသွားမယ်
Yangon_Times/NN
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပအလုပ်အကိုင် အေဂျင်စီလိုင်စင်အာမခံကြေး ပြောင်းလဲမည့် နှုန်းထားလျာထားချက် လျော့ပေးဖို့ MOEAF တင်ပြထားဟုဆို
ပြည်ပအလုပ်အကိုင် အေဂျင်စီလိုင်စင် အာမခံကြေးအတွက် အလုပ်သမားဝန်ကြီးဌာနက ပြောင်းလဲသတ်မှတ်မယ့် နှုန်းထားလျာထားချက်ဟာ များနေတဲ့အတွက် အနည်းငယ်ပြန်လျော့ပေးဖို့ အေဂျင်စီများရဲ့ သဘောဆန္ဒအရ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) က အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
ဆောင်းတွင်းအေးမည့် ကွတ်ခိုင်မြို့တွင် စစ်ဘေးရှောင်များအတွက် အနွေးထည်များ လိုအပ်နေ
‘ ဆောင်းကာလကွတ်ခိုင်မှာ ရာသီဥတုအေးတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေအတွက် အဝတ်အထည်တွေ လိုအပ်နေပါတယ်။အစားအသောက်တွေ ရှိပေမယ့် ဝတ်ဖို့ အဝတ်တွေကို လှူဒါန်းသူနည်းနေလို့ အဝတ်အထည်တွေ၊ အနွေးထည်တွေ လိုအပ်နေပါတယ် ’ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 683 of 1896