#Local_News
Published_ 24 October 2023
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်းဘေးတွင် အချင်းတန်းလန်းဖြင့် စွန့်ပစ်ခဲ့သည့် မွေးကင်းစ ကလေးငယ်ကို မခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက်ခဲ့ကြောင်း မခိုင်နှင်းဝေ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။
အဆိုပါ ကလေးငယ်ကို အောက်တိုဘာ ၂၃ ရက် ည ၉နာရီ ခန့်က အချင်းတန်းလန်းဖြင့် မွေးကင်းစမိန်းကလေးငယ်တစ်ဦးစွန်ပစ်ခံခဲ့ရကြောင်း မြန်မာကြယ်ဖြူလူမှုကူညီရေးအသင်းထံကို ရပ်ကွက်မှအကြောင်းကြားခဲ့ပြီး ယင်းလူမှုကူညီရေးအသင်းက မခိုင်နှင်းဝေထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ မခိုင်နှင်းဝေမှ ညတွင်းချင်း သွားရောက်ပြီး ကလေးငယ်ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာတွင် မခိုင်နှင်းဝေ စောင့်ရှောက်ပေးထားသည့် ကလေးငယ် ၉၃ ယောက်ရှိပြီး ယခု ကလေးငယ်မှာ ၉၄ယောက် ကလေးငယ်ဖြစ်ကြောင်း သိရသည်။
#Local_News #စွန့်ပစ်မွေးကင်းစကလေးငယ် #YMG/LW #Yangon_Times
#Local_News
Published_ 24 October 2023
ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ချမ်းမြေ့ဆရာတော်ကြီးနှင့်တပည့်ဒကာ၊ဒကာမအလှူရှင်များမှ ရန်ကုန်မြို့ တွင်းရှိ မြို့နယ်ပေါင်း (၃၁)မြို့နယ်မှ သီလရှင်ကျောင်း(၇၁၅)ကျောင်းမှ သီလရှင်(၁၂၄၂၇)ပါးကို ဆွမ်းဆန်၊ဆီနှင့် နဝကမ္မဝတ္တုငွေများစုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သီလရှင်ကျောင်းတိုက်များမှ သီလရှင်စုစုပေါင်း(၁၂၄၂၇)ပါးကို ချမ်းမြေ့ဆရာတော်ကြီးအမှူးပြုသော တပည့်ဒကာ၊ဒကာမများမှ တစ်ပါးလျှင် ဆွမ်းဆန်(၁)ပြည်၊ ဆီ(၃၀)သားစီ၊ငါးသေတ္တာတစ်ဗူးစီနှင့် ဝတ္ထုငွေကျပ်တစ်သောင်းစီလှူဒါန်းခဲ့သည်ဟုဆိုသည်။
ချမ်းမြေ့ရိပ်သာကျောင်း(ရန်ကုန်)သို့ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိစုရပ်နေရာများမှ ကြိုပို့မော်တော်ယာဉ် (၁၇၄)စီးဖြင့် ပင့်ဆောင်၍ (၅)ရက်တိုင်တိုင်လှူဒါန်းခဲ့ကြပြီး ၂၀၂၃ခုနှစ်အောက်တိုဘာလ(၂၄)ရက် မွန်းလွှဲ ၄နာရီ တွင်ရန်ကုန်ချမ်းမြေ့ရိပ်သာကျောင်း ဓမ္မာရုံသိမ်တော်ကြီး၌ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရေစက်ချအခမ်းအနားတွင် ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်ကြီးမှ အနုမောဒနာတရားဟောကြားချီးမြှင့်မည် ဖြစ်ပြီး အလှူရှင်အားလုံးနှင့် ဓမ္မမိတ်ဆွေအပေါင်း ရေစက်ချအခမ်းအနားသို့ တက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။
#Local_News #သီလရှင်(၁၂၄၂၇)ပါး #ချမ်းမြေ့ဆရာတော်ကြီး #tthl #Yangon_Times
#Local_News
Published- 24 October 2023
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၆ လတာကာလတွင် ပြည်တွင်းပြည်ပ လုပ်သား ၃၃၀ ကျော် အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၆ လတာ ကာလ အတွင်းတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၉ သန်းအပါအဝင် ကျပ်သန်းပေါင်း ၅၉၁၄ ဒသမ ၇၈ ကို ထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၇၄ ဦးကို အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၈၉ဝ သန်း ကို ခွင့်ပြုမိန့် ထုတ်ပေးနိုင်ခဲ့ကာ ပြည်ပဝန်ထမ်း ၅၂ ဦးနှင့် ပြည်တွင်းလုပ်သား ၂၀၇ ဦး ကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။
မကွေးတိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် နိုင်ငံတကာစံနှုန်းနှင့် ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်တို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါရည်ရွယ်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း အဆိုပါ အစည်းအဝေးက သိရသည်။
#Local_News #မကွေးတိုင်း #ပြည်တွင်းပြည်ပလုပ်သား #Yangon_Times/PP
#Local_News
Published-24 October 2023
ရန်ကုန်လေဆိပ်တွင် Grab EV Taxi ဝန်ဆောင်မှုကို အောက်တိုဘာလ ၂၃ ရက်က စတင်ဝန်ဆောင်မှုပေးနေ ပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
Grab ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြန် ခရီးအတွက် NS International Co., Ltd နှင့် ပူးပေါင်း၍ MG5 EV Luxury ကားများဖြင့် စမ်းသပ်ကာလအဖြစ် စတင်ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စမ်းသပ်ပြေးဆွဲကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) နှင့် Terminal (3) ရှိ Grab Taxi ဝန်ဆောင်မှုကောင်တာများက တစ်ဆင့် Booking ပြုလုပ် စီးနင်းနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Grab EV Taxi ဝန်ဆောင်မှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိ ကဝတ် စံနှုန်းများဖြင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊အဆိုပါ Grab Taxi ဝန်ဆောင် မှုကို နံနက် ၄ နာရီမှ ည ၁၁ အထိ အချိန်သတ်မှတ်ထားကြောင်း သိရသည်။
#Local_News #ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် #Grab_EV_Taxiဝန်ဆောင်မှုစတင် #Yangon_Times/PP
Published-23 October 2023
ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူရန်ကုန်အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်အထိမြင့်တက်လာကြောင်းရွှေဈေးကွက်အတွင်းမှ သိရသည် ။
ထိုသို့မြင့်တက်ရာတွင် တစ်ပတ်တာအတွင်းကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကိုကန်ဒေါ်လာ 65 ဒေါ်လာအထိမြင့်တက်လာပြီး ရန်ကုန်အခေါက်ရွှေတစ်ကျပ်သားကို 101,600 ကျပ်အထိဈေးနှုန်းလိုက်ပါ မြင့်တက်လာကြောင်း သိရသည်။
" အရှေ့အလယ်ပိုင်းအရေးကြောင့်ကမ္ဘာ့ရွှေဈေးတြွေမင့်တက်နေတဲ့အတွက်ဒီကဈေးတွေပါလိုက်တက်နေတာပါ ။အမှန်ဒီအချိန်ကပုံမှန်ဆိုရင်ကျရမယ့်အချိန်ထဲမှာပါပါတယ် " ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ် ။
ပုံမှန်အားဖြင့် ရွှေလုပ်ကွက်များမှ ရွှေကုန်ကြမ်းထွက်ရှိချိန်နှင့် ပြည်နယ်နှင့်တိုင်းများမှ လက်ဝတ်ရတနာကုန်ကြမ်းများ ဝင်ရောက်မှု များပြားချိန်များ၌ ပြည်တွင်းဈေး နှုန်းများကျဆင်းလေ့ရှိကြောင်း၊ လက်တလောတွင်ဈေးကွက်အတွင်း၌ ရောင်းလိုအား များပြီးဝယ်လိုအားနည်းပါးနေကြောင်း သိရသည်။
ယနေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စကို ကန်ဒေါ်လာ 1980အထိဈေးနှုန်းမြင့်တက် နေ ပြီးရန်ကုန် ရွှေလုပ်ငန်းရှင်အသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားကို 3,096,100ကျပ်အထိ ဈေးနှုန်းရှိနေကြောင်းသိရသည်။
ပြင်ပဈေးကွက်၌မူအခေါက်ရွှေတစ်ကျပ်သားကို 3,450,000 ကျပ်ဝန်းကျင်အထိ ဈေးနှုန်းရှိနေပြီး နိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို 3260ကျပ်အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 23 October 2023
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် အောင်ဇေယျကြိုးတံတားအောက်တွင် ဒိုင်နာယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ အနှေးယာဉ် ကို တိုက်မိတာကြောင့် အနှေးယာဉ်မောင်းသူ ထိခိုက်ဒဏ်ရာရရှိ ပြီး စိုးရိမ် ရသည့် အနီ ရောင် အဆင့် တွင် ရှိနေကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်) ထံမှ သိရသည်။
အောက်တိုဘာ ၂၃ရက် နံနက် ၁၀နာရီ ခန့် က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အောင်ဇေယျ ကြိုးတံတားအောက် တွင် ဒိုင်နာယာဉ်မှ တစ်ဖက် ယာဉ်ကြော သို့ အကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ အနှေးယာဉ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
'' အနှေးယာဉ်သမား က အသက် ၅၅ နှစ် ဝန်းကျင် ရှိတယ်၊ ဦးခေါင်း ပိုင်း အတော် ထိသွားတယ်၊နောက်စေ့ကွဲပြီး အရေခွံ လန် သွားတယ် စိုးရိမ် ရတဲ့ အနေထားရှိတယ် ''ဟုတွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်) မှတာဝန်ရှိသူကပြောသည်။
အဆိုပါ ယာဉ်တိုက်မှု ကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးပြီး ဒိုင်နာယာဉ်မောင်း ကို ဖမ်းဆီးကာ မြို့နယ်ရဲစခန်းကိုခေါ်ဆောင်သွားကြောင်း၊ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အနှေးယာဉ်မောင်းသူ ကို တွဲလက်လူမှုကူညီရေးအဖွဲ့ မှ အင်းစိန်ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 October 2023
၁။ ဆောင်းကာလအေးမည့် ကွတ်ခိုင်မြို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်များ လိုအပ်နေ
၂။ ပြည်ပအလုပ်အကိုင် အေဂျင်စီ လိုင်စင်အာမခံကြေး ပြောင်းလဲမည့် နှုန်းထားလျာထားချက် လျော့ပေးဖို့ MOEAF တင်ပြထားဟုဆို
၃။ အုန်းစိုက်တောင်သူများကို သင်တန်းပေးခြင်းများအပြင် ပြည်ပခရီးစဉ်များ စေလွှတ်မည်
၄။ တရုတ်နှင့် ဆော်ဒီအာရေဗျတို့၏ ပူးပေါင်းဆောင်ရွက်ရေး သင်္ကေတဖြစ်သည့် NEOM အနာဂတ်မြို့ကြီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 682 of 1896