Published_ 03 November 2023
ရန်ကုန်တိုင်းအတွင်း၌ ဆောင်းပဲမျိုးစုံ လျာထားချက် ဧကလေးသိန်းကျော်တွင် ပဲတီစိမ်းဧက သုံးသိန်းကျော်ဖြင့် အများဆုံးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဆောင်းပဲမျိုးစုံ စုစုပေါင်းဧက ၄၁၄,၈၀၃အထိစိုက်ပျိုးရန်လျာထားရာပဲတီစိမ်းဧက၃၆၁,၃၅၇ဖြင့်အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ပဲတီစိမ်းကို သန်လျင်ခရိုင်အတွင်း ပါဝင်သည့် သုံးခွမြို့နယ်၌ ၁၃၀,၁၈၃ဧက၊ခရမ်းမြို့နယ်၌ ၁၀၁,၆၄၃ ဧက၊ ကျောက်တန်းမြို့နယ်၌ ၄၈,၇၈၇ဧက၊ တံတားမြို့နယ်၌ ၃၂,၀၈၂ဧက စသည်ဖြင့် သန်လျင်ခရိုင်တွင် အများဆုံးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင်ပဲတီစိမ်းကို လှည်းကူးခရိုင်၌ ၃၉၉၇ဧက၊မှော်ဘီခရိုင်၌ ၅၀၂ဧက၊တွံတေးခရိုင်၌ ၈၄ဧကဖြင့် အသီးသီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူဆောင်းပဲမျိုးစုံစိုက်ပျိုးရာတွင်မတ်ပဲ၊ပဲလွန်း၊ပဲဖြူလေး၊ဘိုကိတ်ပဲ၊ပဲပုတ်အပါအဝင်အခြားပဲများဧကစုစုပေါင်း၅၃,၄၄၆ဧကကိုစိုက်ပျိုးရန်လျာထားကြောင်း၊ဆောင်းပဲမျိုးစုံအားမိုးရွာသွန်းမှုကုန်ဆုံးချိန်နောက်ကျခြင်းနှင့်စောခြင်းပေါ်မူတည်၍အောက်တိုဘာနှင့်နိုဝင်ဘာစသည့်လများ၌စတင်စိုက်ပျိုးလေ့ရှိကာအပင်သက်တမ်းများမှာသုံးလကြာမြင့်လေ့ရှိကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 03 November 2023
နိုဝင်ဘာလအတွင်းတွင် IELTS စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရန်ကုန်၊မန္တလေး၊နေပြည်တော်၌ ဖြေဆိုရမည့် နေ့ရက်နှင့်အချိန်များကို British Council Myanmarမှထုတ်ပြန်ထားကြောင်းသိရသည်။
ရန်ကုန်တွင် IELTS ရေးဖြေ On Paper Test dates အဖြစ် နိုဝင်ဘာ၉၊၁၈၊၁၅ရက်တွင်ဖြေဆိုရမည်ဖြစ်ပြီး မန္တလေးတွင် နိုဝင်ဘာ၉ရက်၌ On Paperဖြေဆိုကြရမည်ဖြစ်ကာ နေပြည်တော်တွင် နိုဝင်ဘာ၁၉ရက်၌ IELTS on Computerကွန်ပြူတာဖြင့်ဖြေဆိုရမည်ဟုဖော်ပြထားသည်။
ယင်းအပြင် ရန်ကုန်တွင် IELTSကွန်ပြူတာဖြင့်ဖြေဆိုရမည့်ရက် နိုဝင်ဘာ၁၊၂ ၊၃၊ ၄၊ ၈၊ ၉၊ ၁၀၊ ၁၁ ၊၁၂၊ ၁၅၊ ၁၆ ၊၁၇ ၊၁၈၊ ၂၂ ၊၂၃၊ ၂၄၊ ၂၅၊ ၂၉၊ ၃၀ရက်များတွင်ဖြေဆိုရမည်ဖြစ်ပြီး မန္တလေးတွင် IELTSကွန်ပြူတာဖြင့် ဖြေဆိုရမည့်ရက် နိုဝင်ဘာ၃၊၁၀၊၁၇၊၂၄၊၁၁ရက်တွင်ဖြေဆိုရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
British Council Myanmarအနေဖြင့် ၂၀၂၃ခုနှစ်တွင်မြန်မာနိုင်ငံသားများကို IELTS Prize2023ကိုပေးအပ် သွားမည်ဖြစ်ပြီး £5000၊ £2000၊£1000ရရှိသည့် ဆုရှင်သုံးဦးကို နိုဝင်ဘာလ၆ရက်တွင် British Council Myanmar Pageတွင်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရွှေဈေးကွက်များအတွင်း ကုန်ကြမ်း အဝင်နည်းသည့်အပြင် ရေနံထွက်သည့်နိုင်ငံများ၏ ဝယ်လိုအားကြောင့် မြင့်တက်လာသည့် ကမ္ဘာ့ရွှေဈေးနှင့်အတူ မြန်မာ့ရွှေဈေးပါ လိုက်ပါမြင့်တက်နေ
' ရေနံရောင်းတဲ့ နိုင်ငံတွေအကုန်လုံးက ဟိုဘက်ကို ရတဲ့ဟာကို ဒေါ်လာမယူကြဘဲ ရွှေပြန်ဝယ်ကြတာ၊ပြည်တွင်းကအေးတယ်၊ နောက်ဟိုဘက်ကလည်းအဝင်တော့ နည်းနည်းနဲတာပေါ့
' ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်
Yangon Time#Yangon_Times/NN
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကုမ္ပဏီများကို သိန်းရာချီ၊ ထောင်ချီ လိမ်လည်မှုများ ရန်ကုန်၌ များနေ
‘ အခုလိမ်လည်မှုတွေ များနေတယ်။ကုမ္ပဏီတွေကနေ သိမ်းရာချီ၊ ထောင်ချီလိမ်တာ။ လိမ်လည်မှု ကျူးလွန်သူအများစုဟာ ဥပဒေအရ တရားစွဲဆိုမှုတွေကို ရင်ဆိုင်လိုက်ပြီး အာမခံနဲ့ လွှတ်သွားတာတွေ များနေတာဟာ တရားစီရင်ရေးမှာ အချို့အမှုတွေမှာ အဂတိတွေရှိနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်တာဖြစ်တယ်’ တရားလွှတ်တော်ရှေ့နေ ဒေါ်ပွင့်တင်မအင်တာဗျူးရုပ်သံဖိုင်
#Yangon_Times/tthl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
အသီးလုံးဝ ပြတ်သွားတာတော့မဟုတ်ဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတော့ဘူး ဖြစ်လာတာပေါ့
'မိုးတအားများသွားတော့ ခြံတွေဘာတွေမှုပ်ကုန်တာကိုး။သီတင်းကျွတ်သီးကို ကားခြောက်စီးလောက်ပိုရတဲ့အခါမှာ ဒီနှစ်နှစ်စီးလောက်ပဲရတယ်။အသီးက အလေအလွင့်များသွားတာကိုး။ခြံအတော်များများလည်း ဒီလိုပဲ။လိုအပ်တဲ့ သွင်းအားစုလည်း အပြည့်အဝမပေးနိုင်တာပါတာပေါ့' မြန်မာနိုင်ငံကျွဲကော စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဌဦးမြင့်သိန်း
#Yangon_Times/NN
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
DAVIS CUP တင်းနစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရပြီး ကမ္ဘာ့ဖလား တင်းနစ်ပြိုင်ပွဲဝင်ရမည်
‘DAVIS CUP ကမ္ဘာ့အဆင့်တင်းနစ်ပြိုင်ပွဲမှာ မြန်မာက အိမ်ရှင်ဘာရိန်းနဲ့ ဘူလ်တန်ကို နိုင်ပြီး Semifinalပွဲမှာ လာအိုအသင်းကို နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ရသွားပြီး လာမယ့်၂၀၂၄ခုနှစ်ကမ္ဘာ့ဖလားတင်းနစ်ပြိုင်ပွဲမှာ ASIA OCEANIA GROUP IV(အေးရှန့် အိုရှန့်ဗီရာ့ ဂရု ဖိုး)မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားတယ်’ မြန်မာနိုင်ငံတင်းနစ်အဖွဲချုပ် ဒုဥက္ကဌဒေါက်တာအောင်ကျော်ဆန်း
#Yangon_Times/tthl
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
ယခင်နှစ်ထက် သနပ်ဖက်ဈေး ပိုရသော်လည်း အထွက်နှုန်းနည်း
ဆေးပေါလိပ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ သနပ်ဖက် ဈေးကွက်ဟာ ယခင်နှစ်ထက် ဈေးပိုရပေမယ့် မိုးများခဲ့တာကြောင့် ထွက်နှုန်းနည်းတယ်လို့ သနပ်ဖက် စိုက်တောင်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 660 of 1895