တန်ဆောင်မုန်းလပြည့်နေ့တွင် ဗိုလ်တထောင်စေတီ၌ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ဆက်ကပ်ပွဲ ကျင်းပမည်
‘ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နိုဝင်ဘာလ၂၆ရက်မှာ မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်ပွဲကို ဦးစွာကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ (၂၇)ရက် မနက်ပိုင်းမှာတော့ မသိုးရွှေကြာသင်္ကန်းကို ဆက်ကပ်ပူဇော်သွားမှာဖြစ်တယ်’ ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ
#Yangon_Times/tthl
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 04 November 2023
ဆန်တန်ချိန်၅၀ သို့မဟုတ် စပါးတင်း၅၀၀၀ နှင့်အထက် သိုလှောင်ရုံအားလုံး နိုဝင်ဘာ၃ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းများအနေဖြင့် အွန်လိုင်းမှတ်ပုံတင် ပြုလုပ်နိုင်ခြင်းဖြစ်သည်။
ထိုသို့ မှတ်ပုံတင်ရာတွင် MyanmarRice Online(MyRo)-www. MyRo. com. mmတွင်မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ပြီး အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းအတွက် သိုလှောင်ပါက ဆန်တန်ချိန်၅၀ သို့မဟုတ် စပါးတင်း၅၀၀၀ နှင့်အထက် သိုလှောင်သည့်သိုလှောင်ရုံများအားလုံး အကျုံးဝင်ကြောင်းသိရသည်။
အဆိုပါ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ပန်းပဲတန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_04 November 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် တွင် ရပ်ထားသည့် တွဲကား ကို အနောက် မှ ဝင်တိုက်မိသဖြင့် တိုက်သည့် ယာဉ်မှ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံ က သိရသည်။
နိုဝင်ဘာ ၃ ရက် ည ၈နာရီ ခန့် က သာကေတမြို့နယ် ရတနာလမ်းမကြီး၊လယ်ယာ( ၃)လမ်းထိပ် တွင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်သည့် ယာဉ် မှ ယာဉ်မောင်း မှာ ကားထဲ တွင် ညှပ်နေသောကြောင့် ရပ်ကွက်နေပြည်သူများ ၊ပရဟိတ အသင်းများနှင့်သက်ဆိုင်ရာတာဝန်ရှိသူ များပူးပေါင်းကာ ကားထဲ မှ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းမှာ အသက် ၄၀နှစ် ဝန်းကျင်ရှိပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းနှင့်လက်မောင်း တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းလူနာ ကို မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီး မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_04 November 2023
မြန်မာ - ကိုရီးယား အထူးကု ဆရာဝန်များ ပူးပေါင်း၍မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၂၆) ဦးကို ခွဲစိတ်ကုသပေးခဲ့ကြကြောင်းသိရသည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မျက်နှာကွဲ ကလေးလူနာ (၄၀)ဦးအား စမ်းသပ် စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ (၁)ရက်တွင် နှုတ်ခမ်းကွဲလူနာ (၁၀)ဦး အာခေါင်ကွဲလူနာ (၂)ဦး စုစုပေါင်း (၁၂)ဦးအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ နေပြည်တော်တို့တွင် ခွဲစိတ်ကုသပေးခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် နိုဝင်ဘာလ (၂) ရက်တွင် နှုတ်ခမ်းကွဲလူနာ (၁၂) ဦး ၊ အာခေါင်ကွဲလူနာ (၁)ဦး၊ မျက်နှာကွဲလူနာ (၁)ဦး စုစုပေါင်း (၁၄)ဦးတို့အား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)တွင် ဆက်လက်၍ ခွဲစိတ်ကုသပေးခဲ့ရာ လူနာများ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
၃ နိုဝင်ဘာ ၂၀၂၃
နိုဝင်ဘာ ၃ရက် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲအခြေအနေများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်ကိုဖော်ပြပေးအပ်ပါတယ်။
၃ နိုဝင်ဘာ ၂၀၂၃
KIA အဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါး စေသော အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာခြင်း၊ လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ထပ်မံ၍ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ နစက,က သတိပေးလိုက်ပါတယ်။
KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော ရထားလမ်း၊ ကားလမ်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နယ်မြေလုံခြုံရေးစခန်းငယ်များအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက်ခဲ့ရတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
KIA အဖွဲ့၏ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲမှု အနေဖြင့် မိုးညှင်း မြို့နယ်၊ မော်ဟန်ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မြစ်ကြီးနား-မန္တလေး သွားမီးရထားလမ်းပေါ်မှ အရှည် ၁၂၀ ပေရှိ တံတားအမှတ် (၅၅၅)အား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ငါးမိုင် ကျေးရွာ၏ မြောက်ဘက်မီတာ ၈၀၀ ခန့်အကွာ တံတားအရှည် ၃၂၀ ပေရှိ နန်းခွင် ချောင်းသံဘေလီ ရထားလမ်းကူးတံတားအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နေ့တွင် လည်းကောင်း၊ ဟိုပင်မြို့၊ မြို့သစ်ကလေးကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ တံတားအရှည် ၈၀ ပေရှိ ရေပေါက်ကြီး ရထားလမ်းကူး တံတားနှင့် တံတားအရှည် ၄၀ ပေရှိ နန်းသာယာ ရထားလမ်းကူးတံတားတို့အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တို့တွင် လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ယင်းအပြင် ကားလမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲမှုအနေဖြင့် ဟိုပင်မြို့ ၏ မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မိုးညှင်း-ဟိုပင်-မိုးကောင်း-မြစ်ကြီးနား သွားကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၃၅၆/၃၅၇ နေရာ တံတားအရှည် ၅၀ ပေရှိ တဝက်ချောင်းကူး ကွန်ကရစ်တံတား(ကားလမ်း)နှင့် တံတားအရှည် ၂ဝ ပေရှိ တဝက်ချောင်းကူးတံတား (ရထားလမ်း)တို့အား ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် လည်းကောင်း၊ ရွှေကူမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် ဆက်စပ်နေရာ အရှည်ပေ ၅၀ ပေရှိ ပေါင်းနက်ချောင်းကူးတံတားအား ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့ တွင်လည်းကောင်း၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာနှင့် ရွှေကူမြို့နယ်၊ မင်းကျောင်း ကုန်းကျေးရွာအား ဆက်သွယ်ထားသည့် ကောက်ကွေ့ချောင်းကူးကွန်ကရစ်တံတား အား ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လည်းကောင်း၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ ကျေးရွာအုပ်စု၊ နောင်းပုံကျေးရွာအနီး မြစ်ကြီးနား-မန္တလေး သွားကားလမ်းပေါ် အရှည်ပေ ၆၀ ရှိ သံဘောင်ဘေလီတံတားအမှတ်၊ (၇၂၂) အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ သည့်အပြင် လမ်း၊ တံတားများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုသွားလာလျက်ရှိသော ရထားလမ်း၊ ကားလမ်းနှင့် တံတားများအား ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တိုင်းရင်းသားပြည်သူလူထု၏ သွားလာရေးကိုအခက်အခဲဖြစ်ပေါ် စေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအပေါ် များစွာထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ရတယ်လို့လည်းသတင်းမှာရေးသားထားပါတယ်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆဲကာလအတွင်း တပ်စခန်းများအား တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ်အသိပေး ပြောကြားခဲ့သော်လည်း KIA အနေဖြင့် တပ်မတော်၏ တပ်စုအဆင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် စခန်းငယ်များကိုလည်း သာလွန်အင်အားအသုံးပြု၍ အလစ်အငိုက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါတပ်စခန်းများသို့ KIO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂွမ်မော် ကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ယင်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးအကြောင်းကြား ခဲ့သော်လည်း KIA အဖွဲ့အနေဖြင့် တပ်မတော်၏ အသိပေးအကြောင်းကြားထားမှု အပေါ် မသိကျိုးကျွန်ပြုကာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
KIA အဖွဲ့အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လက်နက်၊ ခဲယမ်းစက်ရုံများအား တည်ဆောက်၍ လက်နက်၊ ခဲယမ်းများ ထုတ်လုပ် ကာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရာတွင် အသုံးပြုသကဲ့သို့ ပြည်တွင်းရှိ အကြမ်းဖက်အဖွဲ့များကိုလည်း အဖျက်အမှောက်နှင့် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နောက်ကွယ်မှ လက်နက်၊ခဲယမ်းများပံ့ပိုးခြင်း၊ အားပေးအားမြှောက် ပြုခြင်းများ လုပ်ဆောင်လျက်ရှိတဲ့အတွက် တပ်မတော်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ ထပ်မံ ကျူးလွန်လာခြင်းများ မရှိစေရန်အတွက် ပြန်လည် တုန့်ပြန် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ့အတွက် ထပ်မံ၍ ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါး စေသော အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာခြင်း၊ လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုန့်ပြန်မှုများကို တပ်မတော်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။
-ymg/knl
#Daily_News
Published_ 03 November 2023
၁။ ယခင်နှစ်ထက် သနပ်ဖက်ဈေး ပိုရသော်လည်း အထွက်နှုန်းနည်း
၂။ မြန်မာတင်းနစ်အသင်း DAVIS CUP ပြိုင်ပွဲတွင် အောင်ပွဲရပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလားတင်းနစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ
၃။ ရာသီဥတုနှင့် သွင်းအားစုကြောင့် ကျွဲကောသီး အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်း
၄။ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး အခက်အခဲညွှန်းကိန်း ဩဂုတ်လတွင် ပြင်းထန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 659 of 1895