(၃)နှစ်တာ အကျဉ်းရုံးကျင်းပခဲ့သည့် လှည်းကူးတန်ဆောင်တိုင်ပွဲတော် ယခုနှစ်တွင် စည်ကားစွာကျင်းပမည်
‘အခုနှစ်မှာထူးခြားချက်အနေနဲ့ လှည်းကူးမြို့နယ်အပြင် တိုက်ကြီးမြို့နယ်ဘက်ကိုလည်း လှည်းကူး တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူဘုရားတွေ လှည့်လည်အပူဇော်ခံတာတွေဆောင်ရွက်သွားဖို့ ရှိပါတယ်’ လှည်းကူးတန်ဆောင်တိုင် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းမြောက်တိုက်ပွဲကြောင့် လောက်ကိုင်တွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူ သောင်းနှင့်ချီ ပိတ်မိနေဟုဆို
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ အနယ်နယ် အရပ်ရပ်မှ ပြည်သူသောင်းနဲ့ချီ ပိတ်မိနေတယ်လို့ လူမှုကူညီရေးအသင်းတွေထံ ကသိရပါတယ်
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 6 November 2023
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်းအား ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်တွင်းပြည်ပ ကလပ်အသင်းများမှ ကစားသမား ၂၉ ဦးပါဝင်သည့် အဆိုပါ စာရင်းတွင် ဒဏ်ရာကြောင့် နောက်တန်းလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)နှင့် ကစားသမားအချို့ပါဝင်နိုင်ခြင်း မရှိပေ။
လက်ရှိရွေးချယ်ထားသော ကစားသမားများ အနေဖြင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်း(၁)တို့တွင် ယနေ့ နိုဝင်ဘာ ၆ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လေ့ကျင့်မှုများ ပြီးဆုံးသည်နှင့် အပြီးသတ် ကစားသမားစာရင်း ဆက်လက် ရွေးချယ်ကာ နိုဝင်ဘာ ၁၃ ရက်တွင် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအနက် ပထမဆုံး ပွဲစဉ်ဖြစ်သည့် ဂျပန်နှင့်မြန်မာ ပွဲစဉ်အား ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန်နှင့်ပွဲစဉ်အား ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒုတိယမြောက်ပွဲစဉ်အဖြစ် မြောက်ကိုရီးယား အသင်းနှင့် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
6 November 2023
ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းပေးပို့ကြရန် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါမေတ္တာရပ်ခံပန်ကြားချက်တွင်
၁။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် ရေလုပ်သားများကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး၊ လူကုန်ကူးခံရသူများအား သက်ဆိုင်ရာနိုင်ငံနှင့်ညှိနှိုင်း၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံသားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်အားကနဦး ဆောင်ရွက်ရကြောင်း၊အဆိုပါ ကောင်စစ်ဆိုင်ရာလုပ်ငန်းစဉ်များသည် လချီကြာရှည်တတ်သောကြောင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို မြန်မာသံရုံး သို့သတင်းပေးပို့ထားပါက ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရာတွင် ကောင်စစ်ဆိုင်ရာလုပ်ငန်း များဆောင်ရွက်ချိန်၌ အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသားများအား ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတို့ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
၂။ သို့ဖြစ်ပါ၍ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေအရအပြည့်အဝ ကာကွယ်ပေးနိုင်ရေးဆောင်ရွက်ရာတွင် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဆောင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် မိမိတို့ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို မြန်မာသံရုံးသို့ သတင်းပေးပို့ထားပါရန် မေတ္တာ ရပ်ခံလိုပါကြောင်းနှင့် သတင်းပေးပို့လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန၏မေးလ်ဖြစ်သည့်
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 November 2023
မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖူးလ်ဘရိုက်ပညာသင်ဆုအစီအစဉ်ကို နိုဝင်ဘာလ(၃၀)ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။
အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်ရန် စိတ်ကူးရှိသူများပါဝင်လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၄ ဖူးလ်ဘရိုက်ပညာသင်ဆုအစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆုအစီအစဉ် (Fulbright U.S.-ASEAN Visiting Scholar Program)၌ပါဝင်နိုင်မည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် အကြံပေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO)များထဲမှ ဝန်ထမ်းများ နှင့် ပုဂ္ဂလိကကဏ္ဍထဲမှ ကျွမ်းကျင်ပညာရှင်များအတွက် ၂၀၂၅ နွေဦးကာလတွင် အမေရိကန်ပြည်ထောင်စုတွင် ၃-၄လလောက် ဘာသာရပ်ဆိုင်ရာနှင့် သက်မွေးပညာရပ်ဆိုင်ရာ သုတေတနနှင့်ဟောပြောပို့ချမှုများလုပ်နိုင်မည့် အခွင့်အလမ်းတစ်ခုကြောင်းဖော်ပြထားသည်။
ဧည့်ဟောပြောပို့ချမှုများ၊ ဆွေးနွေးပွဲများ သို့မဟုတ် ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ညီလာခံများမှ တစ်ဆင့် အာဆီယံ အတွေးအမြင်များကို ပေးအပ်နိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်းနှင့် ယင်း ဖူးလ်ဘရိုက် ပညာသင်ဆုအစီအစဉ်၏ အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆုအစီအစဉ်နှင့် လျှောက်လွှာတင်ရန် ညွှန်ကြားချက်များအကြောင်း အသေးစိတ်ကို သံရုံးစာမျက်နှာ https://mm.usembassy.gov/education/ scholarship-programs/၌လေ့လာနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 6 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်း ရင်းသားကျေးရွာ(ရန်ကုန်) သို့ ပဲခူးမြစ်မှတစ်ဆင့် အပန်းဖြေရေ ယာဉ်သင်္ဘောတို့ဖြင့် လာရောက်လည်ပတ်နိုင်ရန်အတွက် ဆိပ်ခံ ဗောတံတားတည်ဆောက်လျက်ရှိရာ ရာခိုင်နှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)က သိရသည်။
အဆိုပါဆိပ်ခံဗောတံတားကို ရန်ကုန်နှင့် အနီးဝန်းကျင်ရှိ ပြည်သူများ ရေလမ်းခရီးမှ လာရောက် အပန်းဖြေ နိုင်ရန် အတွက် ရည်ရွယ်ပြီး၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးရန်လျာထားခဲ့ကာ ကုန်ကျစရိတ် တန်ဖိုးငွေအားဖြင့် ကျပ် ၄၄၉ ဒသမ ၅၀၅ သန်းရှိကြောင်း သိရသည်။
ဆိပ်ခံဗောတံတားတည်ဆောက်မှု ပြီးစီပြီ ဖြစ်သောကြောင့်တိုင်းရင်းသားကျေးရွာ ကိုရေလမ်းခရီးဖြင့် လာရောက်လည်ပတ်နိုင်မည် ဖြစ်ကာ လာရောက်သူများအနေဖြင့် မြစ်ပြင်ရှုခင်းများ၊ ဒီရေတောရှုခင်းများနှင့် ဆိပ်ခံဗောတံတားရှုခင်း များကိုတွေ့မြင်ခံစားရမည်ဖြစ်ပြီး အပျော်စီးစက်လှေများဖြင့် စီးနင်းလည်ပတ်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်းသမိုင်း အစဉ်အဆက် မှီတင်းနေထိုင်ခဲ့ကြ သော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စုတစ်စည်း ထဲထင်ရှားပေါ်လွင်စွာလေ့လာနိုင်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ် ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 6 November 2023
ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဝဲကရင်ကျေးရွာ အုပ်စု ရွာသစ်ကုန်းကျေးရွာ သမတ်ကွေ့ ကူးတို့ဆိပ်တွင် ဖောင်ကူးတို့ကူးစဉ် မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်းပြုတ်ကျ၍ ၂ ဦးသေဆုံးခဲ့မှု အောက်တိုဘာ လ ၄ရက် မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ ကြောင်း သိရ သည်။
အခင်းဖြစ်ရာ နေရာသို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)မှ ရေငုပ်ရှာဖွေကယ်ဆယ် ရေးအဖွဲ့ RESCUE DIVER TEAM KAYIN က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေခဲ့ရာ ချောင်း အတွင်း ပြုကျခဲ့သော မော်တော်ယာဉ်အတွင်းမှ အမျိုးသားနှစ်ဦး ကို ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
"ကူးတို့ကူးရင်းနဲ့ ကားက ဖောင်ပေါ်ကနေ အရှိန်လွန်ပြီး ချောင်းထဲကျသွားတာ ၊ ရေစီးကလည်းသန်တော့ မတွေ့ဘူး နောက်နေ့မနက်ပိုင်းလဲရှာတယ် မတွေ့ဘူး ၊ ညနေလောက်မှ ပြုတ်ကျတဲ့နေရာနဲ့ နည်းနည်း ဝေးဝေးမှာ ကားကိုတွေ့တယ် ပထမတစ်ယောက်ကိုတော့ လွယ်လွယ်ကူကူကား ထဲကထုတ်လို့ရတယ်။ နောက်တစ်ယောက်က ကားထဲညှပ်နေတော့ မှန်ခွဲပြီး ထုတ်ရတယ်။မနေ့က ည၈နာရီ ခွဲလောက်မှ ထုတ်လို့ ရတယ်" ဟုမြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့( ဘားအံ ) ၏ တာဝန်ရှိသူ ဦးမောင်မောင်ဖြိုးလျံဝင်းက ပြောသည်။
မော်တော်ယာဉ် ပြုတ်ကျရာတွင် ပါသွားသည့်အတွက် သေဆုံးသွားသူ နှစ်ဦးမှာ ဘားအံမြို့နယ်အတွင်း နေထိုင်ကြသော အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့်အသက်၈၄နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 656 of 1895