Published 6 November 2023
ခရီးသွားပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ မြိတ်- ရန်ကုန် အမြန်ရေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးပုဂ္ဂလိကသင်္ဘောလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပြေးဆွဲခဲ့ပြီး ပြန်လည်ရပ်နားခဲ့ကာ ယခု ပွင့်လင်းရာသီတွင် ခရီးသည်တင် အမြန်ရေယာဉ် ကို ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ပြန်လည်ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ယခုလက်ရှိတွင် လေယာဉ်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ကမ်းရိုးတန်းသွားခရီးသည်တင်အမြန်ရေယာဉ်များကို ပြန်လည်ပြေးဆွဲရန် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲပါက ကြာချိန် ၁၁ နာရီကျော် ရှိမည်ဖြစ်ပြီး နေ့ချင်းရောက် ခရီးစဉ်တစ်ခုဖြစ်ကာ မြိတ်-ကော့သောင်း ခရီးစဉ်ကိုလည်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_06 November 2023
ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ယခုလအတွင်းစတင်ဆောင်ရွက်ရမည်ဖြစ်ရာပြည်ပသို့ ဆန် ၃ တန် ပို့ပါက အရန်ဆန် ၁ အိတ် ပေးသွင်းရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ကဲ့သို့ပေးသွင်းရာတွင် (၃) တန် (၁) အိတ် အရန်ဆန်များ၏ (၄) ပုံ (၁) ပုံ ဖြစ်သည့် ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံများသို့တစ်ပတ်အတွင်း ပေးသွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင်ကျန်ရှိသည့် အရန်ဆန် (၄) ပုံ (၃) ဖြစ်သည့်၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်ဖြင့် ထားရှိရေးအတွက်လည်း သတ်မှတ်ပုံစံများနှင့်အညီ အသင်းဝင်ကုမ္ပဏီများဘက်မှ တင်ပြရမည်ဖြစ်ကြောင်းသိရသည်။
၄အပြင်Physical ပေးသွင်းခြင်းအပေါ် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ်ဈေးနှုန်းအဖြစ် (နိုဝင်ဘာလအတွက်) တစ်အိတ်ကို ကျပ် ၆၂,၀၀၀ သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး Pre-License Inspection စစ်ဆေးပြီးသည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို တင်ပြလျှောက်ထားပေးကြရန်လိုအပ်ကြောင်းသိရသည်။
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published-6 November 2023
ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းများတစ်လီတာလျှင်ကျပ်(၃၀)ဝန်းကျင်ဖြင့် အနည်းငယ်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။
ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ယခုတစ်ပတ်အတွင်းရောင်းချရန် ယနေ့ နိုဝင်ဘာ (၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၈၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၃၅၀ ကျပ်ဖြစ်ရာတစ်လီတာလျှင်ကျပ်၂၀မှ၃၀ကျပ်အတွင်းကျဆင်းလာခြင်းဖြစ်သည်။
ယခင်က စက်သုံးဆီဈေးနှုန်းများကို တစ်နေ့တစ်ကြိမ်ပြောင်းလဲ သတ်မှတ်ပေးသော်လည်း အောက်တိုဘာလအတွင်းမှစတင်ကာ ပြည်တွင်း၌ ရောင်းချရမည့် စက်သုံးဆီဈေး နှုန်းကို တစ်ပါတ်တစ်ကြိမ်တွင်သာ သတ်မှတ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌သုံးစွဲမည့်စက်သုံးဆီများကိုစင်က်ာပူနိုင်ငံမှအဓိကတင်သွင်းလေ့ရှိတာကြောင့် တင်သွင်းသည့်နိုင်ငံ၏ ဈေးနှုန်းအခြေအနေနှင့် ပြည်တွင်းငွေလဲနှုန်းအခြေအနေပေါ် လိုက်၍လည်း ဈေးနှုန်းအတက်အကျရှိတတ်ကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာ့ရေနံဈေးနှင့်လည်း တစ်စိတ်တစ်ပိုင်းဆက်စပ်နေပြီး ယနေ့တွင် ကမ္ဘာ့ရေနံစိမ်းဈေးတစ်စည်လျှင် ကန်ဒေါ်လာ ၈၀ ဒသမ ၈၈ အထိရှိပြီး ပြီးခဲ့သည့်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်စည်ကို ကန်ဒေါ်လာသုံးဒေါ်လာဝန်းကျင်အထိ ကျဆင်းနေတယ်လို့ စက်သုံးဆီဈေးကွက်တွင်းကသိရသည်။
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
စီးတီးတက်စီများ အဝါရောင် ဘေးစတစ်ကာတပ်ဆင်မှု စီးရေလေးသောင်းကျော်အထိ ရှိလာ
' ဘေးစတစ်ကာကတော့ ကျွန်တော်ထင်တယ် ၁၀စီးမှာ ၇စီးလောက်က ပြီးသွားပါပြီ၊ ကိုယ့်ဖာသာလည်း လုပ်ကြတယ်၊ခြောက်သောင်းလောက်မှာ လေးသောင်းကျော်လောက် ကပ်ပြီးသွားပြီ။
'(YRTC)တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်
Yangon Time/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရွှေဘိုသနပ်ခါးတုံးများ ဝယ်လိုအားတက်၊ နွေရာသီဈေးထိုးတက်ရန် မရှိဟုဆို
‘ရွှေဘိုသနပ်ခါးတုံးတွေကို အပွေးအခေါက် အရည်အသွေးပေါ်မူတည်ပြီး လက်တစ်ထွာသာသာ ၄လက်မကျော် အရွယ်အစားရှိတဲ့ သနပ်ခါးတုံးတွေကို လက်ကားဈေး အနည်းဆုံးကျပ်၂၀၀မှ အရည်အသွေး အကောင်းဆုံးအတုံးကြီးတွေကို အများဆုံးကျပ် ၃၅၀၀နဲ့သာ ရောင်းချပေးနေတယ်’ ရွှေဘိုမြို့ သနပ်ခါးပင်ရင်းဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon Time/tthl
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 6 November 2023
မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်နဲ့စပ်လျဉ်းပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့တတ်ရောက်ခဲ့စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ပေါင်စန်းဒေသ တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများ တွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့်ပက်သက်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင် ရေး ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်များ၊အပါအအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှင်လောင်းချိန်ဆိုလည်း မှာကြတယ်၊နယ်တွေကတော့ ပုံမှန်ရှင်ပြုတွေရှိနေတာ ဆိုတော့လေ
'အခုချိန်က အရမ်းပူတော့ ဖျာနဲ့ပဲအဆင်ပြေကြတယ်၊ အရောင်းသွက်တယ်၊ ကထိန်ဆိုလည်းအော်ဒါလှမ်းမှာကြတယ်၊'ရန်ကုန်မြို့က ဖျာလက်ကားရောင်းချသူ ဒေါ်မြင့်စန္ဒာ
#Yangon_Times/NN
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 655 of 1895