#Local_News
Published_ 09 November 2023
အစားအစာဘေးကင်းစေရေးအတွက် တရားမဝင်အသားများ ရောနှောရောင်းချမှုရှိမရှိ ရန်ကုန်မြို့ရှိ ဈေးများတွင် လိုက်လံစစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ၏ထုတ်ပြန်ချက်များ အရသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေ ပြည်သူများနေ့စဉ်စားသုံးသည့်အသား/ငါးများမှ တစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများအား ဝင်ရောက်စစ်ဆေးခဲ့နေခြင်းဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် ယင်းဌာနမှ ဒုတိယ တိရစ္ဆာန်ဆေးကုမှူး ဒေါက်တာနွယ်နီဝင်းဦးစီးအဖွဲ့သည် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ အမှတ်(၈၈)ဈေး သို့သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၉ ရက်တွင်လည်း အဆိုပါအဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိကေတုမတီဈေးသို့ သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှ ဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #တရားမဝင်အသား #ရောနှောရောင်းချမှုရှိမရှိ #လိုက်လံစစ်ဆေးကြပ်မတ်နေ
#tthl #Yangon_Times
'လောလောဆယ် တရုတ်မှာဈေးကောင်းနေတယ်၊ ဗန်းမော်၊ လွယ်ဂျယ်ဘက်တက်တာရှိတယ်၊ လမ်းကြောင်းနှစ်ကြောင်းကနေ သွားနေတယ်' ဟု ဖရဲပွဲရုံပိုင်ရှင် ဦးဇော်မင်း
#Local_News
Published_ 09 November 2023
#ရှမ်းမြောက်တိုက်ပွဲ #ဗန်းမော် #လွယ်ဂျယ်
#YMG/NN #Yangon_Times
‘ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အအေးမမိအောင်နေထိုင်ကြဖို့ လိုအပ်သလို ငှက်ဖျားအဖြစ်များတဲ့ ဒေသဖြစ်တဲ့အတွက် ဒေသခံတွေရော၊ စစ်ဘေးရှောင်ပြည်သူတွေပါ ခြင်ကိုက်မခံရအောင် နေထိုင်ကြဖို့အရေးကြီးတယ်’ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 09 November 2023
#စစ်ဘေးရှောင် #ငှက်ဖျား #တုပ်ကွေးသတိပြုရန်လို
#tthl #Yangon_Times
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ်ထွက်ဂိတ်မှ တစ်ဆင့်တရုတ်နိုင်ငံရွှေလီထဲကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) နဲ့ ဝင်ရောက်တဲ့သူဦးရေရဲ့ တစ်ဝက်ခန့်သာ မြန်မာပြည်ဘက်ကို ပြန်လည်ဝင်ရောက်တယ်လို့ မူဆယ်ရှိ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 09 November 2023
#မူဆယ်နယ်စပ်ထွက်ဂိတ် #မူဆယ်မှတရုတ်
#YMG/LW #Yangon_Times
#Local_News
Published 9 November 2023
ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများအရ မူဆယ် ၁၀၅ မိုင်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်မှ တစ်ဆင့်ပို့ကုန်သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိြပီးသားပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲပို့ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လတ်တလောလုံခြုံရေး အခြေအနေအနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်းကုန်သွယ်မှုလုပ်ငန်းများ၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့မှုများေကြာင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်သည် ရာနှုန်းပြည့်ရပ်တန့်နေကြောင်း သိရသည်။
#Local_News #မူဆယ်၁၀၅မိုင် #အခြားဂိတ်များ #ပြောင်းလဲပို့ခွင့်ပြု #YMG/LW #Yangon_Times
#Local_News
Published_ 09 November 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များတွင် ဘာသာရပ်သင်တန်းများအလိုက် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ် တက္ကသိုလ်နေ့သင်တန်း ဝင်ခွင့်ရသူများ၏ စာရင်းကို နိုဝင်ဘာ(၇) ရက်က စတင်ထုတ်ပြန်ကြေညာပေးလျှက်ရှိပြီး တက္ကသိုလ်များကို နိုဝင်ဘာ (၂၃) ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများအနက် အချက်လက် မပြည့်စုံသူများကို ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်ပြီး ထပ်မံလျှောက်ထားနိုင်ရန် လျှောက်လွှာတွင်ပါရှိသည့် လိပ်စာများအတိုင်း ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ကာလျှောက်ထားသူများအနေဖြင့် မိမိအမှတ်မှီနိုင်သည့် ကျောင်း၊ မိမိလျှောက်ထားသည့် ကျောင်း၏ ကျောင်းသား လက်ခံနိုင်မှုများနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှု အခြေအနေများကို သေချာစွာလေ့လာ စုံစမ်းပြီးမှသာလျှောက်ထားကြရန် လိုအပ်ကြောင်း သိရသည်။
#Local_News #တက္ကသိုလ် #ကျောင်းအပ်လက်ခံ #YMG/NN #Yangon_Times
#Local_News
Published 9 November 2023
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်သုံးခုကို ရေဖြန့်ဝေပေးနိုင်မည့် ရေဂါလံ ၂သိန်းဆံရေစုကန်ကို သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ယမုံနာလမ်းရှိ သာ/၁ရေစက်ဝန်းအတွင်း တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏သတင်းထုတ်ပြန်ချက်အရသိရသည်။
အလျား ၈၀ ပေ အနံ၄၀ပေ နှင့် အနက် ၁၀ ပေရှိပြီး ရေတွန်းစက်များထားရှိရန် အတွက်အလျား၃၀ပေ အနံ ပေ၂၀ကျယ်သည့် ရေတွန်းစက်ရုံကိုလည်း တည်ဆောက်နေကြောင်း သိရသည်။
အဆိုပါ ရေတွန်းစက်ရုံသည် လဂွန်းပြင်ရေပေးဝေ ရေးစခန်းမှ ဖြန့်ဖြူးသည့် ရေအားကို သိုလှောင်ပြီး သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့ကို ဖြန့်ဖြူးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်နေသည့်
ယခုရေစုကန်တည်ဆောက်မှုကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစုကန်အတွင်း လူနှင့်အခြား အရာဝတ္ထုများ မကျစေရန် ကာရံထားရှိရေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#Local_News #မြို့နယ်သုံးခု #ရေဂါလံ၂သိန်းဆံ့ #ရေစုကန် #YMG/LW #Yangon_Times
Page 649 of 1894