#Local_News
Published 11 November 2023
ပြည်ပသို့ အလုပ်သမား တရားဝင်စေလွှတ်ပေးနေသည့် အေဂျင်စီများ အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စေလွှတ်ခဲ့သည့် အလုပ်သမားဦးရေ စာရင်းကို ဝန်ကြီးဌာနသို့ တင်ပြ ခြင်းမရှိတာကြောင့် သတိပေးရာတွင် ၃ကြိမ် ကျော်လွန်ပါက အရေးယူမှုစတင်မည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
အေဂျင်စီများ အနေဖြင့် မိမိတို့စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ စာရင်းများကို လအလိုက် လဆန်း ၅ရက်နေ့တွင် ဝန်ကြီးဌာနသို့ပေးပို့ရမည်ဖြစ်သော်လည်း စာရင်းပေးပို့ရန် ကျန်ရှိသည့် အေဂျင်စီ ၄၀ ခုကို နိုဝင်ဘာ ၈ရက်တွင် နောက်ဆုံးထားပေးပို့ရန် ကြေညာခဲ့ပေမယ့် မပေးပို့သေးသည့်အေဂျင်စီများ ရှိနေသေးသောကြောင့် ယခုကဲ့သို့ထပ်မံထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိစေလွှတ် စာရင်းမပေးပို့သေးသည့် အေဂျင်စီ ၃၂ ခုကို သတိပေးသည့် အကြိမ်ရေ တစ်ကြိမ်မှနှစ်ကြိမ်ထိရှိနေပြီး သတိပေးမှုသုံးကြိမ်ထက်ကျော်လွန်ပါက အရေးယူမှု စတင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သမားစေလွှတ်နိုင်သည့် လိုင်စင်ရအေဂျင်စီ ၅၀၀ခန့်ရှိပြီး လစဉ်နိုင်ငံအလိုက် စေလွှတ်စာရင်းများကို အပြစ်ရှိသောကြောင့် ယာယီလိုင်စင်ပိတ်ခံထားရသည့် အေဂျင်စီများလဲ စေလွှတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အခြေနေကိုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အေဂျင်စီ #စေလွှတ်စာရင်းတင်ပြ #YMG/LW #Yangon_Times
#Local_News
Published_ 11 November 2023
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကာယဗလအားကစားသမားများမှ ရွှေတံဆိပ်တစ်ဆု၊ ငွေတံဆိပ်တစ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (Man Sport Physique) အားကစားနည်းနှစ်မျိုးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲတွင် ကာယဗလအားကစားနည်း70 kg တန်းတွင် ရဲထွန်းနောင်မှ ဒုတိယ၊Man Sport Physique up to 175 cm တွင် ငြိမ်းချမ်းမှ ရွှေတံဆိပ်ဆုရရှိခဲ့သည့်အတွက်မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှဝမ်းမြောက်စွာဖြင့်ချီးကျူးဂုဏ်ယူကြောင်း ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို နိုဝင်ဘာလ၆ရက်မှ ၁၂ရက်အထိဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
#Local_News #ကမ္ဘာ့ကာယဗလပြိုင်ပွဲ #ရွှေတစ်ဆုငွေတစ်ဆုဆွတ်ခူး #tthl #Yangon_Times
#Local_News
Published 11 November 2023
ပြည်ပသို့ ပို့ကုန်တင်ပို့နေသည့် လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်ရငွေများကို သတ်မှတ်ထားသည့်ရက်အတွင်း တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေ ထည့်သွင်းမှုကို လာမည့် နိုဝင်ဘာ ၁၇ ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။
အာရှနိုင်ငံများသို့ တင်ပို့သည့် ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေမှ ၄၅ ရက်အတွင်း အာရှနိုင်ငံများမှအပ အခြားနိုင်ငံများကို တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှရက်ပေါင်း ၉၀ အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ဘဏ်ငွေ စာရင်းသို့ နိုင်ငံခြားငွေ မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ကြောင်း စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအရ ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အပြင် သတ်မှတ်ချက်များနှင့် အညီငွေပြန်လည် ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာန က အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ၁၇ရက် အတွင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့်လည်း ပို့ကုန်ရငွေ ပေးသွင်းခြင်းကိစ္စနှင့် စပ်လျဉ်းပြီးဆွေးနွေးတင်ပြလိုပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ကို ဆက်သွယ်နိုင်ပြီးသတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများကို မိမိတို့၏ ဘဏ်စာရင်းသို့မပျက်မကွက် ထည့်သွင်းဖို့ကိုလည်း တိုက်တွန်းထားသည်။
#Local_News #ပြည်ပပို့ကုန်ရငွေ #နိုင်ငံခြားငွေထည့်သွင်းမှု #YMG/LW #Yangon_Times
၁၀ နိုဝင်ဘာ ၂၀၂၃
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်ကို ရာထူးနှင့်လုပ်ပိုင်ခွင့် မလျော်ဩဇာအသုံးပြုခြင်းတံဆိုးလက်ဆောင်ရယူခြင်းနှင့် လုပ်ငန်းများထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ ကျူးလွန်ခဲ့သဖြင့် စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် (၅)နှစ်ချမှတ်လိုက်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီ တောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယင်းအပြင် အမှုတွင်ပါဝင် ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ကို ရဲစည်းကမ်း ဖြင့်လည်းကောင်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/knl
၁၀ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် လက်နက်ကိုင်တိုက်ပွဲများ၏ နောက်ဆုံးအခြေအနေများကို နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ ၁၀ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်များကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ထိုပြောကြားချက်အပြည့်အစုံအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။
-ymg/knl
#Daily_News
Published_ 10 November 2023
၁။ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ရွှေကြာသင်္ကန်းကပ်လှူ ပူဇော်ပွဲပြုလုပ်မည်၊ အများပြည်သူတန်ဆောင်တိုင်ဆီမီးပူဇော်နိုင်
၂။ ကြက်မဲဥကို နာမကျန်းဖြစ်သူများ ဝယ်ယူစားသုံးမှုများလာပြီး ကြက်ဥစားသုံးရန် ကိုယ်တိုင်မွေးမြူခြင်းများလည်းရှိလာဟုဆို
၃။ မွန်ပြည်နယ်၌ယခုနှစ်ဆားထုတ်ရာသီအတွက် ဆားလုပ်ကွက်၉၀ နှင့်ဧက ၄၅၀၀ ထုတ်လုပ်မည်
၄။ ပါလက်စ်တိုင်းစစ်ဘေးရှောင်များ ခိုလှုံနေသည့်ကျောင်းများကို အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
အားလုံးမြေသားပြုပြင်တဲ့လုပ်ငန်းတွေ ကန်သင်းပြုပြင်တဲ့လုပ်ငန်းတွေလုပ်နေပါပြီ
#Local_News
Published_ 10 November 2023
#ဆားထုတ်ရာသီ #မွန်ပြည်နယ်
#YMG/NN #Yangon_Times
Page 645 of 1894