'အရင်ကထက်စာရင်တစ်နိုင်ငံလုံးလိုလိုမြေပဲပေါ်နေတော့ဈေးကျနေတာပါ၊ နောက်
တရုတ်အိပ်စပို့မရှိတော့ နည်းနည်းအတာလည်းပါတယ်'
#Local_News
Published_ 12 November 2023
#မြေပဲဆံဈေး #ပဲဆီဈေး
#YMG/NN #Yangon_Times
၁၁ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၁၁ရက်နေ့အခြေအနေများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါရှင်းလင်း ပြောကြားချက်ကို မီဒီယာများသို့ ယနေ့ညပိုင်းတွင် ဖြန့်ဝေပေးခဲ့ရာ အဆိုပါရှင်းလင်းပြောကြားချက် အပြည့်အစုံမူရင်းကို ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published_ 11 November 2023
၁။ ပန်းတစ်ပွင့်တောင်တွင် တန်ဆောင်တိုင်စုပေါင်းမဟာဘုံကထိန်ပွဲနှင့် ဆေးပေါင်းခချိန်ဆေးဖော်ပြီး အာယုဆေးဒါနလှူဒါန်းမည်
၂။ ယခုနှစ် ဆီးဂိမ်းပြိုင်၌ မြန်မာ့ရိုးရာသိုင်းအားကစားသမားများမှ ရွှေတံဆိပ်ခုနှစ်ခုဖြင့် အများဆုံးဆွတ်ခူးပေးခဲ့
၃။ ရှမ်းမြောက်တွင် ဖြစ်ပေါ်နေမှုများကြောင့် နှမ်းဈေးတစ်တင်းကိုတစ်သောင်းကျော်ဈေးကျ
၄။ အရှေ့တောင်အာရှ၏အကြီးဆုံး ရေပေါ်ဆိုလာစက်ရုံဖွင့်ပွဲအား အင်ဒိုနီးရှားသမ္မတတက်ရောက်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ထိတွေ့မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲဖြစ်ပေါ်နေတဲ့အတွက် နှမ်းဝယ်လိုအားနည်းလာပြီး တစ်တင်းကို ကျပ်တစ်သောင်းကျော် ဈေးကျလာတယ်လို့ မကွေးတိုင်းရှိ နှမ်းကုန်သည်တွေထံက သိရပါတယ်။
#Local_News
Published_ 11 November 2023
#နှမ်းဝယ်လိုအားနည်း #နှမ်းကုန်သည်
#YMG/LW Yangon_Times
'ဒီနှစ်ဆိုရင်ဆီးဂိမ်းမှာ ရွှေတံဆိပ်အများဆုံးရခဲ့တာ ကျွန်တော်တို့သိုင်းအဖွဲ့ကပါ၊ ဒါပေမယ့်ခေါင်းစဉ်ကတော့"ဗိုဗီနမ်" ၊"အားနစ်" ၊"ခွန်ဘိုကာတာ"ခေါင်းစဉ်တွေနဲ့သွားပြိုင်ရတာပါ 'မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဆပ်ကော်မတီ၏ အတွင်းရေးမှူး(သိုင်းပညာရှင်) နိုင်ငံတကာဒိုင်လူကြီး(ပင်စီကလပ်) ဦးကြည်ဝင်း
#Local_News
Published_ 11 November 2023
#ဆီးဂိမ်းပြိုင်ပွဲ #သိုင်းအားကစားသမား
#YMG/NN #Yangon_Times
‘နိုဝင်ဘာလ၂၆ရက်မှ၃၀ရက်အတွင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်၊ ထီးတော်တင်ပွဲနဲ့ ပန်းတစ်ပွင့်တောင် ဆရာတော်ဝိဇာတမွေးနေ့မင်္ဂလာပွဲတွေကျင်းပသွားမှာဖြစ်ပါတယ်။တန်ဆောင်မုန်းလပြည့်နေ့ ပန်းတစ်ပွင့်တောင်ကိုလာရောက်သူတွေကို ဆေးပေါင်းခချိန်ဖော်ထားတဲ့တိုင်းရင်းဆေးတွေကိုအာယုဆေးဒါန အလှူအဖြစ်အခမဲ့လှူဒါန်းဖို့ရှိပါတယ်’ပန်းတစ်ပွင့်တောင်ဆရာတော်၏တပည့်ဒါယကာရင်း
#Local_News
Published_ 11 November 2023
#တန်ဆောင်တိုင် #ဆေးပေါင်းခချိန်ဆေးဖော်ပြီးလှူ
#tthl #Yangon_Times
#Local_News
Published 11 November 2023
မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ အမည်ကို အသုံးပြုပြီး မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်သူများက လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Facebook နှင့် TikTotများတွင် နိုင်ငံကူးလက်မှတ်လုပ်ပေးသည် ဟုဆိုကာ မမှန်ကန်သည့် ရေးသားချက်များ ပြောကြားမှုများ ဖြန့်ဝေပြီး လိမ်လည်မှုတွေရှိနေကြောင်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ လူမှုကွန်ယက် စာမျက်နှာများသည် ကွာလာလမ်ပူမြို့ မြန်မာသံရုံးနှင့် လုံး၀ သက်ဆိုင်မှု မရှိကြောင်းနှင့် ၎င်းတို့နှင့် ပက်သက်သည့် ကိစ္စ အ၀၀ အား မြန်မာသံရုံးမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားနေသည့်သူများနဲ့ Facebook ၊TikTot အကောင့်ပိုင်ရှင်များကို မြန်မာသံရုံးအနေဖြင့် စုံစမ်းဖေါ်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးအနေဖြင့် ကောင်စစ်ဝန်ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အချိန်နှင့်တပြေးညီသိရှိစေရန် မြန်မာသံရုံး Facebook နှင့် Webiste တို့တွင် ဖေါ်ပြပေးလျက်ရှိကြောင်း လက်ရှိတွင်နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကိုလည်း QRCode ရက်ချိန်းများဖြင့် ပြုလုပ်ပေးနေကြောင်း သိရသည်။
#Local_News #မလေးရှိမြန်မာသံရုံး #လူမှုကွန်ယက် #လိမ်လည်မှုတွေရှိ #သံရုံးအသိပေးထုတ်ပြန် #YMG/LW #Yangon_Times
Page 644 of 1894