#Local_News
Published 12 November 2023
ကမ္ဘာ့ဖလားပွဲစဉ်များ၊နိုင်ငံတကာပွဲများတွင် မြန်မာ့ လက်ရွေးစင်အသင်းများ ဝတ်ဆင်ကြမည့် အပေါ်ဝတ်ဂျာစီဒီဇိုင်းအသစ်ထွက်ရှိလာပြီး နိုဝင်ဘာလ ၁၂ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ၊ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃-၂၄ ခုနှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ သက်တမ်းအလိုက်အသင်းများ၊ ဖူဆယ်လက်ရွေးစင် အသင်းများသည်အဆိုပါ ဂျာစီဒီဇိုင်းအသစ်အား ဝတ်ဆင်ကြမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းလိုဂို အသစ်၊ ခေတ်အဆက်ဆက်အောင်မြင်မှုများနှင့် ရှေ့သို့တက်လှမ်းခြင်း Pattern များထည့်သွင်းထားသည့် ဂျာစီဒီဇိုင်းအသစ်အား လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည့် ဂျပန်နှင့်မြန်မာ အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (ဒုတိယအဆင့်)မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်း ဝတ်ဆင်ကစားသွားမည် ဖြစ်သည်။
Warrix မှထုတ်လုပ်သည့် မြန်မာ့လက်ရွေးစင် အသင်း ဂျာစီများအား Warrix Myanmar မှတင်သွင်းဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး အသေးစိတ်အား Warrix Myanmar Facebook စာမျက်နှာတွင် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
#Local_News #ကမ္ဘာ့ဖလားပွဲစဉ် #ဝတ်ဆင်မည့်ဂျာစီဒီဇိုင်းအသစ်ထွက် #tthl #Yangon _Times
#Local_News
Published 12 November 2023
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၂ရက် ၊ တနင်္ဂနွေနေ့သည် ဒီပါဝလီ (Deepavali) သို့မဟုတ် တချို့က ဒေဝါလီ (Diwali) ဟု ခေါ်ကြသော ဟိန္ဒူဘာသာဝင်တို့၏အထွဠ်အမြတ်ထားရာနေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်။
ဒေဝါလီနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် 'Diwali of Dance' ၏ အရေးပါမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်းနှင့် အာယုဗေဒဆိုင်ရာ ဆွေးနွေးမှုများနှင့် အခမဲ့ အာယုဗေဒဆိုင်ရာ ဆွေးနွေးမှုများအပြင် Ayurvedic ဆေးနှင့် အပင်များ ပြပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ရက်တွင် Bharatiyum - ICCR's School Connect Fortnight 2023' ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ Swami Vivekananda Cultural Centre ၌ ရန်ကုန်မြို့ရှိ International School of Dance တွင် 'Diwali of Dance' ၏ အရေးပါမှုဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
ဖျော်ဖြေပွဲများတွင် ဇာတ်လမ်းများနှင့် Diwali ၏ အရေးပါပုံကို သရုပ်ဖော်အကများ ပါဝင်ခဲ့သည်။
ယင်းအပြင်နိုဝင်ဘာ၁၀ရက်တွင် ၈ကြိမ်မြောက် အာယုဗေဒနေ့ အခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားတွင် အာယုဗ္ဗေဒဆိုင်ရာ ဆွေးနွေးမှုများနှင့် အခမဲ့ အာယုဗ္ဗေဒဆိုင်ရာ ဆွေးနွေးမှုများအပြင် Ayurvedic ဆေးနှင့် အပင်များ ပြပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vinay Kumar က ဆီမီးထွန်းပြီး ဖွင့်လှစ်ပေးခဲ့သည်။
Dr. Shivkumar Shankar Harti, Associate Professor, All India Institute of Ayurveda သည် အခမ်းအနားများတွင် ပါဝင်ပြီး Ayurveda အကြောင်းကို ဟောပြောခဲ့ကာ မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသော ဟောပြောသူအသီးသီးမှ အာယုဗ္ဗေဒဆိုင်ရာ ရှေးကျပြီး အလုံးစုံ ဆေးပညာဆိုင်ရာ ချဉ်းကပ်မှုဖြစ်သည့် Ayurveda ၏ အကျိုးကျေးဇူးများအကြောင်း ပေါ်လွင်အောင် ဟောပြောခဲ့သည်။
အခမ်းအနားသို့ ပရိသတ် အများအပြား တက်ရောက်ခဲ့သည်။ အဆစ်အမြစ် ကိုက်ခဲ ဝေဒနာ ခံစားနေရသူများအား အခမဲ့ ကုသပေးခဲ့ပြီး အသက်ရူဝေဒ ဆေးဝါးများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
#tthl #Local_News #ဒေဝါလီနေ့ #အိန္ဒိယသံရုံး၌ကျင်းပခဲ့ #Yangon_Times
#Local_News
Publish 12 November 2023
ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်(၈)မြို့နယ်ကို စစ်အုပ်ချုပ်ရေး( Martial Law ) ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ၁၂ရက်တွင်ကြေညာလိုက်ခြင်းဖြစ်ပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ(၁) ကွတ်ခိုင်၊(၂) ကွမ်းလုံ၊(၃) နမ့်ခမ်း၊(၄) မူဆယ်၊(၅) လားရှိုး၊(၆) သိန်းနီမြို့နယ်တို့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေ ရှမ်းပြည်နယ်အတွင်းရှိ (၇) လောက်ကိုင်နှင့်(၈) ကုန်းကြမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး( Martial Law ) ကြေညာလိုက်ခြင်းဖြစ်သည်။
လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုဆောင်ရွက်ရန်အတွက် နစကအနေဖြင့် အဆိုပါမြို့နယ်များ၌ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာ( Martial Law ) ကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉အရ အပ်နှံလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေရှိမြို့နယ်(၆)မြို့နယ်တွင် တိုင်းမှူးသည် အချိန်နှင့်တပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍
မိမိကိုယ်တိုင်သော်လည်းကောင်း စစ်နယ်မြေမှူးများကို တာဝန်လွှဲ၍ လည်းကောင်း စစ်အုပ်ချုပ်ရေး အာဏာ( Martial Law ) ကိုကျင့်သုံးနိုင်သလို
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေရှိ မြို့နယ်(၂)မြို့နယ်ကို ဒေသကွပ်ကဲရေးမှူးသည် အချိန်နှင့်တပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ကိုယ်တိုင်သော်လည်းကောင်း၊စစ်နယ်မြေမှူးများကို တာဝန်လွှဲ၍ လည်းကောင်း စစ်အုပ်ချုပ်ရေး အာဏာ( Martial Law ) ကိုကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#Local_News #ရှမ်းပြည်နယ် #မြောက်ပိုင်းရှိ မြို့နယ်(၈)မြို့နယ် #(Marital Law)ကြေညာ
#tthl #Yangon_Times
၁၂ နိုဝင်ဘာ ၂၀၂၃
ထိတွေ့တိုက်ပွဲများဖြစ်ပွားနေမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၂ ရက်ညနေအထိ နောက်ဆုံးအခြေအနေများကို နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်းပြောကြားချက် ယနေ့ ညပိုင်းကမီဒီယာများသို့ ဖြန့်ဝေ ပေးခဲ့ရာ မူရင်းအတိုင်းအပြည့်အစုံကို ဖော်ပြ ပေးအပ်ပါတယ်။
-ymg/knl
၁၂ နိုဝင်ဘာ ၂၀၂၃
ကျောက်မဲနှင့်သီပေါအကြားက ကျင်သီတံတားကို TNLA သောင်းကျန်းသူများက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်က မီဒီယာများသို့ဖြန့်ဝေပေးပို့တဲ့ နောက်ဆုံးအခြေအနေရှင်းလင်းပြောကြားချက် ရုပ်သံမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ ကျောက်မဲနှင့် သီပေါအကြားထဲတွင်ရှိတဲ့ ဒုဌဝတီ မြစ်ငယ် မြစ်ကူး ကျင်သီတံတားကို TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ ဒီတံတားဟာ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးအပေါ်ကတံတားဖြစ်ပါတယ်။
ဒီအကြမ်းဖက်သောင်းကျန်းသူများအနေနှင့် ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်ရေး ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီး ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကိုတိုက်ခိုက်တဲ့လုပ်ငန်းမဟုတ်ပါဘူး ပြည်သူကိုတိုက်ရိုက်ထိပါးစော်ကားတဲ့လုပ်ငန်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လွိုင်ကော်တွင် အဝေးမှလှမ်း၍ပစ်ခတ်မှုအချို့မှအပ ငြိမ်သက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်မြို့ရဲ့ နိုဝင်ဘာ၁၂ ရက်နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောကြားပါတယ်။
“လွိုင်ကော်ဘက်အခြေအနေကတော့ မနက်ပိုင်းမှာ အဝေးကနေပစ်ခတ်မှုမှအပ ကျန်တာ ငြိမ်သက်လျက်ရှိပါတယ်။ တစ်ရက်နှစ်ရက်လောက်အတွင်းမှာ သောင်းကျန်းသူများအနေနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ တပ်မတော်အနေနှင့် ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့နိုင်ပါတယ်” လို့ သူက ပြောတာပါ။
ထီးချိုင့်ဖက်တွင် တိုက်ပွဲအချို့ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုပါတယ်။
“ ထီးချိုင့်ဘက်မှာတော့ အချို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနှင့် အခြေအနေပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက်လျက်ရှိပါတယ်” လို့ သူကပြောကြားပါတယ်။
ယင်းအပြင် အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်တဲ့ သတင်းများနှင့် လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပေးပို့နေတဲ့တာဝန်သိ ပြည်သူလူထုများလည်းရှိတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားသွားပြီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ အခြေအနေအမြန်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ရုပ်သံထဲမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
-ymg/knl
သက်တော်(၇၀)အထက် ကုန်းဘောင်ဆက်သက်ကြီးဝါကြီး ဘုရင့်ဆွေတော်မျိုးတော်(၄၇)ပါးကို ပူဇော်ကန်တော့မည်
‘ မင်းတုန်းမင်းတရားကြီး၊ ကနောင်မင်းနဲ့သီပေါမင်းတို့ရဲ့ မြေးတော်၊ မြစ်တော်၊ တီတော်တွေအဓိက ပါဝင်မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ၃ရက်မှာ ရန်ကုန်မြို့နာဂလှိုဏ်ဂူကုန်းတော်၊မဟာဗိမာန်တော်ကြီးမှာ ကျင်းပသွားမှာဖြစ်တယ်’ ကုန်းဘောင်ဆက်ဘုရင့်ဆွေတော်မျိုးတော်များအသင်း(အောက်မြန်မာပြည်) သတင်းနှင့်ပြန်ကြားရေး ထိပ်တင်စည်သူဟိန်း
#Local_News
Published_ 12 November 2023
#သက်တော်(၇၀)အထက် #ကုန်းဘောင်ဆက်သက်ကြီးဝါကြီး #ကနောင်မင်းနဲ့သီပေါမင်း
#tthl #Yangon_Times
၁၂ နိုဝင်ဘာ ၂၀၂၃
စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလ သတင်းများထွက်ပေါ်နေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၂ရက်နေ့တွင်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်ကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် အပြည့်အစုံမူရင်းအတိုင်း ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
Page 643 of 1894