‘တန်ဆောင်တိုင်မှာတော့ ဟိုတယ်တွေမှာ ကြိုတင်ဘိုကင်ယူထားတဲ့သူတွေလည်းရှိနေတဲ့အတွက် ပြည်တွင်းပြည်ပခရီးသွားငါးသောင်း၊ ခြောက်သောင်းလောက်အထိဝင်နိုင်မယ်လို့ခန့်မှန်းထားတယ်။ ရွှေစည်းခုံဘုရားပွဲတော်ကိုလာရောက်မယ့်သူတွေရှိတယ်’
(ဟိုတယ်နှင့်ခရီးသွားပုဂံတာဝန်ခံ၊ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်)
#Local_News
Published_ 22 November 2023
#ပုဂံဘုရားဖူး #ရွှေစည်းခုံဘုရားပွဲတော်
#tthl #Yangon_Times
#Local_News
Published_ 22 November 2023
မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ ဦးစီး၍ ယခုနှစ်ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ Thailand Education Fair(Myanmar)ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းကို ဒီဇင်ဘာလ ၃ ရက် နံနက် ၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ ParkRoyal ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ (၆)ကြိမ်မြောက်ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲလည်းဖြစ်ကြောင်း သိရသည်။
“မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တစ်နေရာတည်းမှာ ထိုင်းတက္ကသိုလ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ပြပွဲမှာဘာသာရပ်ဆိုင်ရာ ပညာသင်ဆုတွေကိုလည်း လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်”ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း အတွင်းရေးမှူး ဒေါ်ဝင်းမြသွေးက ပြောသည်။
အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Harbour Space ၊ University of the Thai Chamber of Commerce(UTCC)၊ Assumption University ၊ Dhurakij Pundit University(DPU)၊ Mahidol University International College(MUIC) ၊ Raffles International College Bangkok(RIC)၊ Panyapiwat Institute of Management,International College(PIM)၊ Krirk University၊ Metharath University ၊ TGGS(Thai-German Graduate School of Engineering )၊ AIHM (Asian Institute of Hospitality Management)၊ London University at Bangkok Center(LUBC) စသည့် တက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ထိုင်းတက္ကသိုလ်ပေါင်းစုံ #ပညာရေးပြပွဲ #Yangon _Times/PP
လတ်တလောဖြစ်နေတဲ့ တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့ အတွက် ပြည်ပကနေ သစ်သီးတင်သွင်းတာ နည်းသလို ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာတာတွေရှိတဲ့အတွက် ရန်ကုန်သစ်သီးဈေးကွက်ကုန်အဝင်နည်းပြီး ဈေးမြင့်လာတယ်လို့ သစ်သီးပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 22 November 2023
#သစ်သီးဈေးကွက် #လမ်းပန်းဆက်သွယ်ရေးကြန့်ကြာ
#YGN/LW #Yangon_Times
#Local_News
Published 22 November 2023
တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲရှောင်၈၀၀ ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း ပရဟိတလူမှုကူညီရေးအသင်းများမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်ငူမြို့အရှေ့ဘက်ကမ်း လေးမိုင်အထက်ရှိ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူများမှာ တောင်ငူမြို့ရှိ မြတ်စောညီနောင်စေတီ၏ နောင်တော်စေတီဝန်း၊ ညီတော်စေတီဝန်း၊ ကုသိနာရုံစေတီဝန်း၊ ရွှေမင်းဝံရိပ်သာ၊ရွှေဘုံသာ၊ ငါးထပ်ကြီးဘုရားဝန်းတို့တွင်လက်ရှိအချိန်အထိ ခိုလှုံနေကြရကြောင်း ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်နာယကဆရာတော်က မိန့်ကြားသည်။
'ဒါကဒီသုံးလေးငါးရက်အတွင်းမှာဖြစ်တဲ့ နေရာတွေက စစ်ဘေးရှောင်တွေပါ၊ ၈၀၀ကျော်လောက်ရှိတာပေါ့၊ နေရာတွေခွဲပြီးချထားပေးတယ်၊ လိုအပ်တာတော့အစုံပဲ၊ အစားအသောက်ကအရေးကြီးဆုံးပါ၊ အစားအစာ၊ ရေသန့်တို့ပေါ့၊ ဉီးဇင်းတို့ဆိုထမင်းဟင်းချက်ပြီး မြတ်စောညီနောင် ဘုရားဘက်ကို သွားပို့တာခုနှစ်နပ်ရှိပြီ'ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် တောင်ငူမြို့အရှေ့ဘက်ကမ်းလေးမိုင်အထက်ရှိ တောတန်းကုန်းရွာ၊ အာလူးကုန်း၊ နဂါးမောက်၊ သပြေလှ၊ ခြောက်မိုင်၊ ကျောက်ပုထိုးရွာများရှိ ဒေသခံပြည်သူများဖြစ်ကြောင်း၊ ယင်းတိုက်ပွဲရှောင်များအား နီးစပ်ရာစေတီ၊ ဘုန်းကြီးကျောင်းများတွင် နေရာချပေးထားပြီး သက်ကြီးနာမကျန်းသူများ၊ မသန်စွမ်းအချို့ပါရှိသောကြောင့် လိုအပ်သည့် အစားအသောက်ဆေးဝါးများကို ဒေသတွင်းရှိ ပရဟိတအသင်းများနှင့် ချိတ်ဆက်လှူဒါန်းကူညီမှုများပြုလုပ်ပေးနေကြောင်း၊ တိုက်ပွဲရှောင်များအနေဖြင့် စားသောက်ရေး၊ အဝတ်အစား၊ ဆေးဝါးလိုအပ်ချက်များလည်းရှိနေကြောင်း သိရသည်။
'ဒါကတော့ ခုလက်ရှိရောက်လာတဲ့တိုက်ပွဲရှောင်တွေပါ၊ ဦးဇင်းတို့ဆီမှာရောက်နေတဲ့တိုက်ပွဲရှောင်တွေကတော့တစ်နှစ်နီးပါးရှိပြီ၊ မပြန်ရသေးဘူး'ဟု ဆရာတော်က ဆိုသည်။
တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်တစ်နှစ်နီးပါးက ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် ကနဦးတိုက်ပွဲရှောင်ဦးရေ ငါးထောင်ကျော်ခြောက်ထောင်နီးပါးဆက်လက်ရှိနေကြောင်း သိရသည်။
အဆိုပါကနဦးတိုက်ပွဲရှောင်များမှာလည်း လက်ရှိအချိန်အထိ ရွှေမင်းဝံ ၌ ၁၅၀ဦး၊ ကြာနီကန်၌၄၀၀ဦး၊ ရှင်ပေါလု၌၁၆၀၀ ဦးနှင့် အာသောကမိဘမဲ့ဂေဟာများ အပါအဝင် စုစုပေါင်းဦးရေ ၆၀၀၀ခန့်ရှိကာ ၄င်းတို့အတွက်လည်းလိုအပ်ချက်များရှိနေကြောင်း သိရသည်။
#Local_News #တောင်ငူခရိုင် #စားနပ်ရိက္ခာလိုအပ်နေ #YMG/ NN #Yangon_Times
'လက်ကားဈေးမှာ သတ်မှတ်ရည်ညွှန်းဈေးအထိ မရောက်သေးပေမယ့် နီးနီးကပ်ကပ်တော့ရှိလာပြီ'
#Local_News
Published_ 22 November 2023
#လက်လီဆိုင် #ရည်ညွန်းဈေးနီးပါးကျဆင်း
#YMG/ NN #Yangon_Times
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ကျင်သီတံတားဟာ လက်ရှိအချိန်အထိကျိုးကျနေတဲ့ အတိုင်းနဲ့သာ ကုန်စည်စီးဆင်းမှုကို အဆင်ပြေသလို ဆောင်ရွက်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
#Local_News
Published_ 22 November 2023
#ကျင်သီတံတားကျိုး #သီပေါ #ကျောက်မဲ #ကုန်စည်စီးဆင်းမှု
#YMG/LW #Yangon_Times
"ညောင်ရွှေမှာ နိုဝင်ဘာလ(၂၀)ရက်မှာ တိုက်ပွဲရှောင်လာသူ ၄၅၀၀ရှိခဲ့ပြီး အခု နိုဝင်ဘာ(၂၁)ရက်မှာတော့ တိုက်ပွဲရှောင်ပြည်သူ ၅၅၀၀ ဝန်းကျင်ရှိလာပါတယ်"
နှလုံးလှပရဟိတအဖွဲ့မှ ကိုသက်ပိုင်စိုး
#Local_News
Published_ 22 November 2023
#ကယားမှတိုက်ပွဲရှောင် #တိုက်ပွဲရှောင်စခန်း(၁၂)ခုဖွင့်
#tthl #Yangon_Times
Page 622 of 1894