#Local_News
Published 27 November 2023
ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်၌ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကျင်းပ နိုဝင်ဘာ ၂၇ ရက် နံနက် ၅နာရီခွဲခန့်က စတင်ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များဖြင့် နံနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြသည်။
နံနက် ၆နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက မသိုးရွှေကြာသင်္ကန်းများကိုင်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အား ရည်မှန်းပူဇော်သောအားဖြင့် အထက်ပစ္စယံပတ္တမြား မျက်ရှင်ရုပ်ပွားတော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကလည်းကောင်း မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် နံနက် ၉နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရေစက်ချအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်ကြကာ ဧည့်ပရိသတ်အပေါင်းတို့က ကထိန်သင်္ကန်းလှူဒါန်းမှုကုသိုလ်အကျိုးတရားများ နာကြားခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
#Local_News #တန်ဆောင်မုန်းလပြည့် #မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ #YMG/LW #Yangon_Times
#Local_News
Published_ 27 November 2023
နက္ခတ်တာရာစုံညီလေ့ရှိသည့် ယနေ့တန်ဆောင်မုန်း လပြည့်နေ့တွင် ဆေးပေါင်းခမည့်အချိန်(၂)ချိန်ရှိပြီး ကံအကျိုးပေးကောင်းစေမည့် ပံ့သကူပစ္စည်းလေးမျိုးလှူဒါန်းနိုင်ကြောင်း သိရသည်။
"တန်ဆောင်မုန်းလပြည့်နေ့ မနက်၁၁ နာရီ ၃၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခချိန်မှာ ဆေးဘက်ဝင် မဲဇလီဖူးသုပ်ကို သုံးဆောင်ပါက မိမိပြောဆိုသမျှအောင်မြင်တာ၊ စီးပွားလာဘ် လာဘကောင်းဝာာ၊ အသိုင်းအဝိုင်းကောင်းတွေကြုံတွေ့နိုင်တယ်။ ရုံးသမားတွေအတွက်ကတော့ ည ၆ နာရီ ၅ မိနစ်မှ ၁၅ မိနစ်အထိ မဲဇလီဖူးသုပ်စားသုံးနိုင်မှာဖြစ်တယ်"ဟုမြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာကြည်ကြည်စိန်ကပြောသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်စောင့်နတ်မင်း အပေါင်းသည် မဲဇလီပင်စောင့်နတ်မင်းကြီးကို လာရောက် ခစားလေ့ရှိသည့်အတွက် အဆိုပါနေ့တွင် မဲဇလီကိုဆေးဖက်ဝင်အောင် စီရင်ပြီး သုံးဆောင်လေ့ရှိသည်ဟု တိုင်းရင်းဆေးပညာကျမ်းများ၏ ဖော်ပြချက်အရသိရသည်။
တန်ဆောင်တိုင်ကာလတွင် ပံ့သကူပစ်ပြီး ကုသိုလ်ပြုလိုသူတွေ အနေဖြင့်အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်အောင်၊ သောကကင်းဝေးအောင်၊ စီးပွားလာဘ်လာဘတွေတိုးအောင် ၊ငွေဝင်အောင် ပံ့သကူပစ္စည်းအဖြစ်ဖိနပ်၊ အဝတ်အစား၊ အမွှေးနံသာနှင့် ငွေကြေးများ ပံ့သကူပစ်ပြီး ကုသိုလ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #တန်ဆောင်မုန်းလပြည့်နေ့ #ဆေးပေါင်းခမည့်အချိန်(၂)ချိန် #ပံ့သကူပစ္စည်းလေးမျိုးလှူနိုင် #tthl #Yangon _Times
#Local_News
Published 26 November 2023
မြန်မာနိုင်ငံအတွင်းရှိ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း များအသိအမှတ် ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအနေဖြင့် အသင်း ဝင်ရန်အတွက် လာမည့်ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
"
မြန်မာပြည်တစ်ဝန်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြု လက်မှတ်လျှောက်ထားရမှာပါ ။ညွန်ကြားချက်နဲ့လျှောက်ထားပြီးရင်
ကိုက်ညီ မညီ သက်ဆိုင်ရာကစိစစ်သွားပါမယ်" ဟု ပြည်တွင်းဘုရားဖူးအသင်းက တာဝန်ရှိသူတစ်ဉီးက ပြောသည်။
ပြည်တွင်းဘုရားဖူးလုပ်ငန်းများ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှသာ လျှောက်ထား၍ ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးသည့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို မဖြစ်မနေ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်အခြေစိုက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု ပေးခြင်း ရှိ /မရှိကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက် မှစတင်ပြီး သက်ဆိုင်ရာဌာနများမှ စိစစ်ကြပ်မတ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News ##ဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း #အသိအမှတ်ပြုလက်မှတ် #YMG /NN #Yangon-Times
#Local_News
နေပြည်တော်၊ နိုဝင်ဘာ -၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပမှု များအနက် မီးပုံးပျံများ လွှတ်တင်ပူဇော်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD၊ MRTV Sports၊ MRTV Farmers’၊ MRTV Parliament၊ MWD HD Channel၊ MWD Variety HD Channel ၊ MWD Education ၊ Knowledge & Sports Channel ၊ Channel Light Channel၊ မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) ည (၇)နာရီအချိန်မှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မီးပုံးပျံလွှတ်တင်ပူဇော်မှု #Yangon_Times
#Local_News
Published 26 November 2023
EPSစနစ်ဖြင့်စေလွတ်သည့်လုပ်သားများတောင်ကိုရီးယားနိုင်ငံ၌ လာမည့် ၂၀၂၄ ခုနှစ်မှစတင်၍စားသောက်ဆိုင်များ၌ အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်းကိုရီးယားနိုင်ငံ Pulse News ၏ဖော်ပြချက် အရသိရသည်။
ကိုရီးယားအစိုးရက E9 လုပ်သားများကို စားသောက်ဆိုင်များအတွက် အလုပ်သမားအင်အား လိုအပ်ချက်အရ ခေါ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
'အရင်က စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဖူးသူတွေနဲ့ ကိုရီးယားမှာကျောင်းသွားတတ်တဲ့ သူတွေပဲခေါ်ယူတာမျိုးပါ၊အခုကလုပ်သားလိုအပ်ချက်ကြောင့် ခေါ်ယူ မယ့်သဘောဖြစ်မှာပါ၊ 'ဟု ကိုရီးယားစာသင်ကြားသည့်ဆရာမတစ်ဦးက ပြောသည်။
အဆိုပါ စားသောက်ဆိုင်လုပ်ငန်းအတွက် လုပ်သားလိုအပ်ချက်အရ E9 လုပ်သား ၃၀၀၀ ကို ကနဉီး ခေါ်ယူမည်ဖြစ်သော်လည်း စားသောက်ဆိုင်ပိုရှင်များ၏ တောင်းဆိုချက်အရ လုပ်သား ၁၀၀၀၀ အထိ တိုးမြှင့်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားများ စေလွှတ်ရာတွင် E9 ဗီဇာ အမျိုးအစား ထုတ်ပေးထားပြီး E9 ဗီဇာ ကိုင်ဆောင်ထားသည့်လုပ်သားများသည် ယခင်က ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်သာ အလုပ်လုပ်ခွင့်ရ၍ ပြီးခဲ့သည့်လမှ စတင်ကာ ကိုရီးယားအစိုးရက ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်းများကိုပါ လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏လုပ်ငန်းခွင် အသီးသီးတွင် လုပ်သားလိုအပ်ချက်မှာနှစ်သိန်းခန့်ရှိနေသဖြင့် ပြည်ပလုပ်သားများကို အားထားနေရကြောင်း သိရသည်။
#Local_News #EP စနစ် #တောင်ကိုရီးယားနိုင်ငံ #YMG/ NN #Yangon-Times
#Local_News
Published 26 November 2023
ပန်းတစ်ပွင့်တောင်သို့သွားရာလမ်း၌ ဘုံကထိန်သွားမော်တော်ယာဉ်တစ်စီး တိမ်းမှောက် မှုယနေ့နေ့လယ်၌ဖြစ်ပွားခဲ့ကြောင်းမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့) မှသိရသည်။
ဖြစ်စဉ်မှာယနေ့ နိုဝင်ဘာ ၂၆ရက်နေ့လည် ၂နာရီခန့်တွင်မှော်ဘီမြို့နယ်၊ဝါးနက်ချောင်းကျေးရွာပန်းတစ်ပွင့်တောင်သို့သွားရာ လမ်း၌ ဘုံကထိန်သွားရောက် ပို့ဆောင်ရာမှ မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
'ထိခိုက်ဒဏ်ရာရသူတွေကို မှော်ဘီဆေးရုံကိုလိုက်ပို့ပေးနေပါတယ် 'ဟုမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အပေါ်ပါမိဘပြည်သူ၊ ကလေးလူနာ(၂၅)ဉီး အား ဝါးနက်ချောင်း ဆေးရုံ မှ မှော်ဘီဆေးရုံသို့မြို့မလူမှုကူညီရေးအသင်းလူနာတင်ယာဉ် (၃)စီးဖြင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#Local_News #ပန်းတစ်ပွင့်တောင် #မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon_Times
၂၆ နိုဝင်ဘာ ၂၀၂၃
#အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့် အခြေအနေများ
#၂၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများကို
နစကသတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
Page 613 of 1893