#Local_Sport
Published-27 November 2023
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပနေသည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th WVVF World Vovinam Championships 2023)ပြိုင်ပွဲတွင် မြန်မာမှ ငွေ ဆုနှင့် ကြေး ဆုစုစုပေါင်း၇ ဆုအထိ ရရှိထားပြီး ဆက်လက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာမြန်မာဗိုဗီနမ်အားကစားအသင်းသည် နိုဝင်ဘာ (၂၅) ရက်နေ့တွင် Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိန္ဒြဖေူးတို့က ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ အလားတူ ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်တွင် ၅၄ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်မှ ကြေးတံဆိပ်ဆု (၁) ခု၊ female self defense(အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲမှ ကြေးတံဆိပ်ဆု (၁) ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင်မှ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်မှ ငွေတံဆိပ်ဆု (၁ )ခု၊ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် လက်ရှိအချိန်အထိငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၄) ခု၊ စုစုပေါင်း ဆုတံဆိပ် (၇) ခုရရှိထားပြီး အဆိုပါပြိုင်ပွဲအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ အထိကျင်းပမည်ဖြစ်ပြီး အခြားဆုတံဆိပ်များရရှိစေရန် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_Sport #ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ #ငွေနှင့်ကြေး၇ဆုရရှိ #YMG NN #Yangon_Times
#Local_News
Published-27-November-2023
ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊လမ်း(၁၂၀)၊ အာဒါးလမ်းထောင့်ရှိ တိုက်ဟောင်းတစ်လုံး နိုဝင်ဘာ၂၇ရက် မနက်ပိုင်းက ဘေးနံရံပြိုကျမှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ပြိုကျခဲ့သည့် တိုက်မှာ အမှတ် (၂၆) လေးခန်းတွဲ နှစ်ထပ်တိုက်အမျိုးအစားဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်အတွင်းက လူနေထိုင်ရန် မသင့်တော်သည့် တိုက်အဖြစ် သက်ဆိုင်ရာဌာနက သတ်မှတ်၍ လူနေထိုင်ခွင့်ပိတ်ထားသော တိုက်ဖြစ်ကြောင်း သိရသည်။
"တိုက်ဘေးနံရံပြိုကျတာပါ။ အမျိုးသားတစ်ဦးတော့ထိခိုက်ဒဏ်ရာရသွားတယ်။ သူကတိုက်ဘေးနားမှာ အလုပ်လုပ်နေတုန်းပြိုကျလို့ ထိသွားတာပါ"ဟု သပြေကုန်းပရဟိတ အသင်းမှအသင်းဝင်တစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ပြိုကျသည့်နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလာရောက်ကြည့်ရှု့ကာ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News ##မင်္ဂလာတောင်ညွှန့် #ဘေးနရံပြိုကျ #လူတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
'တောင်ကြီး-ပေါမူ-တောင်ကြီးရှုခင်းကြည့်အထူးရထားကို နိုဝင်ဘာရက်နေ့က၂၇ရက်နေ့အထိ အထူးအစီအစဉ်နဲ့ ပြေးဆွဲပေးနေပါတယ်'
#Local_News
Published_ 27 November 2023
#တောင်ကြီးရှုခင်း #အထူးရထားပြေးဆွဲပေး
#YMG/ NN #Yangon_Times
နိုင်ငံပေါင်း(41)နိုင်ငံယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခင်ချယ်ရီသက်ဟာ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲမှာ Vietnam နဲ့ ယှဉ်ပြိုင်ကစားရာ ရမှတ်(၄/၂)နဲ့ ပထမဆုတံဆိပ်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁)ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်
#Local_News
Published_ 27 November 2023
#မြန်မာအားကစားမယ် #ကမ္ဘာ့အဆင့်(၁)ရရှိ
#tthl #Yangon_Times
မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများခုန်တက်နေပြီး နမ္မတူလမ်းပိတ်ထားသောကြောင့် လွယ်ဂျယ်လမ်းပိုင်းအား အသုံးပြု၍ ဆက်လက်ပြေးဆွဲပေးနေ
'မူဆယ်ကနေမန္တလေးကို ယာဉ်စီးခကျပ် သုံးသိန်းရှစ်သောင်းနဲ့ မန္တလေးကနေ မူဆယ်ကိုကျပ်သုံးသိန်းခွဲအထိဈေးနှုန်းရှိနေပြီး တစ်ချို့ကတော့ကျပ်လေးသိန်းခွဲအထိဈေးခေါ်နေတယ်'
#Local_News
Published_ 27 November 2023
#မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများတက် #လွယ်ဂျယ်လမ်းပိုင်း
#YMG/NN #Yangon_Times
စားနပ်ရိက္ခာပြတ်လပ်မှုနဲ့တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာရှိတဲ့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေ အပါအ၀င် ပြည်သူအများစုဟာမြို့ကို စွန့်ခွာလာမှုများလာတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
#Local_News
Published_ 27 November 2023
#လောက်ကိုင်တွင်ပိတ်မိနေ #ပြည်တွင်းရွှေ့ပြောင်းလုပ်သား
#YMG/LW #Yangon_Times
"နိုဝင်ဘာလကုန်ပိုင်းမှာ ဒေသအသီးသီးမှာ အေးဖို့ရှိနေရာမှ လေဖိအားနည်းရပ်ဝန်းကြောင့်အအေးပြန်ပေါ့သွားမှာဖြစ်ပြီး မိုးနည်းနည်းရွာမှာဖြစ်တယ်"
#Local_News
Published_ 27 November 2023
#လေဖိအားနည်းရပ်ဝန်း #တနင်္သာရီတိုင်းမိုးအနည်းငယ်ရွာ
#tthl #Yangon_Times
Page 611 of 1893