Published 28 November 2023
ရန်ကုန်ဈေးကွက်တွင်း၌ တစ်ပတ်တာအတွင်း စက်သုံးဆီတစ်လီတာကို ကျပ်၇၀ကျော်အထိ ကျဆင်းလာကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။
ထိုသို့ကျဆင်းရာတွင် တစ်ပတ်တာအတွင်း ဓာတ်ဆီ တစ်လီတာလျင်ကျပ် ၆၅ နှင့် ဒီဇယ်တစ်လီတာလျှင်၇၅ကျပ်အထိကျဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။
'စက်သုံးဆီဈေးတွေက ဒီတပတ်ထဲ နည်းနည်းကျတယ်၊ ကမ္ဘာ့ဈေးလဲငြိမ်တယ်လေ ၊အရောင်းအဝယ်ကတော့ ပွဲတော်ရက်မလို့ ကောင်းပါတယ်'ဟု စက်သုံးဆီ တစ်နိုင်တစ်ပိုင်ရောင်းချသူတစ်ဦးကပြောသည်။
ကမ္ဘာ့ရေနံစိမ်းတစ်စည်လျင်၇၅ဒသမ၁၇ဒေါ်လာဖြင့် တစ်ပတ်တာအတွင်း အတက်အကျအနည်းငယ်သာရှိပြီး လာမည့် ညပိုင်းတွင် Crude Oil Inventoriesသတင်းဖြင့် အတက်အကျကြမ်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများကဆိုသည်။
ယနေ့တွင် ရန်ကုန်ဈေးကွက်၌ 92တစ်လီတာလျှင် ၂၁၇၀ကျပ် ၊95တစ်လီတာလျှင် ၂၃၀၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင်၂၂၉၀ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 28 November 2023
ဒီဇင်ဘာလထဲတွင်လည်း လေဖိအားနည်းရပ်ဝန်းနှစ်ခုဖြစ်ပေါ်ကာ (၁)ကြိမ်တွင်အားပိုကောင်းနိုင်ပြီး မုန်တိုင်းငယ်အထိဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
မိုးရွာသွန်းရက်အဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၇)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သေးသည်ဟုဆိုသည်။
မြူကျဆင်းမှု အခြေအနေအဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မြူကျရက်(၁၆)ရက်မှ (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၅)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သည်ဟုဖော်ပြပါရှိသည်။
ယင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
နှမ်းဈေးကွက်အနေထားအရ ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် ကုန်သည်တွေမှ ၀ယ်ယူလိုမှုရှိပေမယ့် တောင်သူတွေအနေနဲ့ ရောင်းချမှုမရှိဘူးလို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေး အဖွဲထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၈ နိုဝင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်ရဲ့မြေပြင်တပ်တွေဟာ တရုတ်-မြန်မာနယ်စပ်တလျောက်မှာ နိုဝင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိ တကယ့်စစ်မြေပြင်လက်တွေ့လေ့ကျင့်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
Source CCTV+
လက်မှုပညာတတ် တိုင်းရင်းသားများပြည်ပတွင် ရွေ့ပြောင်းလုပ်သားများဖြစ်နေ၍ လုပ်သားရှားပါးမှု ပြဿနာရှိလာနိုင်
"အရင်က လက်မှုပညာသင်ပေးထားတဲ့ တိုင်းရင်းသားလူငယ်တွေကလည်း ပြည်ပမှာလုပ်ခလစာ မြင့်စွာ အလုပ်လုပ်နေပြီဖြစ်တဲ့အတွက် ပြည်တွင်းကိုပြန်လာပြီး လစာနည်းနည်းပြန်လုပ်တော့မှာ မဟုတ်လို့ နောင်တစ်ချိန်မှာလုပ်သားရှားပါးမှု ပြဿနာတွေ ရင်ဆိုင်ရနိုင်ခြေရှိတယ်" မြန်မာနိုင်ငံလက်မှုအနုပညာအသင်း ဥက္ကဌ ဦးသာဓု
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၀၂၃ -၂၀၂၄ ကြံကြိတ်ခွဲရာသီအတွင်း ဗီယက်နမ်သို့ မြန်မာ့သကြားဖြူ တန်ချိန်တစ်သိန်းဝန်းကျင်နဲ့ အဓိကတင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
မူဆယ် ၁၀၅မိုင်အနီးရှိ ဒေသခံပြည်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ လူမှုကူညီရေးအသင်းတွေ စီစဉ်ဆောင်ရွက်နေဟုဆို
မူဆယ် ၁၀၅မိုင်အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့နဲ့ နေထိုင်နိုင်ဖို့အတွက် မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတွေက ကြိုတင်စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
Yangon_Times/
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Page 609 of 1893