‘စပါးရိပ်ဖို့ စပါး၊ပဲစိုက်ဖို့ စက်သုံးဆီရရှိဖို့လိုအပ်ပြီး စပါးရိတ်ရမယ့်အချိန်မရိပ်သိမ်းနိုင်ရင် စပါးအထွက်လျော့နိုင်သလို ပဲစိုက်ဖို့အတွက်လည်း ရာသီရက်အတွင်းမှီအောင် စိုက်နိုင်ဖို့လိုအပ်တယ်’ ကျောက်တန်းမြို့နယ်နေတောင်သူတစ်ဦး
#Local_News
Published 08 December 2023
#စက်သုံးဆီ #စပါးအထွက်လျော့နိုင်
#tthl #Yangon_Times
အကြောင်းမျိုးမျိုးကြောင့် ပျောက်ဆုံးနေတဲ့ မှတ်ပုံတင်ယာဉ်မောင်းလိုင်စင်၊ ဘဏ်ကတ်၊ ဘဏ်စာအုပ် သက်သေခံကတ်ပြားစတဲ့ အရေးကြီးစာရွက် စာတမ်းတွေကို စာတိုက်ပုံးတွေမှာတွေ့ရှိနေတဲ့အတွက် ပြည်သူတွေ အနေနဲ့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ မြန်မာ့စာတိုက်လုပ်ငန်း ထုတ်ပြန်ကြေညာပါတယ်။
#Local_News
Published 08 December 2023
#အရေးကြီးစာရွက်စာတမ်း #မြန်မာ့စာတိုက်လုပ်ငန်း
#YMG/LW #Yangon_Times
#Local_News
Published-8 Published 08 December 2023
ယခု ဘဏ္ဍာနှစ်အတွင်း၌ ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်သို့ CMP စနစ်ဖြင့် ချုပ်လုပ်ထားသည့် ချုပ်ပြီး အထည်များတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။
ထိုသို့တင်ပို့ရာတွင် ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံစသည့် အနောက်နိုင်ငံများသို့ အဓိကတင်ပို့သည့် ဈေးကွက်များအဖြစ်တင်ပို့နေကြောင်း သိရသည်။
ထို့အပြင် ယခုနှစ်အတွင်း CMP လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေသည့် အထည်ချုပ်စက် ရုံများတွက် ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းတင်သွင်းမှုမှာ ကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင် သွင်းနေရကြောင်း၊ နိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေသည့် CMP အထည် လိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံထားသည့် နိုင်ငံများက တရုတ်နိုင်ငံ ဈေးကွက်မှတစ်ဆင့် ကုန်ကြမ်းပစ္စည်းများ အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌အထည်ချုပ်လုပ်ငန်းများလုပ်ကိုင်ရာတွင်CMP စနစ်ဖြင့် အများဆုံးချုပ်လုပ်နေကြပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းပေးစွမ်းနိုင်သည့်အပြင် ပြည်ပဝင်ငွေလည်းများစွာရှာဖွေနိုင်သည့်လုပ်ငန်းများဖြစ်ကာပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံပမာဏခန့် တင်ပို့နိုင်ခဲ့ပြီး၊ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ခဲ့ကြောင်း သိရသည်။
#Local_News #နိုင်ငံပေါင်း ၈၀ ကျော် #CMPစနစ် #YMG/NN #Yangon_Times
'ကုန်တွေလည်းပုံမှန်ဝင်နေတယ်၊ ဈေးလည်းတော်တော်များများကျတယ်၊ အရောင်းအဝယ်လည်းအေးပါတယ်' ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌ ဦးခင်ဟန်
#Local_News
Published 08 December 2023
#စက်သုံးဆီအခက်အခဲ #အခြေခံစားကုန်ဈေးနှုန်းများကျဆင်း
#YMG/NN #Yangon-Times
#Local_News
Published-8 Published 08 December 2023
ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း တစ်ပတ်တာအတွင်းရွှေပြင်ပပေါက်ဈေးတစ်ကျပ်သားကို ကျပ်တစ်သိန်းခန့်အထိမြင့်တက်လာကြောင်း ရွှေဈေးကွက်တွင်းမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၁ရက်နေ့မှ ဒီဇင်ဘာ၈ ရက်နေ့အထိ ကမ္ဘာ့ရွှေတစ်အောင်စလျှင်ကန်ဒေါ်လာ ၁၁ အထိကျဆင်းလာသော်လည်းရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးမှာမူ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ မြင့်တက်နေကြောင်း သိရသည်။
'ကမ္ဘာ့ဈေးတော့ဒီတစ်ပတ်ထဲမှာ အမြင့်ဆုံးတက်ပြီး ပြန်ကျတယ်၊ဒါပေမယ့်ဒီဘက်မှာဒေါ်လာဈေးလေးနည်းနည်းတက်တော့ ရွှေဈေးကအမြင့်ပိုင်းမှာပဲဆက်တိုးနေတယ်ဆိုတော့ ဈေးကွက်ထဲအဝယ်နည်းတယ်၊ မသွက်ဘူး၊ ပြန်ရောင်းသူတွေတော့ ရှိပါ တယ်၊ဈေးက တစ်အားတက်ထားတဲ့အပိုင်းက ရောက်ပြီးသားဆိုတော့လေ အရမ်းတော့ ထိုးတက်တာမဟုတ်ဘဲ တက်တော့တက်တယ်၊ ဒါပေမယ့် ဒီပတ်ချာလည်လောက်ပဲအတက်အကျဖြစ်နေတယ်လေ၊' ဟု ရန်ကုန်မြို့မှရွှေဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယနေ့တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ကန်ဒေါ်လာ၂၀၃၀ အထိရှိပြီး ရန်ကုန်အခေါက်ရွှေဈေးနှုန်းမှာပြင်ပပေါက်ဈေးတစ်ကျပ်သားလျှင်ဝယ်ဈေးကျပ် ၃,၇၂၀,၀၀၀နှင့်ရောင်းဈေး ၃,၇၆၅,၀၀၀ ကျပ်အထိရှိကာနိုင်ငံခြားငွေလဲနှုန်းပြင်ပပေါက်ဈေးနှုန်းများမှာ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး၃,၄၉၀ ကျပ်နှင့်ရောင်းဈေး၃,၅၆၀ကျပ်အထိဈေးနှုန်း အသီးသီးရှိနေကြောင်း သိရသည်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရွှေပြင်ပပေါက်ဈေး #တစ်သိန်းခန့်အထိမြင့်တက် #YMG/ NN #Yangon_Times
ယခုတပတ်စက်သုံးဆီ ဈေးကွက်အနေထားအရ ဈေးအနည်းငယ်ပြန်ကျလာပေမယ့် စက်သုံးဆီလက်လီ ၀ယ်ယူရာမှာ လိုအပ်ချိန်တိုင်း ၀ယ်ယူလို့မရဘဲ အခက်အခဲဖြစ်နေတယ်လို့ စက်သုံးဆီ ၀ယ်ယူသုံးစွဲသူတွေထံက သိရပါတယ်။
#Local_News
Published 08 December 2023
#စက်သုံးဆီဈေးအနည်းငယ်ပြန်ကျ #ဆီ၀ယ်ယူရာတွင်အခက်အခဲဖြစ်
#YMG/LW #Yangon_Times
‘ဆီဈေးကွက်ကတော့ တစ်ဖြည်းဖြည်းချင်းနဲ့တော့ အေးလာဖို့ရှိတယ်။ ပစ္စည်း(စားအုန်းဆီ) များလာမှာဆိုတော့လေ။ စားအုန်းဆီတင်သွင်းခွင့် ပမာဏ(ကိုယ်တာ)တိုးရန်ရှိတဲ့အတွက် စားအုန်းဆီတွေ ပိုပေါလာမှာဆိုတော့လေ” ရန်ကုန်တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဒုဥက္ကဌ ဦးရဲသူအောင်
#Local_News
Published 08 December 2023
#စားအုန်းဆီတင်သွင်းခွင့် #ဆီဈေးကွက်အေးလာနိုင်
#tthl #Yangon_Times
Page 587 of 1892