ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီးမှာ မကြာခင်ဖွင့်လှစ် တော့မယ့် ဈေးရုံအသစ်ဖြစ်တဲ့ ဈေးရုံအမှတ်(၅) မှာ ရောင်းချဖို့အတွက် ဆိုင်ခန်းနေရာ လာရောက်လျှောက်ထားတဲ့ သူများနေတယ်လို့ Myanmar Argo Echange published Co.ltd ထံက သိရပါတယ်။
#Local_News
Published 11 December 2023
#တညင်းကုန်းဈေး #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
#Local_News
Published 11 December 2023
အင်းဝစာဆိုကျော် “ရှင်မဟာရဋ္ဌသာရ'' ၏ မွေးနေ့ ၅၅၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း မှ သိရသည်။
အင်းဝခေတ်၌ ပျို့၊ ကဗျာ၊ အလင်္ကာ၊ မော်ကွန်း၊ ရတု၊ ဆုံးမစာစသည့် စာပေအမျိုး အစားပေါင်းစုံကို ရေးသားဖွဲ့ဆိုခဲ့သော မြန်မာစာပေကို ထွန်းတောက်စေခဲ့သည့် အင်းဝခေတ် “ပေလေးပင်ရှင်လေးပါး” ဝင် ရဟန်းစာဆိုအကျော် “ရှင်မဟာရဋ္ဌသာရ” အား ဂုဏ်ပြုသောအားဖြင့် တံဆပ်ခေါင်းအသစ် ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးထုတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ဒီဇင်ဘာ ၁၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နတ်တော်လဆန်း ၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ထုတ်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ငယ်မည် “မောင်မောက်” အမည်ရ အင်းဝခေတ်စာဆိုအကျော် “ရှင်မဟာရဋ္ဌသာရ” သည် မြန်မာသက္ကရာဇ် ၈၃၀ ခုနှစ် ခရစ်သက္ကရာဇ် ၁၄၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ၅၅၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
#Local_News #အင်းဝခေတ် #ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်ပြည့် #၂၀၀ကျပ်တန်စာပို့တံဆိပ်ခေါင်းသစ် #YMG/LW #Yangon_Times
#Local_News
Published 11 December 2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခဲ့ပြီး သွေးပုလင်းစုစုပေါင်း (၁၂၅ )ပုလင်းခန့်လှူဒါန်းနိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
အဆိုပါသွေးလှူဒါန်းပွဲကို ဒီဇင်ဘာလ(၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၀၉:ဝဝ)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ဗိုလ်တထောင် စေတီတော်အလှည့်ကျသဘာပတိဦးဌေးဦး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဒေါက်တာတင်ထွန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးတင်ရှိန်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးအောင်မြတ်၊ ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဝင်းထူး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးစိန်သန်းနှင့် ရုံးအဖွဲ့မှူး ကျော်နိုင်ထွန်းနှင့် ဒုရုံးအဖွဲ့မှူး၊ လက်ထောက်ရုံးအဖွဲ့မှူး နှင့် ဌာနမှူးများမှ တက်ရောက်ကြပြီးအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးအလှည့်ကျသဘာပတိဦးဌေးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်မှ ဒေါက်တာဒေါ်သန္တာနှင့် တာဝန်ခံဆရာဝန်များ၊ ဝန်ထမ်းများမှု သွေးလှူဒါန်းမည့်အလှူရှင်များအား လိုအပ်သည်များ ဆောင်ရွက်ပေး၍ သွေးလှူဒါန်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
လာရောက်သွေးလှူဒါန်းသည့်အလှူရှင်များကို ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တီရှပ်နှင့်ရေသန့်များလှူဒါန်းခြင်း။
ဦးအောင်ကိုဇော် မိသားစုမှ နွားနို့၊ ကြက်ဥနှင့် ငှက်ပျောသီးများလှူဒါန်းခြင်း။
ရန်ကုန်ဆေးရုံကြီးသွေးလှူဘဏ်မှ Royal D အချိုရည်၊ ဘီစကစ်နှင့် သံဓာတ်အားဆေးမျာ လှူဒါန်းခြင်း။
ဗိုလ်တထောင်စေတီတော် အုန်း/ငှက်ပျောကန်တော့ပွဲဆိုင်များမှ ကြာဇံချက်များ ကုသိုလ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
#Local_News #ဗိုလ်တထောင်စေတီ #သွေးပုလင်းစုစုပေါင်း(၁၂၅ )ပုလင်း #tthl #Yangon_Times
#Local_News
Published 11 December 2023
Miss Grand Myanmar 2024ပြိုင်ပွဲကြီးတွင် Winnerဆုကြီးကို ကိုယ်စားပြုအလှမယ် Miss Grand Taungoo Thae Su Nyein မှဆွတ်ခူးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် 1st Runner Upအဖြစ် Miss Grand Mudon - Myint Myat Moe ၊2nd Runner Upအဖြစ်Miss Grand Bago-Angel Kyi phyuတို့မှရရှိခဲ့သည်။
Miss Grand popular vote award အဖြစ် Miss Grand Myawaddy Nan Khaing shwe war winမှ ရရှိခဲ့သည်။
Miss Grand Myanmar 2024 TOP 6 ရရှိသူများ မှာ1. Myawaddy ( Miss Popular Vote ) 2. Pyin Oo Lwin3. Mudon4. Taungoo5. Hakha 6. Bago တို့ဖြစ်သည်။
ယင်းMiss Grand Myanmar 2024ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ(၁၀)ရက်တွင် ရွှေထွဋ်တင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ်Miss Grand Myanmar 2024ပြိုင်ပွဲတွင် Winner ဆုရရှိသူသည်မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ်ကျင်းပမည့် ယင်းMiss Grand International 2024ပြိုင်ပွဲ၌နိုင်ငံတကာအလှမယ်များနှင့်အတူပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #Miss Grand Myanmar 2024ပြိုင်ပွဲ #Miss Grand Taungoo Thae Su Nyein #tthl #Yangon_Times
#Local_News
Published_10 Dec 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ရေးနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေး ကာလအတွင်း သီးခြားဆွေး နွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန် မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီ ကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်း တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ဆက် လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
ယခုအခါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက် တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။
#Local_News #မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး #နယ်စပ်တစ်လျှောက်လုံခြုံရေး
#Yangon_Times/PP
#Local_News
Published_10 Dec 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသောအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် နစက ဥက္ကဌက သွားရောက် အားပေး ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှုပေး ထားသည့်အခြေအနေများနှင့် ရောဂါကုသ ပျောက်ကင်းသက်သာမှု အခြေအနေများကို လည်းကောင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် မိ သားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ အားပေးစကား ပြော ကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ၊ အထွေထွေလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းနှင့်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာ ရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတတူ နစက ဥက္ကဌ၏ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် သားဖွားမီးယပ်နှင့်ကလေး ကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင် များ ကို တစ်ဦးချင်း အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Local_News #နယ်မြေခံတပ်မတော်ဆေးရုံ #နစကဥက္ကဌ သွားရောက်အားပေး
#Yangon_Times/PP
#LocaL_News
Published_10 Dec 2023
ရှမ်းပြည်နယ် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား နစက ဥက္ကဌ က ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ များသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် အစိုးရနှင့် တပ်မတော်မှ လို အပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် အားပေးစကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်း များ၊ လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ အတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ် ရာ ပစ္စည်းများကိုလှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးက အမှန်တကယ် လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများ အားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေ အနေများကို ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀၀ ကိုပေးအပ်ခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာလ ၂၇ ရက်မှစ၍ MNDAAI TNLA၊ AA အဖွဲ့တို့နှင့် PDF ပူးပေါင်းအဖွဲ့၏ လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်း များ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိ ကြောင်း၊ လက်ရှိအချိန် အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက် ရှိ ကြောင်းသိရသည်။
#LocaL_News #လားရှိုး #ယာယီနေရပ်စွန့်ခွာဒေသခံ #သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် #Yangon_Times/PP
Page 581 of 1892