Published-13-December-2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း လမ်းဘေးရပ်ထားသည့် တွဲကားတစ်စီးအား သဲများတင်ဆောင်သည့် ကားတစ်စီးက နောက်မှဝင်ရောက်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၃ရက် နေ့လည် ၂နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမကြီး ရာဇဂြိုဟ် မှတ်တိုင်အနီးတွင် လမ်းဘေးရပ်ထားသော တွဲကားတစ်စီးအား သဲကားက နောက်မှဝင်ရောက်တိုက်မိခဲ့ကာ ယင်းယာဉ်တိုက်မှုကြောင့် သဲကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးအား 5B TAXI လူမှုကူညီရေးအသင်း Ambulance ယာဉ်ဖြင့် မြောက်ဥက္ကလာ မေဓာဝီ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
' စက်သုံးဆီ အရောင်းဆိုင်များထံ ဆီတွေလုံလောက်အောင် ရောင်းချပေးထားပြီးဖြစ်တာကြောင့် မကြာမီရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင် ရောင်းချ ဖြန့်ဖြူးရေးအသင်း ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-13 December 2023
ယခုနှစ် ၁၁ လအတွင်း YBS ယာဉ်များ ယာဉ်မတော်တဆမှု ၇၁မှုဖြစ် ပွားပြီး ခရီးသည် ၂၉ ဉီးသေဆုံးကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။
၂၀၂၃ ခုနှစ်၁၁လတာအတွင်း ယာဉ်တိုက်မှု ၇၁ မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၉ ဉီးသေဆုံး၍ ၁၁၀ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
' တစ်ချို့ YBS ယာဉ်လိုင်းတွေက တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် မောင်းတာတွေရှိတယ်။ မီးနီဖြတ်မောင်းတာတွေ၊ အရှိန်ပြင်းမောင်းတာတွေကြောင့် ယာဉ်တိုက်မှုတြွေဖစ်ပြီး ခရီးသည်တွေ သေဆုံးတာ၊ လမ်းဖြတ်ကူးတဲ့သူတွေ သေဆုံးတာမျိုးရှိတယ်။ " ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဉီးလျန်ကျင့်မာန်က ပြောသည်။
အဆိုပါကဲ့သို့ ဖြစ်ပွားပါက ယာဉ်မောင်းကို YRTC မှ ထုတ်ပေးထားသည့် YBS ယာဉ်မောင်းနှင်ခွင့်ကတ် ပြန်သိမ်းခြင်း၊ ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်ခြင်းများပြုလုပ်သည့်အပြင် ဥပဒေအရ အရေးယူလေ့ရှိကြောင်းသိရသည်။
ယခင် ၂၀၂၂ ခုနှစ်တွင် YBS ယာဉ်လိုင်းများ ယာဉ်တိုက်မှု ၆၅ မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၃၁ ဉီးသေဆုံးကာ ၈၆ ဉီး ဒဏ်ရာရရှိခဲ့ရာ ယခုနှစ်တွင် သေဆုံးသူ ၂ ဉီးလျော့နည့်ခဲ့ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 13 December 2023
ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီးရထား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ ကာ လူထိခိုက်မှု မရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် မန္တလေးဘူတာမှ ရန်ကုန်သို့ ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးခင်မောင်သန်း မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF/2083 ၊ လူစီးရထားသည် ကျောက်တံခါးမြို့ အရှေ့တောင်ဘက် မီတာ ၇၅၀၀ ခန့်အကွာ ရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် ၁၀၃ မိုင် ၂၄ ဖာလုံနှင့် ၁၀၄ မိုင် ၁ ဖာလုံ သို့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့် တွင် ရောက်ရှိစဉ် KNLA နှင့် PDF တို့က ရထား လမ်းဘေး ဘယ် ညာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကြောင့်ရထားစက် ခေါင်းတွဲနှင့် ရထားတွဲ ၂ တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း ရထားပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများနှင့်ခရီးသည်များ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း၊ ရထားသံလမ်းများနှင့် ဇလီဖားတုံးများ ပြတ်တောက်ပျက်စီးခဲ့ကြောင်းသိရသည်။
မီးရထားလမ်း ပျက်စီးခဲ့သည့်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့သူတွေ များနေပြီး ယင်းစစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို ကရင် ပြည်နယ်မှာရှိတဲ့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်က အရောင်းအဝယ်သွက်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သီတင်းကျွတ် တန်ဆောင်တိုင် ရှိတယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့ ဓလေ့အတိုင်း ပိုက်ဆံတွေ သုံးကြစွဲကြတော့ အရောင်းအဝယ်သွက်ခဲ့ပါတယ်၊ ဒါပေမယ့်အခု ၁၅ရက်လောက်ရှိပြီ အရောင်းအဝယ် နည်းနည်းလေးအေးပါတယ် '
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 13 December 2023
မီးဖိုချောင်သုံး (LPG)ဂတ်စ် လိုအပ်သလောက်ဝယ်ယူမရဘဲ ယခင်ထက်ဈေးမြင့်လာတယ်လို့ လက်လီရောင်းချသူတွေထံ ကသိရပါတယ်။
ပြီးခဲ့သည့် နှစ်ပတ်ခန့်က စပြီး မီးဖိုချောင်သုံးဂတ်စ်များ ဝယ်ယူမရသည့် အတွက် အချို့ လက်လီပြန်ရောင်းချသည့် ဆိုင်များ ပိတ်ထားရကြောင်း သိရသည်။
"" စက်ရုံဘက်က လာကိုမချပေးတာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းကတည်း က အရင်ရက်တွေကလည်း ခွဲတမ်းနဲ့ရသလို ဖြစ်နေတယ် ဂတ်စ်ဈေးတွေလည်း တတ်တယ် သို့ပေမယ့် မြို့နယ်တစ်ခုနဲ့တစ်ခုတော့မတူဘူး"'ဟု ရွှေပြည်သာမြို့နယ် မှ အိမ်သုံးဂတ်စ်ရောင်းချသူတစ်ဦးကပြောသည်။
လက်ရှိတွင် ဂတ်စ်ဖြန့်သည့် ကုမ္ပဏီများ က ပြင်ကလက်လီပြန်ရောင်းချသည့်ဆိုင်များကိူ ထုတ်ရောင်းချမှုနည်းပြီး စာချုပ်ချုပ်ထားသည့် စက်ရုံများ စားသောက်ဆိုင် များကိုသာ ပို့ပေးမှုများကြောင်း သိရသည်။
"" အရင်ကတပိသာကို ၆၀၀၀ကျပ် ဝန်းကျင်ကနေ အခု တပိသာ ကို ၈၀၀၀ ကျပ်ကနေ ၁၀၀၀၀ကျပ် ဝန်းကျင် အထိရှိတယ် မြို့ထဲ တိုက်ခန်း တွေကျတော့ မီးမလာရင်ဂတ်စ်နဲ့အဓိက ထားသုံးကျတယ် အဲ့တော့ မြို့ထဲဘက်တွေမှာ ပိုပြီးဈေး များတယ်""ဟု ဂတ်စ်ရောင်းဝယ်လုပ်သူကပြောသည်။
ယခုကဲ့သို့ မီးဖိုချောင်သုံး ဂတ်စ်များ လိုအပ်သလောက် ဝယ်ယူမရသည့်အတွက် အိမ်တွင်းအသုံးပြုသူများထက် အစားအသောက်ချက်ပြုတရောင်းချသူများနှင့်စားသောက်ဆိုင်များတွင် အခက်ခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 13 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
Page 576 of 1891