Published_ 14 December 2023
AFC Futsal Asian Cup 2024 အုပ်စု မဲခွဲပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ အာရှဘောလုံးအဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ် အသင်း ၊ တရုတ်အသင်းများနှင့် အတူ အုပ်စု (က)၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အုပ်စု ပွဲစဉ်များကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန် နိုင်ငံတွင် ကျင်းပမည့် ဖူဆယ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ ဥဇဘက်ကစ္စတန် အသင်းအနေဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်သော အသင်းအများအနေဖြင့် Play-Off ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အဆင့် ၅ နေရာ ရရှိသော အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
ymg_mnn
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မလေးရှားမှာ နိုင်ငံတကာက အော်ဒါရရှိမှုနည်းပါးနေတာကြောင့် စက်ရုံပိတ်သိမ်းမှု အချို့ပင်ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေကာ လာမယ့်တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်အ၀င်နည်းလာတဲ့အတွက် ရှမ်းကြက်သွန်ဖြူ တစ်ပိသာကိုကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာတယ်လို့ ရန်ကုန်ရှိ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-14 December 2023
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ရေခဲပို့သည့် ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ထားဝယ်မြို့၊ ဗျောတောဝလမ်းဆုံ အနီး၌ ရေခဲပို့သည့်ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ခေါင်းကွဲဒဏ်ရာနှင့် ဈေးဆိုင်ပိုင်ရှင်နှင့် ဈေးဝယ်သူအမျိုးသမီးလေးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အား သက်ဆိုင်ရာမှ စစ်ဆေးနေပြီး ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 14 December 2023
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငြွေဖင့် ထိုင်းနိုင်ငံ Khon Kaen University က အကောင်အထည်ဖော် ဆောင်ရွက်မည့် LMC Strengthening Dairy Innovation (SDI) Programme စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ်တွင် စတင်မည် ဖြစ်ကာ အဆိုပါစီမံကိန်း အနေဖြင့် လန်ချန်း - မဲခေါင် မြစ်ဝှမ်းဒေသအတွင်းရှိ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံ များမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်း ထု
တ်လုပ်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မြန်မာနိုင်ငံနို့လုပ်ငန်းအသင်းမှ သိရသည်။
စီမံကိန်းအရ (၁) သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ (၂) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ (၃) မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများအကြား နို့စားနွားမွေးမြူရေးနှင့်၊ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကွန်ယက် ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ
သည်။
အဆိုပါ သင်တန်းများနှင့်အလုပ်ရုံဆွေးနွေးပွဲများ ကို ၂၀၂၄ ခုနှစ် မေလ တွင် စတင်နိုင်ရန် ပြင်ဆင်ထားသောကြောင့် ယင်း သင်တန်းများ နဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေး အတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံနို့လုပ်ငန်း အသင်းတို့က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိက စိတ်ပါဝင်စားသည့် နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် သင်တန်းသွားရောက်ရန်နိုင်ငံကူးလက်မှတ် အပါအဝင် အခြား လိုအပ်နိုင်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန်အတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ သတိပေးထုတ်ပြန်ထားသည်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 14 December 2023
(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင် ရက်သတ္တပတ်သို့ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါဖျော်ဖြေပွဲ၌ မြန်မာ့ဇာတ်သဘင်အဖွဲ့ဝင်များက မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ နှစ်ပါးသွားအက၊ မဟော်သဓာဇာတ် စသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသည့် (၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်တို့ ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ၆-၁၂-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့ပြီးနောက် ၇-၁၂-၂၀၂၃ ရက်နေ့တွင် Guangxi Culture and Art Center ၌ မြန်မာ့ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့၏ ဇာတ်သဘင်ဖျော်ဖြေပွဲကို ကျင်းပခဲ့ရာ နန်နင်း ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်း အဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Zhao Yongfu နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Ms. Fan Qin စသည့်အရာရှိကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ကောင်စစ် ဝန်ချုပ်ရုံး မိသားစုများ၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ဖိတ်ကြားထားသော နန်နင်းမြို့ရှိ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစု တက္ကသိုလ်၌ မြန်မာဘာသာ သင်ယူနေသည့် တရုတ်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ပညာတော်သင် ရောက်ရှိနေသော မြန်မာကျောင်းသား/သူများ၊ နန်နင်းအခြေစိုက် Panorama မဂ္ဂဇင်းမှ သတင်းမီဒီယာအဖွဲ့များ စသဖြင့် ဧည့်ပရိသတ် (၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လာရောက်ကြည့်ရှုကြသည့် တရုတ်၊ မြန်မာပရိသတ်များအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ကွမ်ရှီးမီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၁၀ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Published_ 14 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
Page 574 of 1891