Published-15 December 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘော်ဆိုင်းမြို့ဈေးပွဲတော်တွင် လာရောက်ဖွင့်လှစ်သော အပျော်စီး ပင်လယ်ဓားပြလှေမှ ဝန်ထမ်းတစ်ဉီး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့်ပရဟိတအသင်းများမှသိရသည်။
ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ကန်ဦးရပ်ကွက်၊ အမှတ်(၁)ရေကန် (ဒေသအခေါ် -တွင်းစောက်ကန်) တွင် ဒီဇင်ဘာ ၁၄ ရက် ညနေ ပိုင်းက အသက် ၁၈ နှစ်အရွယ် ရေနစ်သေဆုံးသော အမျိုးသားငယ်တစ်ဉီး၏ အလောင်းကို တွေ့ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသားငယ်မှာ၁၃ ရက်နေ့ နေ့လယ်က တောင်ဘက်ကမ်းမှ မြောက်ဘက်ကမ်းသို့ ကူးခတ်စဉ် ရေလယ်တွင် ရေနစ်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်ကပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊
ဒေသခံများနှင့် ပင်းတယပရဟိတအသင်းမှ တာဝန်ရှိသူများက လိုက်လံရှာဖွေပြီးနောက် ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို အသင်းမှတာဝန်ရှိသူများက ပင်းတယမြို့နယ်ပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ခဲ့ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ထိုင်း၊တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း B to B စနစ်နဲ့ မြန်မာ့ပြောင်းတန်ချိန် ခုနှစ်သိန်းကိုဒီဇင်ဘာက နေဧပြီလနောက်ဆုံးထားပြီး တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိမိနေရပ်ကိုမပြန်နိုင်ဘဲ စစ်ရှောင်စခန်းတွေမှာ ရေရှည်နေထိုင်လာတာကြောင့် စားဝတ်နေရေးအခက် ဖြစ်တဲ့ အတွက် စစ်ဘေးရှောင်သည့် အမျိုးသားအများစုမှာ ပြည်ပကို အဆင်ပြေသလို သွားရောက်အလုပ်လုပ်ကိုင်မှု များ လာတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးသူတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် သူတွေအနေနဲ့ မတ်လ၁၁ရက်မှာ မြန်မာစာ၊ မတ်လ၁၂ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ၁၃ရက်မှာ သင်္ချာ၊ မတ်လ၁၄ရက်မှာ ဓာတုနဲ့ပထဝီဝင်၊ မတ်လ၁၅ရက်မှာ ရူပနဲ့ သမိုင်း၊ မတ်လ၁၆ရက်မှာ ဇီဝနဲ့ဘောဂ၊ မတ်လ၁၈ရက်မှာ လူမှုရေးသိပ္ပံနဲ့ မတ်လ၁၉ရက်မှာ စိတ်ကြိုက်မြန်မာစာ တို့ကို ဖြေဆိုကြရမှာဖြစ်တယ်’ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
(၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှ ပြည်တည်နာဖြစ်ပြီးပန်းသီးလုံးလောက်ဖြစ်လာသဖြင့် ခွဲစိတ်ကုသပေးခဲ့ရကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကလေးငယ်၏ဦးခေါင်းမှာဖြစ်ပေါ်လာသည့် ပန်းသီးလုံးအရွယ်ပြည်တည်နာကို ကျိုက်ထိုမြို့နယ်ပြည်သူ့ ဆေးရုံကြီးမှဆရာဝန်၊ဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများမှအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါကလေးငယ်သည် တောင်ကလေးကျေးရွာဘက်တွင်မွေးဖွားလာသည့်ကလေးငယ်တစ်ဦးဖြစ်ပြီး (၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှအရေပြားထိခိုက်မှုဖြစ်ပြီး သွေးစသွေးနထွက်လာသဖြင့် သွေးတိတ်အောင် နနွင်းမှုန့်နဲ့ဆေးဘက်ဝင်အပင်များကိုဝါးပြီးအုံကာထည့်ပေးခဲ့ရာမှ အနာမှာ ပြည်တည်ပြီး ကလေးငယ်မှာ နို့မစို့နိုင်တော့သည့်အထိဖြစ်ခဲ့ခြင်းဖြစ်သည်။
ကလေးငယ်များကို မွေးဆံပင်မဖြစ်မနေရိတ်ပေးရမည်ဆိုသည့်အယူအဆသည် ကျန်းမာရေးအရ အဆင်မပြေ ကြောင်းနှင့် ကလေးငယ်၏အပူအအေးကို ဦးခေါင်းမှတစ်ဆင့်ထိန်းချုပ်ခြင်းရှိသောကြောင့် ကလေးငယ်၏ဦးခေါင်း ကိုကတုံးရိတ်ပေးလိုက်ခြင်းအားဖြင့် ဆံပင်မရှိတော့လို့ အအေးမိ၊နှာစေး၊နှာပိတ်ခြင်းလက္ခဏာများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သဖြင့်သတိပြုကြရန်လိုအပ်ကြောင်းလည်း ယင်းဆေးရုံမှအသိပေးထားကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၄ ဒီဇင်ဘာ ၂၀၂၃
၁၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်နှင့်ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ထူးခြားဖြစ်စဉ်များကို
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
Page 572 of 1891