Published 15 December 2023
ဗိုလ်တထောင်စေတီတော်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓ၊ဓမ္မ၊သံဃပူဇာပွဲကြီးကို (၆)ရက်တိုင်တိုင် ကျင်းပသွားရန် ရှိကြောင်း ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့မှသိရသည်။
ဗုဒ္ဓပူဇာပွဲအဖြစ် ဒီဇင်ဘာလ၂၇ရက် နံနက်(၅)နာရီတွင်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးအား ဆရာတော်သံဃာတော်အပါး(၉၀)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်တင် ပူဇော်ခြင်း၊ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးနံသာ၊ဆွမ်း၊သစ်သီးများကပ်လှူသွားမည်ဖြစ်သည်ဟုဆိုသည်။
ဓမ္မပူဇာပွဲအဖြစ် ဒီဇင်ဘာလ၂၆ရက်မှ ၃၀ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဓမ္မပူဇာအဖြစ် အသံမစဲမဟာပဌာန်း တော်ကြီးရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။
သံဃာပူဇာပွဲအဖြစ် ဒီဇင်ဘာလ၃၁ရက်တွင်ကျင်းပမည်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကိုအမှူးထား၍ မဟနဆရာတော် များ၊ တိပိဋကဆရာတော်များ၊ ဩဝါဒစရိယဆရာတော်၊သံဃာတော်များ(၁၀၈)ပါးနှင့်သီလရှင်(၃၆)ပါးတို့ကို လှူဖွယ်ပစ္စည်းများဖြင့် အကြိမ်(၅၀)မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-15 December 2023
လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကျပ် ၈၀၀,၀၀၀မှ ၁,၂၀၀,၀၀၀ အထိဈေးနှုန်းရှိနေ ပြီးတရုတ်မှဆေးဝါးနှင့်လူသုံးကုန်များ အဓိကတင်သွင်းမှုများ ပြုလုပ်နေကြောင်း ကုန်သည်များထံမှသိရသည်။
အဆိုပါသယ်ယူပို့ဆောင်ခများမှာ ကုန်အမျိုးအစားပေါ်မူတည်၍ဈေးနှုန်းများကွာခြားလေ့ရှိပြီး ကုန်ပွတစ်စီးလျှင် (၈၀၀,၀၀၀)ကျပ်၊ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်နှင့်ကုန်ကျစ်တစ်စီးလျှင် (၁,၂၀၀,၀၀၀)ကျပ်အထိဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
' ဈေးကကုန်အမျိုးအစားအလိုက်ကွာတယ်၊ အရင်ကျွန်တော်တို့မူဆယ်ကတင်ပို့တင်သွင်းနေပါ တယ်ပေါ့၊အခုလွယ်ဂျယ်ကနေအဓိကကုန်သွယ်နေပါတယ်၊ကုန်ကတော့ဟိုဘက်ဒီဘက်အစုံသွားပါတယ်၊ ' ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လတ်တလောတွင် သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက် ရှိပြီး ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင်ဆေးဝါးပစ္စည်း (၅၉၈၈၀၀)U ၊ တန်ဖိုး (ဝ.၀၉၈) ဒေါ်လာသန်း၊ ဂျပ်ဖာ (၂၂.၀၀) တန်၊ တန်ဖိုး (ဝ.၀၀၉) ဒေါလာသန်း၊ ထွန်စက် (၂) U ၊ တန်ဖိုး (ဝ.၀၁၈) ဒေါ်လာသန်း၊ ချည် (၂၈.၆၀) တန်၊ တန်ဖိုး (ဝ.၀၁၇) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၃.၅၀) တန်၊ တန်ဖိုး (ဝ.၀၀၇) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀) တန်၊ တန်ဖိုး (ဝ.၀၀၅) ဒေါ်လာသန်း၊ ပတ္တာကြိုး (၄၃.၀၀) တန်၊ တန်ဖိုး (ဝ.၀၅၃) ဒေါ်လာသန်း၊ စောင် (၂၃.၀၀) တန်၊ တန်ဖိုး (ဝ.၀၁၂) ဒေါ်လာသန်း၊ ပိုက် (၁၆.၅၀) တန်၊ တန်ဖိုး (ဝ.၀၂၃) ဒေါ်လာသန်း၊ နန်းကြိုးခွေ(၁၆.၀၀) တန်၊ တန်ဖိုး (ဝ.၀၁၁) ဒေါ်လာသန်း၊ ဖော့ (၁၀.၀၀) တန်၊ တန်ဖိုး (ဝ.၀၀၇) ဒေါ်လာသန်း၊ ကုန်စုံ (၁၉၁.၈၀) တန်၊ (၂၈၅၀၉) U၊ (၁၀၀၀) PR၊ တန်ဖိုး (ဝ.၁၅၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါ သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိကြောင်းသိရသည်။
ပို့ကုန်များအနေဖြင့်ဆန်နှင့်ဆန်ကွဲအပါအဝင်လယ်ယာထွက်ကုန်များအားအဓိကတင်ပို့ခဲ့ကာသယ်ဆောင်စရတ်အဖြစ် တစ်ပိသာလျှင်ကျပ်၁၅၀အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် အလုပ်လုပ်ရန်အတွက် ထိုင်းနိုင်ငံမှတဆင့် သွားရောက်ရန် အတွက် လုပ်ဆောင်စဉ်တွင် ထိုင်းအာဏပိုင်များက စစ်ဆေးတွေ့ရှိသဖြင့် မြန်မာအမျိုးသမီး ၇ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရ သိရသည်။
အဆိုပါမြန်မာ အမျိုးသမီး ၇ ဦးမှာ ထိုင်းနိုင်ငံ ချွှန်ဖော်ခရိုင်၊ ထားစယ့်မြို့ရပ်ရော့ ကျေးရွာအုပ်စု ၁၄ နယ်မြေတွင် ဒီဇင်ဘာ ၁၃ ရက် ည ၁၁နာရီ အချိန်ခန့်က ဒေသခံ အာဏပိုင် အဖွဲ့များက ကင်းလှည့်စစ်ဆေးစဉ် တရားမဝင် နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသမီး ၇ ဦး တို့ကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခံခဲ့ ရကြောင်း သိရသည်။
ယင်းအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင်ဘတ် ၇၀၀၀၀ ပေးခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများကို အမှတ် ၂၅ ခြေလျင် တပ်ဖွဲ့က သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ လဝကဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများ အဆင်ပြေစေရန်အတွက် သုခဒဂုံ အိမ်ရာသို့ ပြေးဆွဲပေမည့် YBS ယာဉ်လိုင်းလေးခု လျာထာကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သုခဒဂုံအိမ်ရာမှာ ပြည်သူ့အငှားအိမ်ရာဖြစ်ပြီး မကြာခင်ကမှ အိမ်ရာတွင်ငှားရမ်းနေထိုင်ခွင့် မဲပေါက်ထားသူများ စတင်နေထိုင်သည့် အိမ်ရာဖြစ်ကာ လောလောဆယ် စတင်နေထိုင်သူများ အဆင်ပြေစေရန်အတွက် ယာဉ်လိုင်း အမှတ် ၁၁၈ နှင့် ၉၇ ယာဉ် လိုင်းများစတင်၀င်ရောက် ပြေးဆွဲနေကြောင်း သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ မဲပေါက်နေထိုင်ခွင့်ရသူများကို ဒီဇင်ဘာ ၁ရက်က အခန်းပေါင်း ၄၅၀ ကို သော့ထုတ်ပေးခဲ့ပြီး တိုက်ခန်းများတွင် မီတာတပ်ဆင်ခြင်းနှင့် အခြား ဆောင်ရွက်စရာများ ပြီးစီးပြီးဖြစ်သည့် အခန်း ၁၂၀ တွင် ဒီဇင်ဘာ ၄ရက်တွင် စတင်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့ အငှားအိမ်ရာမှ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂လမ်းမကြီးနှင့် ရန်ကုန်မြို့ ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နေထိုင်ရေးအခက်ခဲရှိနေသည့် ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ ငှားရမ်းနေထိုင်ရန်အတွက် လျှောက်ထား နိုင်ကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက် အရ မလေးရှားနိုင်ငံ သို့ လာရောက်မည့် မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသားများအားလုံးသည် မလေးရှားနိုင်ငံသို့မရာက်မီ Malaysia Digital Arrival Card(MDAC)ကို ကြိုတင် ဖြည့်စွက် လျှောက်ထားရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ အသိပေး ကြေညာချက်အရ သိရသည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ၁ရက်က စပြီး Malaysia Digital Arrival Card(MDAC) ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ website https;//imigresen- online.imi.gov.my/mdac တွင်ဖြည့်စွက် လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ လာရောက်မည့်သူများ ဖြည့်စွက်ရမည့် MDAC စနစ်ကို ၃၁ရက် ဒီဇင်ဘာအထိ ကနဦး အကောင်ထည်ဖေါ် ကာလအဖြစ် သတ်မှတ်၍ လျော့ပေါ့ထားသဖြင့် မလေးရှားသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကစပြီး မလေးရှားသို့မရောက်ရှိ မီ MDAC ဖြည့်စွက်ခြင်းကို အွန်လိုင်းမှ မဖြစ်မနေ ကြိုတင်ပေးပို့လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ လျှောက်ထားမှုကို သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ၊မလေးရှားတွင် အမြဲနေထိုင်ခွင့်နှင့် ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများကို MDAC ဖြည့်စွက် လျှောက်ထားစရာ မလိုကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အရင်က သတ်မှတ်ရည်ညွှန်းဈေးနဲ့ ပြင်ပပေါက်ဈေး ကျပ်သိန်းချီကွာဟပေမယ့် လက်ရှိမှာ ကျပ်သုံးသောင်းကျော်ဝန်းကျင်သာကွာဟနေ ကမ္ဘာ့ရွှေဈေးတက်တာအပြင် အချိန်နဲ့အမျှပြောင်းလဲတဲ့ဘဏ်တွေရဲ့အွန်လိုင်းထရေးဒင်းကမနက်ဈေးနဲ့ ညဈေးကွာတာကြောင့် ဈေးနှုန်းတွေပြောင်းလဲပါတယ်
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘‘ မုန့်ဟင်းခါးကို ဟောင်ကောင်စကားအနေနဲ့ မုန့်ဟင်းဂျားလို့ခေါ်ပြီး ရန်သူမရှိဟင်းလို့ အဓိပ္ပာယ်ရတယ်။ ဟောင်ကောင် Line Walkerအဖွဲ့ကို မြန်မာနိုင်ငံကို ဖိတ်ခေါ်ပြီး ရုပ်ရှင်ရိုက်ကူးခဲ့သလို မြန်မာ့မုန့်ဟင်းခါးအကြောင်းကို ဟောင်ကောင်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ တစ်ဝက်ရိုက်ကူးခဲ့ပြီး ကိုဗစ်ဖြစ်ပွားခဲ့လို့ ရိုက်ကူးရေးတွေရပ်နားခဲ့ရတာကို ၂၀၂၄မှာပြန်ရိုက်ကူးဖို့ရှိပါတယ်” မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌဒေါ်အေးသဉ္ဇာသူ
‘‘ခရစ်စမတ်မတိုင်မီ အီတလီခေါက်ဆွဲရှိသလို အပြည်ပြည်ဆိုင်ရာ Belt and Roadနေ့မှာ မုန့်ဟင်းခါးနေ့အဖြစ် သတ်မှတ်လိုက်ပြီး အပြည်ပြည်ဆိုင်ရာ Belt and Roadအစားအစာအဖြစ် ဂုဏ်ပြုလွှာလည်းပေးအပ်ခဲ့တယ်’’
အပြည်ပြည်ဆိုင်ရာBelt and Roadဥက္ကဌ
Watch Video>>https://yangonmediagroup.com/index.php/myanmar/15773-belt-and-road-2
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 571 of 1891