#Daily_News
Published 20 December 2023
၁။ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းကိုဦးဆောင်ခဲ့သည့်နာယကကြီး(၂၅)ဦးကို ပူဇော်ကန်တော့မည်
၂။ နွေစပါးတစ်ဧကလျှင် စက်သုံးဆီ ၄ဂါလံ နှုန်းဖြင့်ရောင်းချမည်ဟု မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းကြေညာ
၃။ ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်အတွက် ဂေါ်ရန်ဂျီကျွန်းသို့ လည်ပတ်ရန်စုံစမ်းမှုများရှိနေသော်လည်း ကြိုတင်ဘိုကင်တင်မှုနည်းပါးနေ
၄။ တစ်တိုင်းပြည်လုံးလျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများကြောင့် ကင်ညာတွင် စီးပွားရေးနှင့်စက်မှုလုပ်ငန်းများထိခိုက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_ 20 December 2023
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ Yingtan မြို့၌ ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့တဲ့ “2023 Forum on Lancang-Mekong Local Government Cooperation and Dialogue between Historic and Cultural Cities of Lancang-Mekong Countries” သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ယူနန်ပြည်နယ်၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ချုံချင့်မြူနီစီပါယ်မြို့တို့နှင့် ပြည်နယ်အစိုးရခြင်း ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လန်ချန်း -မဲခေါင် နိုင်ငံများရှိ ပြည်နယ်အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများအကြား ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုတိုးတက် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်သာမက မဲခေါင်ဒေသ ၅ နိုင်ငံတို့၏ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါအခမ်းအနားသို့ Jiangxi ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong၊ Chinese People's Association for Friendship with Foreign Countries (CPAFFC) ဒုတိယ ဥက္ကဋ္ဌ Mr. Yuan Mindao၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ မြို့တော် ဝန်များ၊ ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးညီညီ ဉီးဆောင်ပြီး မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
Dialogue between Historic and Cultural cities of Lanchang-Mekong countries အစီအစဉ်၏ Session 2: Carrying Forward Traditional Culture for Cultural Innovation and Mutual Learning ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဒုတိယ မြို့တော်ဝန် ဦးညီညီ က လည်းကောင်း၊ Session 3: Developing Tourism Resources for Common Prosperity ခေါင်းစဉ်ဖြင့် မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် တို့က ဆွေးနွေးခဲ့ကြပါတယ်။
#Local_News #လန်ချန်း-မဲခေါင်ဒေသ #ymg_mnn #Yangon_Media_Group
"The Ruenသင်္ဘောကုမ္ပဏီရဲ့ဝက်ဆိုက်ကို MSF အနေဖြင့် email ပေးပိုပြီး မြန်မာသင်္ဘောသားတွေရဲ့အခြေအနေကိုစုံစမ်းထားပေးမယ့် အကြောင်းပြန်လာတာမျိုးမရှိသေးဘူး" မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF) ဥက္ကဌဦးစိုးမင်းအောင်
#Local_News
Published 20 December 2023
#The Ruen #ပင်လယ်ဓားပြ #မြန်မာသင်္ဘောသား
#tthl #Yangon_Times
#Local_News
Published 20 December 2023
အခုရက်ပိုင်းအတွင်းညအပူချိန်ကျဆင်းမည့်ဒေသ(၄)ခုရှိပြီး ရန်ကုန်လည်း အအေးဓာတ်ရလာတော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နောက်နှစ်ရက် ဒီဇင်ဘာ(၂၁)မှ(၂၂)ရက်အထိ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်သည်ဟုဆိုသည်။
ခရစ်စမတ်ဒီဇင်ဘာ(၂၅)ရက်နီးလာလျှင် ရန်ကုန်လည်း အအေးဓာတ်ရတော့မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြောသည်။
ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် ဟဲဟိုးမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ လွိုင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြ ပါသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကရင် ပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင် သိရသည်။
#Local_News #ညအပူချိန်ကျဆင်းမည် #tthl #Yangon_Times
#Local_News
Published 20 December 2023
စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသနှင့် ရွှေဘိုကျောက်မြောင်းတွင် ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသားခရီးသွားများ ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ ဟိုတယ်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းနှင့် ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်း၍ ခရီးသွားရာသီတွင် လင်းပိုင်နှင့် သဘာဝအလှကိုချစ်မြတ်နိုးသည် နိုင်ငံခြားသားခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန် ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ရေးဆွဲဆောင်ရွက်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က လင်းပိုင်များ နေထိုင်ကျက်စားခဲ့ပြီး ဧရာဝတီမြစ်အတွင်း ကျက်စားသည့် လင်းပိုင်များကို ဧရာဝတီမြစ်အား အစွဲပြု၍ Ayeyarwady Dolphin ဟု အမည်ခေါ်တွင်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်မြစ်တစ်လျှောက်နှင့် အိန္ဒိယနိုင်ငံတို့ရှိ လင်းပိုင်များကိုလည်း ဧရာဝတီလင်းပိုင်ဟု အသိအမှတ်ပြုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြစ်အတွင်း ဘက်ထရီ ရှော့တိုက်ငါးဖမ်းခြင်း၊ မျှောပိုက်ချခြင်းတို့မှ လင်းပိုင်များ ထိခိုက်နာကျင်သေဆုံး မှုမရှိစေရန် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်သည် နုတ်သီးတို ပြုံးရွှင်သောမျက်နှာရှိပြီး အသက်ခုနစ်နှစ်နှင့် ကိုးနှစ်အရွယ်၌ မျိုးပွားနိုင်လေ့ရှိကာ ၁၄ လအကြာ ကိုယ်ဝန်ဆောင်လျက် လူသားတို့ကဲ့သို့ နို့တိုက်သတ္တဝါအဖြစ် တစ်ကြိမ်သာသားဖွယ်လေ့ရှိပြီး အသက် ၃၀ မှ ၅၀ အထိနေထိုင်ရှင် သန်လေ့ရှိကြောင်း သိရသည်။
#Local_News #ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ် #YMG/LW #Yangon_Times
#Local_News
Published 20 December 2023
မန္တလေးတွင် သဲများသယ်ဆောင်လာသည့် Faw ကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းမဏီစလလူမှု/နာမှုကူညီရေးအသင်း(မန္တလေးမြို့)ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၀ရက် နေ့လည်ပိုင်းအချိန်က မန္တလေးမြို့၊ ၄၁လမ်း၊ ၈၄လမ်းနှင့် ၈၃လမ်းကြားတွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက ထွက်ခွာသွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ အသက် ၄၀ခန့်ရှိပြီး ယင်း၏ ရုပ်အလောင်းကို မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးသို့ အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #Faw ကားနှင့်ဆိုင်ကယ်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံး #YMG/LW #Yangon_Times
ဖရဲသယ်ယူပို့ဆောင်တဲ့လမ်းကြောင်းတွေကြန့်ကြာတာ၊ နောက်တရုတ်ပြည်မှာလည်းအအေးလှိုင်းဖြတ်နေတော့ အသီးဈေးတွေကျတယ်၊ လမ်းတွေမှာအရမ်းကြာတယ်လေ၊ စိုက်ကွင်းရယ်၊စိုက်တဲ့မြေအမျိုးအစားရယ်၊ထားတဲ့အချိန်ရယ်၊ လမ်းကြောင်းအနေအထားရယ်ပေါ်မူတည်ပြီးတော့အသီးတွေက မလတ်ဆတ်တော့ပယ်တာတွေများတယ်၊
#Local_News
Published 20 December 2023
#တရုတ်အအေးလှိုင်း #မြန်မာ့ဖရဲအရည်အသွေး
#YMG/NN #Yangon_Times
Page 561 of 1891