Published 26 December 2023
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ရှိသည့်အတွက် မြို့နယ်နေရာအချို့တွင် ဒီဇင်ဘာ (၂၆)ရက်မှ ဇန်နဝါရီ (၂) ရက်အတွင်းယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အာထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ်းလွန်ရွှေဂက်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ နံနက် ၁၀နာရီခွဲ မှ နေ့လည် ၂နာခွဲ အထိ အရေးပေါ်ရပ်တန့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် gas ပေးပို့မှုရပ်တန့်ရမည်ဖြစ်ကာ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ကာ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
Yangon Time/LW
#Local_News
#Published 26 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
၂၅ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူတွေအနေနှင့် ပို့ကုန်ရငွေများပြည်လည်ဝင်ရောက်ရမည့်ကာလသတ်မှတ်ချက်တွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာပါတယ်။
ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ယခင်(၉၀)ရက်အစား (၆၀) ရက်သို့လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့် ကြော်ငြာစာအမှတ် ၂၇ /၂၀၂၃ တွင်ဖော်ပြထားပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း ပြန်လည်ဝင်ရောက်ရန် သတ်မှတ်ထားခဲ့တာဖြစ်ပြီး ယင်းကို ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရအရေးယူခြင်းခံရမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အဆိုပါအမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
-ymg/knl
၂၅ ဒီဇင်ဘာ ၂၀၂၃
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ် ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ယနေ့ဒီဇင်ဘာ ၂၅ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့်( ၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးရာ၌ ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအတွက် “မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိ သည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ် ပြုပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့်အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
နေပြည်တော် တွင် “အမျိုးသားကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည်ဆောက် ရန် အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ကျေးဇူးတင်စကားပြောကြားပါတယ်။
ယင်းအပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်ပြီး ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်- လန်ချန်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သင့်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အကြံပြုပြောဆိုပါတယ်။
“မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက မဲခေါင်-လန်ချန်းနိုင်ငံ့အကြီးအကဲများကို တိုက်တွန်းပြောဆိုပါတယ်။
“မဲခေါင်‘လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်း”၊ “မဲခေါင်- လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက် ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို ကြိုဆိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း တို့တက်ရောက်ခဲ့ကြပါတယ်။
ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ်သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် “နေပြည်တော်ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီး ချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂ဝ၂၇)” နှင့် “ မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစကြီ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။
အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
(၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် တာဝန် ရှိသူများ ပါ ဝင်တက်ရောက်ခဲ့ကြပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Daily_News
Published 25 December 2023
၁။ ပုဂံရှေးဟောင်းဇုန်ထဲတွင် ပလတ်စတစ်သုံးစွဲမှုလျော့ကျအောင်နှင့် အမှိုက်ကင်းစင်အောင် ပရော်ဂျက်ဖြင့်ဆောင်ရွက်မည်
၂။ တညင်းကုန်း လက်ကားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ပါဝင်မည့် ဈေးရုံကြီးကို လာမည့်ဧပြီလတွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားဟုဆို
၃။ ခရစ္စမတ်အားလပ်ရက် ပုဂံလာရောက်သူများပြားပြီး ပုဂံမြို့တွင်းဟိုတယ်များအခန်းပြည့်နေ
၄။ တူရကီတွင်ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနဲ့အတူ အများပြည်သူပို့ဆောင်ဆက်သွယ်ရေး စရိတ်များ (၅၀)ရာခိုင်နှုန်းမြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 25 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၌ ယနေ့နေ့လည်၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ၄၆ ရပ်ကွက် စံရိပ်ငြိမ်လမ်းတွင် ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီ ၁၉ မိနစ် အချိန်၌ မီးထိန်းနိုင်ပြီး ၃နာရီ ၂၂မိနစ် အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့်နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်မီးလောင်မှုဖြစ်စဉ်များအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#Local_News #မြောက်ဒဂုံ၄၆ရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/ NN #Yangon_Times
ချေးငွေလျှောက်ထားဖို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ စတင်ခွင့်ပြုခဲ့တာပါ။ လျှောက်လွှာခေါ်ယူတဲ့ လေးရက်အတွင်း လျှောက်လွှာလျှောက်ထားမှု ဧက ၅၀,၀၀၀ (ရာခိုင်နှုန်း ၅၀)အထိ ရှိနေပါပြီ
#Local_News
Published 25 December 2023
#ကာလတိုချေးငွေလျှောက်ထား #ဧကငါးသောင်းအထိရှိ
#YMG/NN #Yangon_Times
အခုချိန်ကကုန်ကြမ်းဈေးနှစ်ဆကျော်လောက်တက်နေတယ်၊ ဈေးကောင်းနေတော့ မှိုအထွက်များတဲ့ စိုက်တောင်သူတွေတွက်ခြေကိုက်နေတယ်၊ အထွက်လည်းများကြပါတယ်
#Local_News
Published 25 December 2023
#ကောက်ရိုးနှင့်ငွေနှင်းမှိုများဈေးကောင်းရ
#YMG/NN #Yangon_Times
Page 553 of 1891