' ဟဲဟိုး-ရွှေညောင်ရထားလမ်းပိုင်းက လွန်ခဲ့တဲ့ နှစ်၁၀၀လောက်က ဘဝသံသရာတံတားပုံစံ တောင်ကြီး-ပေါမူ လမ်းပိုင်းမှာ ပြုလုပ်ထားပါတယ်၊ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာ တံတား)ကို အပေါ်စီးက ကြည့်ရှုနိုင်မှာပါ။ လက်ရှိတော့ဒေသခံနဲ့ ပြည်တွင်းခရီးသွားတွေပဲ လာပါသေးတယ်၊နောက်ပိုင်းဆိုရင်တော့ ပြည်ပခရီးသွားတွေလာကြမှာပါ၊
Yangon_Times/NN
#Published 27 December 2023
#YMG_News #Yangon_Times #Yangon_Media_Group
ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်ရည်ရွယ်ပြီး တပိုင်တနိုင် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် အခုလိုသင်တန်းတွေ ပို့ချ ပေးတာဖြစ်တယ် လာမယ့် ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁၇ရက်မှ ၂၃ ရက်အထိ ပဲခူးမြို့ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်း (၁၀)မိုင် သင်တန်းကျောင်းမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
Yangon_Time/LW
Published 27 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 27 December 2023
ထာဝရဝိန့်စိန်နှင့် မသက်သက်မာ ပြန်လည်အဆင်ပြေပြီးနောက် ၀ိန့်စိန်နှင့် မသက်သက်မာတို့ စုပေါင်းလှူဒါန်းသည့် ငြိမ်းချမ်းရေးနဂါးရုံစေတီကို ယနေ့ဒီဇင်ဘာ ၂၇ ရက်တွင် အုတ်မြစ်ချလှူဒါန်းကြောင်း ထာဝရဝိန့်စိန် စိန်ရတနာရွှေဆိုင်မှ သိရသည်။
ထာဝရဝိန့်စိန်နှင့် မသက်သက်မာတို့သည် ကားကံစမ်းမဲဖောက်ရင်း အငြင်းပွားမှုအချို့ရှိခဲ့ရာမှ နှစ်ဦး နှစ်ဖက် ညှိနှိုင်းမှုများ ရက်အတန်ကြာပြုလုပ်ခဲ့ပြီးနောက် အဆင်ပြေသွားခဲ့ခြင်းဖြစ်သည်။
နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုများတွင် ထာဝရဝိန့်စိန်မှ မသက်သက်မာအား ကျပ်သိန်း၃၇၀ နစ်နာကြေးပေးခဲ့ခြင်းဖြစ်ပြီး မသက်သက်မာမှ ရရှိသောနစ်နာကြေးကို ဘုရားတည်သွားမည်ဆိုသောကြောင့် ထာဝရဝိန့်စိန်မှ ဘုရားတည်ရန် အတွက် လိုအပ်သော ငွေကြေးများထပ်မံပေးအပ်ကာ စုစုပေါင်း ကျပ်သိန်း၅၀၀ဖြင့် မသက်သက်မာနှင့် ဝိန့်စိန် ဖောက်သည်များအမည်ဖြင့် ဘုရားတစ်ဆူတည်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/LW
Published 27 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
ပြည်တွင်းမှာအသုံးပြုတဲ့ စက်သုံးဆီတွေကို စင်ကာပူနိုင်ငံကနေ အဓိကတင်သွင်းနေတာဖြစ်ပြီး တစ်ပတ်တာအတွင်း စင်ကာပူစက်သုံးဆီဈေးနှုန်းတွေက အမျိုးအစားအလိုက် တစ်ဘာရယ်ကို ၃ဒေါ်လာကျော် ဝန်းကျင်အထိ ကျဆင်းနေပေမယ့် ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေက အမျိုးအစားအလိုက် တစ်လီတာကို ၁၁၅ကျပ်ကနေ ၃၂၅ကျပ်အထိဈေးနှုန်းမြင့်တက်နေတယ်။
Yangon_Time/NN
Published 27 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
ပွဲရုံတွေမှ တပိသာ ၅၀၀၀ကျပ်ခန့်ထိ ဈေးပေးဝယ်ပေမယ့်လည်း ထန်းလျက်တောင်သူတွေလက်ထဲ ဝယ်ကုန်မရှိတော့တဲ့အတွက် လာရောင်းသူ အလွန်နည်းတယ်လို့ ဆိုပါတယ်။
Yangon_Time/LW
Published 27 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
ခရီးသွား ၁.၁သန်းကျော် ဝင်ရောက်ထားတယ်၊ တရုတ်နဲ့ထိုင်းက အများဆုံးပဲ၊ တရုတ်က လေကြောင်းလိုင်းကအဓိကဝင်ပြီး ထိုင်းက လေကြောင်းအပြင် နယ်စပ်ကလည်းဝင်နေတယ်။ ဗီဇာတွေဖြေလျော့ထားလို့ မနှစ်ကထက် ခရီးသွားပိုများတယ်။
Yangon_Time/NN
Published 27 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published 27 December 2023
မလေးရှားနိုင်ငံ ပါရတ်ပြည်နယ်ရှိ ငါးဖမ်းစက်လှေ တွင် အထောက်ထား မပြည့်စုံဘဲ တရားမဝင် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားရေလုပ်သား၄ဦး ဒီဇင်ဘာ ၂၅ရက်က အဖမ်းခံရကြောင်း မလေးရှားသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
Perak ပြည်နယ် ရေကြောင်းညွန်ကြားရေးမှူး၊ ရေကြောင်းကပ္ပတိန် Mohd Hambali bin Ya'akup က Perak ရေပြင်တွင် ပုံမှန်ကင်းလှည့်နေစဉ် KM NYALAU မှ ငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် မသင်္ကာဖွယ်ရာ စက်လှေအား ဆက်လက်စစ်ဆေးရန် ချဉ်းကပ်လာခဲ့ရာ စစ်ဆေးချက်အရ အဆိုပါ လှေပေါ် တွင် အသက် ၂၉ နှစ်မှ ၅၃ နှစ်ကြား မြန်မာနိုင်ငံသား ၄-ဦးနှင့် ဒေသခံ ၁ဦး လိုက်ပါဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသဖြင့်စာရွက်စာတမ်းများကို စစ်ဆေးရာတွင် သင်္ဘောမှူးသည် ကမ်းရိုးတန်းမှ ရေမိုင် ၁၅ မိုင်အတွင်း ငါးဖမ်းသည့် ပြစ်မှုနှင့် တရားဝင် အထောက်အထား တင်ပြရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရပြီး လှေပေါ်တွင် အီလက်ထရွန်နစ် ကိရိယာများ အသုံးပြုရန် ခွင့်ပြုချက်မရှိသော ပစ္စည်းများပါရှိ့ခြင်းဖြင့် အမှုဖွင့်တိုင်ကြားထားကာ မြန်မာနိုင်ငံသား ၄ ဦးကိုတော့ လဝက အမှု့ဖြင့်ဆက်လက်စစ်ဆေးနေကြောင်း ဖော်ပြထားသည်။
အဆိုပါ ဖမ်းမိသူများ နှင့် စက်လှေ ငါးဖမ်းကိရိယာ များအားလုံးကို မလေးရှား ရေကြောင်း စုံစမ်းရေး အရာရှိထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Page 550 of 1891