ဒီအချိန်မှာ ရွှေတွေထုတ်ပြီး လုပ်ငန်းလုပ်မယ့်အစား၊ တစ်ချို့အလုပ်မရှိတဲ့သူတွေက ရွှေတွေပြန်ဝယ်ပြီး ကိုင်ကြတာကြောင့်ရယ်၊ နောက်ပစ္စည်းရှားတာ၊ ငွေလဲနှုန်းကြောင့်ရွှေဈေးက ၃၇သိန်းမှာ ငြိမ်နေတယ်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
မွေးမြူရေးတိရစ္ဆာန်အစာအနေနဲ့ အသုံးပြုတဲ့ ပဲဖတ်ဈေးကွက်ဟာ ယခုနှစ်မှာ ၀ယ်လိုအားအလွန်နည်းတဲ့အတွက် ဈေးမြင့်ရရှိမှု မရှိဘူးလို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
"ပုဂ္ဂလိကပညာရေးဥပဒေအရ သတ်မှတ်အကျယ်အဝန်းရှိတဲ့ စာသင်ခန်းတွေပါတဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ရမှာဖြစ်တဲ့အတွက် တစ်ဦးချင်းဖွင့်ဖို့ ခက်ခဲသူတွေရှိလာနိုင်လို့ စုပေါင်းဖွင့်သင့်တယ်" မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌဦးနေအုပ်
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published. 30 December 2023
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကပြောကြားသည်။
နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ၂၉ရက်ကပြုလုပ်ခဲ့သော
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသနဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျ သုတေသနပြုလုပ်ခြင်းမှတစ်ဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့်သုတေသနတွေ့ရှိ ချက်များကိုအခြေခံ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါင်း ၁၉ မြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူ မှုအစီအစဉ်အရ ပြည်တွင်းခရီးသွားများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_29 Dec 2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်း ဖြစ်၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP)ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ရက်စွဲဖြင့်ကြေညာချက်အမှတ် ၅၄/၂၀၂၃ကို ထုတ်ပြန်ကြေညာရာတွင် ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိသည်။
ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၇)ဖြစ်သည်ဟုလည်း ရွေး/ကော်၏ ကြေညာချက်အရသိသည်။
“နိုင်ငံရေးဘောင် ကျဉ်းနေသ၍ စစ်ရေးဘောင်ကျယ်နေမှာဖြစ်တယ်၊နိုင်ငံရေးဘောင် ကျယ်အောင် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြပါ” ဟု ဦးကိုကိုကြီးက ပါတီမှတ်ပုံတင်ရရှိမှုအပေါ်မှတ်ချက်ပေးပြောဆိုသည်။
ပြည်သူ့ပါတီ(PP) အနေဖြင့် လွန်ခဲ့သော ၈ လခန့်ကပင် ပြည်ထောင်စုအဆင့်(နိုင်ငံတစ်ဝှမ်းလုံး) ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီအဖြစ် ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နိုင်ငံရေး ပါတီ များ ကို ပါတီမှတ်ပုံတင်ရန် ထုတ်ပြန်ထားခဲ့ပြီးနောက် မှတ်ပုံတင်ရန် လျှောက်ထားသော နိုင်ငံရေပါတီများကို UEC အနေဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုရန် စိစစ်မှူများ အထပ်ထပ် ပြုလုပ်နေကြောင်း ဖြစ်ကြောင်း ယခင်က မီဒီယာများကို ပြောကြား ထားခဲ့ဖူးသည်။
ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)အနေဖြင့် မှတ်ပုံတင်ရန် ခွင့်ပြုပြီး နိုင်ငံရေးပါတီပေါင်းမှာ ပြည်သူ့ပါတီအပါအဝင် (၄၇)ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Daily_News
Published 29 December 2023
၁။ အွန်လိုင်းဈေးရောင်းသူများ ဇန်နဝါရီလအတွင်း မှတ်ပုံတင်ရင် သက်တမ်း(၂)နှစ်နေမှ သက်တမ်းတိုးရမည်
၂။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ငှက်ကြည့်ရန် လာရောက်သူ အလွန်နည်းသွားပြီး အပန်းဖြေရန်လာရောက်သူ ပိုများလာ ဟုဆို
၃။ ကျိုက်ထီးရိုးစေတီတော်ပေါ်ရှိ ဘောဂသိဒ္ဓိတောရ တရားရိပ်သာအတွက် ရေကန်နှင့် ထာဝရရေအလှုရှင် လိုအပ်နေ
၄။ ပါလက်စ်တိုင်းလူမျိုးများ၏ ငြိမ်းချမ်းရေးပြယုဂ်ဖြစ်သည့် နှစ်ထောင်ချီသက်တမ်းရှိ သံလွင်ပင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 29 December 2023
Mister Supranational Myanmar 2024 ပြိုင်ပွဲကြီးတွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားပြိုင်ပွဲဝင်များကို တရားဝင်ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း Missosology Myanmar မှသိရသည်။
အသက် (၁၈)နှစ်ပြည့်ပီး (၃၂)နှစ်ထက်မကျော်သည့် မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး၂၀၂၄ခုနှစ် ဇန်နဝါရီလ၃၁ရက်နောက်ဆုံးထားပြီး ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
ပထမဆုံးအကြိမ်ခမ်းနားကြီးကျယ်စွာကျင်းပမည့် Big (5) စာရင်းဝင် Mister Supranational Myanmar 2024 ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမည် ၊မွေးသက္ကရာဇ် ၊အရပ်အမြင့် ၊
ပညာအရည်အချင်း ၊မှတ်ပုံတင်အမှတ် ၊ဓာတ်ပုံ (မျက်နှာပုံ/တစ်ကိုယ်လုံးပုံ)ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံစွာရေးသားပြီး Supranational Myanmar ယခု Missosology MyanmarPage Messenger (or) Google Form link သို့အရင်ဦးစွာ ပေးပို့လျှောက်ထားနိုင်ကြောင်သိရသည်။
မြန်မာကိုယ်စားပြု Miss Supranational 2024 အဖြစ် အလှမယ်ဒီးကို ရွေးချယ်ထားပြီဖြစ်ပြီး မြန်မာကိုယ်စားပြု Mister Supranational 2024ကို ထပ်မံရွေးချယ်ပြီး နိုင်ငံတကာစင်မြင့်ထက်တွင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Page 545 of 1891