ရွှေလုပ်ငန်းလိုင်စင်မရှိဘဲ အွန်လိုင်းမှာ ရောင်းချပါက အရေးယူခံရနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ဒီကနေ့ အသင်းရုံးမှာပြုလုပ်တဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 8 March 2025
#လိုင်စင်မတင် #အွန်လိုင်း၌ရွှေရောင်းသူများ
#YMG/NN #Yangon_Times
အခု ၂၀၂၅ခုနှစ် မိုးရာသီအကျစောနိုင်သလို မိုးကာလအတွင်းမှာလည်း မိုးရွာသွန်းမှုများပြားနိုင်ကာ မိုးကောင်းနိုင်တယ်လို့ မိုးလေဝသပြင်ပပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။
#Local_News
Published 8 March 2025
#မိုးရာသီအကျစောနိုင် #မိုးလေဝသပြင်ပပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
ပြည်တွင်းငါးစားသုံးမှုတိုးတက်ပြီး ငါးစားနပ်ရိက္ခာဖူလုံဖို့နဲ့ ငါးမွေးမြူရေးလုပ်ငန်းတိုးတက်စေဖို့အတွက်ဈေးကွက်ဝင် ရေချိုငါးသားပေါက်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချသွားမယ်လို့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 8 March 2025
#ရေချိုငါးသားပေါက် #ငါးစားနပ်ရိက္ခာဖူလုံ
#YMG/SW #Yangon_Times
ပြည်တွင်းသုံးစွဲမှု ဖူလုံပြီး ပိုလျှံတဲ့ဝါဂွမ်းတွေကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်တွေနဲ့အညီ ထုတ်လုပ်တင်ပို့နိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 8 March 2025
#ဝါဂွမ်း #ဝါဂွမ်းများကိုပြည်ပသို့တင်ပို့
#YMG/NN #Yangon_Times
#Local_News
Published 8 March 2025
▪️ နိုင်ငံပေါင်း ၁၅နိုင်ငံတက်ရောက်မည့်Medical Fair India 2025 ပြပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ရန်ဖိတ်ကြားထားကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်သော Medical Fair India 2025 ကို နယူးဒေလီမြို့ရှိ၊ ဘာရတ်မန်ဒါပမ်၊ ပရဂတိမိန်ဒါန် (Bharat Mandapam, Pragati Maidan) အဆောက်အအုံ၊ ခန်းမအမှတ် ၄ နှင့် ၅ တို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ၊အဆိုပါ Medical Fair India 2025 သည် နှစ်စဉ် မွန်ဘိုင်းမြို့နှင့် နယူးဒေလီမြို့တို့၌ အလှည့်ကျ ကျင်းပလျက်ရှိပြီး ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းမျိုးစုံအား ခင်းကျင်းပြသမည်ဖြစ်၍ ပြပွဲနှင့်အတူ ကျင်းပမည့် ဆွေးနွေးပွဲများသည် လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး စျေးနှုန်းသက်သာစေရန် ဖြေရှင်းနည်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
▪️ Medical Fair India 2025 ပြပွဲ၌ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကုမ္ပဏီ ၃၅၀ ကျော် ပါဝင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်လိုသူများ၊ ဖြန့်ဖြူးရောင်းချသူများကို ရှာဖွေနေသည့် နိုင်ငံတကာနှင့် အိန္ဒိယပြည်တွင်းထုတ်လုပ်သူများနှင့် ချိတ်ဆက်ကာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
▪️ အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail:
#YMG/SW #Yangon_Times
#Local_News
Published_8 March 2025
▪️ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မယ်ထော် သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန် လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၀၄ ဦးကို မြန်မာ- ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ ယနေ့မတ်လ ၈ ရက်တွင် ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ် မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စားလှယ်များထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာ တမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်မှ အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ်တက် ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 8 March 2025
▪️ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်အနောက်ဖက်တန်ဆောင်းတွင် မတ် ၉ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဓာတ်တော်ပွားများ ဝေငှလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ဓာတ်တော်ပွားများကိုလှူဒါန်းရာတွင် မိုးကောင်းဆုတောင်းပြည့်စေတီတော် အတွင်းရှိ လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ၌ ကိန်းဝပ်စံပါယ်လျက်ရှိသည့် မြတ်စွာဘုရားရှင်၏ အရောင်အဆင်းအမျိုးမျိုးရှိ ဓာတ်တော်မွေတော်များ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ဗာကုလ၊ ရှင်သီလဝိ၊ ရှင်နာဂသိန်၊ အရှင်အနုရုဒ္ဓါ၊ အစရှိသည့် ဓာတ်တော်ပွားများကို လှူဒါန်းဝေငှာသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင်မြင်းခြံမြို့ သာသနာ့ဇောတိကာရုံကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍာည တပည့် လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ ဆံတော်ရှင်ဓာတ်တော်တိုက်ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရ ကိုယ်တော်တိုင် ဝေငှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 55 of 1987