စိုက်ပျိုးရေးလုပ်ငန်းများမှာ အဓိကထား အသုံးပြုနေရတဲ့ ဓါတ်မြေဩဇာဟာ ဈေးနှုန်းကြီးမြင့်လာတဲ့ အတွက် သဘာဝဇီဝမြေဩဇာကိုပါ တွဲဖက်အသုံးပြုနိုင်ရန် တောင်သူများကို သင်တန်းတွေပို့ချပေးနေတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_5 January 2024
#သင်တန်းတွေပို့ချပေး #တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့
#YMG/LW #Yangon_Times
#Local_News
Published 5 January 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၇၀/၃)နှင့်(၁၇၀/၄)အကြားတွင် ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီ ၅ ရက် မနက် ၁၁ နာရီ ၅၄ မိနစ် အချိန်ခန့်က လောင်ကျွမ်းခြင်းဖြစ်ကာ သတင်းရရှိခြင်းကြောင့် သာဂရ အမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂နာရီ အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သည့်ယာဉ်မှာ နာမည်ကြီး Brand တစ်ခုဖြစ်သည့် တန်ဖိုးကြီးသည့် Hummer အမှတ်တံဆိပ် ယာဉ် ဖြစ်ကြောင်း သိရသည်။
ယင်းကား မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဉ်တစ်စီးမီးလောင် #YMG/LW #Yangon_Times
‘ဆောင်းတွင်းမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာနဲ့ လေဖြတ်တာတွေဖြစ်နိုင်သလို အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်မျိုးခွဲ XBB- 10 မြန်မာနိုင်ငံတွင်း ကူးစက်နိုင်ခြေရှိတဲ့အတွက် ကြိုတင်ကာကွယ်ထားကြဖို့ လိုအပ်ပါတယ်’ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ဒေါက်တာနန္ဒဝင်း
#Local_News
Published_5 January 2024
#ချောင်းဆိုး၊ဖျားနာသူများ #Maskများပြန်တပ်
#tthl #Yangon_Times
#Local_News
Published 5 January 2024
ထိုင်းငချိပ်(ခေါ်)ရာသီငချိပ်စပါးအနေ ဖြင့် ပြည်တွင်း/ပြည်ပ ဝယ်လိုအားကောင်းသည့်အတွက် ဈေးကောင်းရလျက်ရှိကြောင်း ဝက်လက်မြို့နယ် စပါးစိုက်တောင်သူအချို့ထံက သိရသည်။
ငချိပ်စပါးပေါ်ချိန် ဈေးနှုန်းသည် တင်း (၁၀ဝ) လျှင် ကျပ် (၃,၈၀ဝ,၀ဝ၀)မှ (၄,၀ဝ၀,ဝ၀ဝ) အထိဈေးနှုန်းရှိသော် လည်း ငချိပ်စပါး စောထွက်သည့် တောင် သူများမှာ မိုးလေဝသရာသီဥတုကို စိုးရိမ် ၍ ရောင်းချရာ ကျပ် (၃,၈၀ဝ,၀ဝ၀)သာ ရရှိခဲ့ကြောင်း စပါးစိုက်တောင်သူအချို့ထံမှ သိရသည်။
အဆိုပါ စပါးစိုက်တောင်သူများ၏ တွက်ချက်မှုအရ တစ်ဧကအထွက်နှုန်း တင်း (၇၀) နှင့် တွက်ချက်ပါက တစ်ဧကလျှင် ကျပ် (၂,၆၆၀,ဝ၀ဝ) ရရှိပြီး၊ ကုန်ကျစရိတ်မှာ ကျပ် (၁,၁၄၀,ဝ၀ဝ) ကုန် ကျ၍ တစ်ဧက အကျိုးအမြတ်သည် ကျပ်(၁,၅၂၀,ဝ၀ဝ)အထိ ရရှိကြောင်းသိရသည်။
ထို့ကြောင့် ဈေးနှုန်းအရသော်လည်းငကာင်း၊ ဈေးကွက်ကောင်းအရသော် လည်းကောင်း ရရှိနေသည့် ငချိပ်စပါးကို လာမည့်နှစ်များတွင်လည်း တွင်တွင်ကျယ်ကျယ် စိုက်ပျိုးမည်ဟုဆိုသည်။
ငချိပ်စပါးအနေဖြင့် အနှံထွက်စတွင် စပါးအရောင်သည် အဖြူနှင့်အစိမ်း ရောင်စထွက်ပြီးနောက် တစ်လခန့်အကြာတွင် ခရမ်းပုပ်ရောင် သို့ပြောင်းလဲကြောင်း၊ ခရမ်းပုပ်ရောင်မှတစ်ဆင့် စပါးနှံ ရင့်သည့်အချိန်တွင် အုန်းခွံရောင်အဖြစ်သို့ ပြောင်းလဲလာကြောင်းနှင့် တစ်ဧကလျှင် တင်း (၇၀) မှ (၈၀)ထွက်ရှိကြောင်း သိရသည်။
ငချိပ်စပါးကို ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါး ရာသီချိန်ဖြစ်သည့် ဇူလိုင်လအတွင်း ပျိုးထောင်၍ သြဂုတ်လ အတွင်းတွင် စိုက်ပျိုးရပြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကြီး ကျေးရွာအပါ အဝင် ကျေးရွာအနှံ့အပြားတွင် စိုက် ပျိုးလျက်ရှိကြောင်း သိရသည်။
#Local_News #ထိုင်းငချိပ်(ခေါ် )ရာသီငချိပ်စပါး #ဝယ်လိုအားကောင်းနေ #YMG/LW #Yangon_Times
#Local_News
Published_5 January 2024
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဆောက်အအုံရှိ စတုတ္ထအလွှာအား (၃)နှစ်တာ ငှားရမ်းရန်အတွက် အိတ်ဖွင့် တင်ဒါခေါ်ယူလိုက်ပြီးဖေဖော်ဝါရီလ၅ရက်ညနေ၄နာရီနောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။
တင်ဒါကြမ်းခင်းဈေးအနေနဲ့ (၁)စတုရန်းပေကို ကျပ်၁၂၅၀ဖြင့်ခေါ်ယူထားပြီး အဆောက်အအုံ၏ အကျယ်အဝန်း သည်(၅၇၀၅.၀၉)စတုရန်းပေကျယ်ဝန်းသည်ဟုဆိုသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဆောက်အအုံရှိ စတုတ္ထအလွှာအား ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ပုဂ္ဂလိကတက္ကသိုလ်များနှင့် ဆက်စပ်သင်တန်းဖွင့်လှစ်လိုသည့် အဖွဲ့အစည်းများသို့ (၃)နှစ်တာငှားရမ်းရန်အတွက်အိတ်ဖွင့်တင်ဒါအဆိုပြုလွှာတင်သွင်းရန်ခေါ်ယူထားခြင်းဖြစ်သည်။
တင်ဒါအဆိုပြုလွှာတင်သွင်းမှုကို ဖေဖော်ဝါရီလ၅ရက်ညနေ၄နာရီနောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို တစ်စုံလျှင် ကျပ်တစ်သောင်းဖြင့် လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း၊အမှတ်(၅/က)သို့ ရုံးချိန်အတွင်းရယူနိုင်မည်ဖြစ်ပြီး တင်သွင်းသူများအနေဖြင့် ဈေးနှုန်းမတင်နိုင် သေးမီကာလတွင် စိတ်ဝင်စားမှုအဆိုပြုလွှာကိုသတ်မှတ်ရက်အတွင်း တင်သွင်းရန် ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
#Local_News #အင်ဂျင်နီယာကောင်စီပိုင်အဆောက်အအုံ #(၃)နှစ်တာငှားရမ်းရန်တင်ဒါခေါ်ယူ #tthl #Yangon_Times
Published_4 Jan 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီ လ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာအကျိုးပြုခဲ့ကြ သူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနား ကို ကျင်းပရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ယင်းအခမ်းအနားတွင်ပြောသည်။
အခမ်းအနား တွင် သရေစည်သူဘွဲ့ (၉) ဦး၊ စည်သူဘွဲ့ (၅) ဦး၊ သူရဘွဲ့ (၆) ဦး၊ သီရိပျံချီဘွဲ့ (၄၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၈၃) ဦး၊ အလင်္ကာကျော်စွာဘွဲ့(၄)ဦး၊ သိပ္ပကျော်စွာ ဘွဲ့(၄)ဦး၊စုစုပေါင်း(၁၅၃)ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဘွဲ့ခံပုဂ္ဂိုလ်များ အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက် သာမက သက်ဆိုင်ရာ မိသားစုဝင်များအတွက်လည်း သားစဉ်မြေးဆက် ဂုဏ်ယူ ဝင့်ကြွားစရာ အထိမ်းအမှတ် သင်္ကေတများအဖြစ်ဖြင့် ဆက်လက်တည်ရှိနေကြမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် သရေစည်သူဘွဲ့ရရှိသူ ၄ ဦးနှင့် စည်သူဘွဲ့ရရှိသူ ၃ ဦး၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ၆ ဦး၊ စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁၆ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၅၈ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ရရှိသူ ၃ ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူများအား လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရ သည်။
Yangon_Times/PP
#Local_News
Published 04 January 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_4 Jan 2024
ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများ အထိ ဆင်နွှဲလာကြသည်ကိုတွေ့ရှိရသည့်အတွက် ရှေ့တန်းနယ်မြေသည် ပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရှိရကြောင်း နစက ဥက္ကဌက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သော တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးအတွက် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အပြောမဟုတ် အလုပ် သက်သေများနှင့် ဆောင် ရွက်ပြသည့် ပါရမီဖြည့်ဖက်များ၏ ဆောင်ရွက်ချက်များသည် သာမန်အမျိုးသမီးတိုင်း လုပ်နိုင်ခဲသည့် စွမ်းဆောင်ရည်ဖြစ်များပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့စွမ်းဆောင်ရည်များ ပေါ်ထွက်လာခြင်း ၏အ ခြေခံ သည် မိမိနိုင်ငံအပေါ်ထားရှိသည့် စစ်မှန်သည့်မျိုးချစ်စိတ်ကြောင့်ပင်ဖြစ် ကြောင်း၊ တပ်မတော်၏ အဓိက အမာ ခံအရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များ သည် အရေးကြုံပါက သက်လုံကောင်းစွာ မိသားစု ဂုဏ်နှင့် တပ်မတော်ဂုဏ်ကို စောင့် ထိန်းသူများဖြစ်ခဲ့ကြသောကြောင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက် လက် ထိန်းသိမ်း သွားကြရန်လည်း တိုက်တွန်းခဲ့သည်။
အများတကာလုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို စွန့်လွှတ်စွန့်စား မှုအပြည့်ဖြင့် ကျေကျေပွန် ပွန် ထမ်းဆောင်ခဲ့သူများအတွက် နှစ်စဉ်လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့၊တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားများ ကျင်းပပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ရဲသူရတံဆိပ်ရရှိသူ ၉ ဦး၊ ရဲဗလ တံဆိပ် ရရှိသူ ၉၉ ဦး၊ စီမံထူးချွန် တံဆိပ်(ပထမ)ဆင့်ရရှိသူ ၁၄ ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ ဦး၊ စီမံ ထူး ချွန် တံဆိပ်(တတိယ)ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၃ ဦး၊ လူမှု ထူးချွန်တံ ဆိပ် (ဒုတိယ)ဆင့်ရရှိသူ ၆ ဦး၊ လူမှုထူးချွန် တံဆိပ် (တတိယ)ဆင့်ရရှိသူ ၃ ဦး၊ နည်းပညာထူးချွန်တံ ဆိပ် (ပထမ) ဆင့် ရရှိသူ ၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့်ရရှိသူ ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ ဦး၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၄၈၀ ဦးတို့ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
Published 04 January 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 534 of 1891