'အရင်ကတရုတ်ကိုတင်တာ အခုနောက်ပိုင်းကတော့ ဒီလမ်းကြောင်းအနေအထားအရ ဈေးလည်းသိပ်အဆင်မပြေဘူး၊ တစ်လုံးတစ်ထောင်၊ ၈၀၀လောက်ပဲရတယ်၊ စိုက်သမားတွေကမြေဩဇာဈေးနဲ့ဆိုတော့ အလုပ်မရှိလို့သာလုပ်နေရတာ၊ သိပ်အဆင်မပြေဘူး၊ ဖြန့်တာကလမ်းမှာ ထိုင်ရောင်း၊ မြိတ်မြို့ပေါ်တက်ရောင်းအဲ့လောက်ပဲရတယ်'
#Local_News
Published_5 January 2024
#တနင်္သာရီဒေသထွက်ဖရဲ #ဈေးရရှိမှုနည်းပါး
#YMG/NN #Yangon Times
#Local_News
Published-5 January 2024
ရန်ကုန်မြို့ရှိ လှိုင်တက္ကသိုလ်အနီး၌ ကားမီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ပါရမီလမ်း ၊ လှိုင်တက္ကသိုလ်အနီးတွင် ဇန်နဝါရီ ၅ ရက် နံနက် ၂ နာရီ ၃၈ မိနစ်ခန့်က အဖြူရောင် Toyota Harrier မော်တော်ယာဉ်တစ်စီးမှာ မောင်းနှင်လာစဉ် အင်ဂျင်အပူလွန်ကဲပြီး Heat တက်ရာမှ ဝါယာကြိုးများရှော့ခ်ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကြောင့် ကားရှေ့တာယာ၂ လုံး၊ အင်ဂျင်ခန်း၊ရှေ့နောက်လေကာမှန်နှင့် ကားအတွင်းပိုင်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ၊ မီးလောင်မှုအားမီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဉီးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို လှိုင်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာအရေးယူထားကြောင်း သိရသည်။
#Local_News #ကားမီးလောင်မှုဖြစ် #YMG/NN #Yangon_Times
#Local_News
Published 5 January 2024
ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို ယခု ဇန်နဝါရီ လမှစတင်၍ (၁၅)ရက်လျှင်တစ်ကြိမ် သံရုံး၏ လူမှုကွန်ယက်တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဇနိနဝါရီ (၅)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံရှိ အလုပ်ကမ်းလှမ်းစာကုမ္ပဏီများစာရင်းကို သံရုံးက စိစစ်၍ မှန်ကန်သည့် အလုပ်ခေါ်စာများကို ယင်းသို့ ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့အပြင် ဂျပန်ကုမ္ပဏီများက ပေးပို့သည့် အချက်အလက်များနှင့် စာရွက် စာတမ်းများကိုလည်း သံရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတိပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ မြန်မာသံရုံးက ထုတ်ပြန်သည့် ကြေညာချက်အရ ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များစိစစ်သည့်လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရန်ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးထားခြင်းလည်းဖြစ်သည်။
ထုတ်ပြန်ကြေညာချက်တွင် အလုပ်သမာဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာသံရုံးသို့ပေးပို့လာသော Demand Letter များကို အချက်အလက်ပေးပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုချင်းစီအား /Fax ပေးပို့ခြင်းမပြုတော့ဘဲ သံရုံး၏ လူမှုကွန်ယက်နှင့် ဝက်ဘ်ဆိုက်တို့တွင် တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီများကစာတိုက်မှတစ်ဆင့် ပေးပို့လာသော အချက်အလက်များကို သံရုံးကလက်ခံရရှိပါက Demand Letter မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းသို့ စိစစ်ပြီးမှန်ကန်သည့် ကုမ္ပဏီများစာရင်းကို အလုပ်သမားဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည် ပေးပို့ခြင်းနှင့် အဆိုပါစာရင်းများကို (၁၅)ရက်လျှင် တစ်ကြိမ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် (၁၅) ရက်လျှင် တစ်ကြိမ်နှုန်းဖြင်ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ရေး သားဖော်ပြထားသည်။
#Local_News #ဂျပန်နိုင်ငံ အလုပ်ခေါ်စာ #သံရုံး၏လူမှုကွန်ယက်တွင်ဖော်ပြ #YMG/LW #Yangon_Times
#Local_News
Published_5 January 2024
မိုင်းဖုန်းဆရာတော်ကြီး၏သက်တော်(၆၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိကျင်းပလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုရှိ ပါဆာရွာ လွန်းလိန်းသာသနာ့နယ်မြေ၌ကျင်းပနေခြင်းဖြစ်သည်။
မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲအစီအစဥ်များမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ
နံနက် ၄ နာရီအချိန်တွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံတွဲတွင် ဆွမ်းကပ်လှူဒါန်းခြင်း။
နံနက် ၉ နာရီတွင် ပူတာအိုစေတီတော်အတွင်းသို့ ကျောက်တုံးကျောက်ခဲ့များထဲ့လှူဒါန်းခြင်း။
နံနက် ၁၁ နာရီနှင့် ညနေ ၃ နာရီအချိန်တွင် ပန်းခြံတရားဟောစင်မြင့်တွင် မိုင်းဖုန်းဆရာတော်တရားဟောခြင်း။
ညနေ ၆ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း။
ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံတွဲတွင် ဆွမ်းကပ်လှူဒါန်းခြင်း။
နံနက် ၁၁ နာရီအချိန်တွင် ဆရာတော်သက်တော် ၆၀ ပြည့် စေတီတော်အား ထီးတော်တင်လှူခြင်း။
ညနေ ၃ နာရီအချိန်တွင် ပန်းခြံတရားဟောစင်တွင် မိုင်းဖုန်းဆရာတော်တရားဟောခြင်း။
ညနေ ၆ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံတွဲတွင် ဆွမ်းကပ်လှူဒါန်းခြင်း။
နံနက် ၉ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား ကံဇာတာထပ်မဂ်လာပြုခြင်း
ညနေ ၃ နာရီအချိန်တွင် ပန်းခြံတရားဟောစင်မှ မိုင်းဖုန်းဆရာတော်အား ဝေါယာဥ်ဖြင့် ရေသွန်းမဏ္ဍာပ်သို့ ပင့်ဆောင်ခြင်း။
(မိုင်းဖုန်းဆရာတော်၏ မွေးနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ မိုင်းဖုန်းဆရာတော် စကားမပြောပါ)
ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား လာရောက်ကန်တော့ခြင်းများပါဝင်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ဘုရား၏ မွေးနေ့ပွဲကာလအတွင်း စတုဒီသာလှူဒါန်းနိုင်ပြီး ကန့်သတ်ထားသောပွဲခင်းအတွင်း စျေးရောင်းဝယ်ခြင်းမပြုလုပ်ရန်နှင့် စျေးရောင်းရန်နေရာကို ဝမ့်မိုင် လွန်းစိုင်းရှိ ဗုဒ္ဓဂယာမဟာဗောဓိစေတီဝင်းဖက်တွင် သတ်မှတ်ထားပေးကြောင်း သိရသည်။
#Local_News #မိုင်းဖုန်းဆရာတော်ကြီး #သက်တော်(၆၀)ပြည့်မွေးနေ့ကျင်းပ #tthl #Yangon_Times
‘(၃၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲနှင့်အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ၆ရက် မှာ ပဌာန်းဖွင့်ပွဲနေ့ဖြစ်တယ်။ ဇန်နဝါရီလ၇ရက်၊၈ရက်၊၉ရက်တိုမှာ ပဌာန်းပူဇော်ပွဲနေ့ဖြစ်ပြီး ဇန်နဝါရီလ ၁၀ရက်မှာ ပဌာန်းသိမ်းပွဲနေ့နှင့် ဇန်နဝါရီလ၁၁ရက်တွင် ဆွမ်းဆန်စိမ်းနှင့် သပိတ်ဆွမ်းလောင်းလှူပွဲနေ့ကျင်းပသွား မှာဖြစ်ပါတယ်’ ဂေါပကအဖွဲမှတာဝန်ရှိသူတစ်ဦး
#Local_News
Published_5 January 2024
#ဗုဒ္ဓပူဇနိယပွဲနှင့်အသံမစဲပဌာန်းရွတ်ဖတ် #သပိတ်ဆွမ်းလောင်းလှူပွဲ
#tthl #Yangon_Times
'ဝါးလက်မှုဈေးကွက်ကအရမ်းကိုကောင်းပါတယ်၊တစ်လသိန်း၅၀၀လောက်ဖြုန်းအားရှိပါတယ်၊ ပြည်တွင်းစားသောက်ဆိုင်တွေနဲ့ ထိုင်း၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေကယူတယ်၊ အလွယ်တကူသယ်ယူလိုရတဲ့ ဝါးလက်မှုပစ္စည်းလေးတွေဝယ်ကြတာပါ'
#Local_News
Published_5 January 2024
#မြန်မာ့ဝါးလက်မှုထည် #ရောင်းအားကောင်းနေ
#YMG/NN #Yangon_Times
#Local_News
Published 5 January 2024
ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများကို အခြေခံလုပ်ခလစာ တစ်နာရီ ဝမ်သုံးထောင်ကျော် တိုးပေးလိုက်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
ယခင်ကမြန်မာအပါအဝင်ကိုရီးယား၌လာရောက်လုပ်ကိုင်နေကြသည့် လုပ်သားများ၏ အခြေခံလုပ်ခလစာသည် တစ်နာရီလျှင် ဝမ် ၆၀၀၀ နီးပါးဖြစ်ပြီး ယခု ဝမ် ၉၀၀၀ ကျော်တိုးပေးလိုက်ခြင်းဖြစ်၍ ကုန်ထုတ်လုပ်သားများ၊ စက်ရုံလုပ်သားများ၊ ဆောက်လုပ်ရေးလုပ်သားများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားများ၊ သင်္ဘောကျင်းလုပ်သားများနှင့် အခြားအခြေခံအထွေထွေလုပ်သားများ ပါဝင်ကာယခု ဇန်နဝါရီလမှ စတင်၍တိုးပေးခြင်းဖြစ်ကြောင်းသိရသည်။
ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ အပါအဝင် အခြားအခြေခံလုပ်သားများ၏ တောင်းဆိုမှုအပေါ် ကိုရီးယားအလုပ်ရှင်များဘက်မှ ဆွေးနွေးညှိနှိုင်းပြီး ယခုလို အခြေခံလုပ်ခလစာများကို တိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားများဘက်မှ အမှန်တကယ် တောင်းဆိုသည့် အခြေခံလုပ်ခလစာမှာ တစ်နာရီလျှင် ဝမ် ၁၀၀၀၀ ဖြစ်ပြီး အလုပ်ရှင်ဘက်မှ တိုးပေးသည့် အခြေခံလုပ်ခလစာသည် ဝမ် ၉၈၆၀ ဖြစ်၍ ယခုတိုးပေးလိုက်သည့် အခြေခံလုပ်ခလစာမှာ ယခင် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါ တစ်နာရီ ဝမ် ၉၈၆၀ သည် အခြေခံလုပ်အားခသာဖြစ်ပြီး အချိန်ပိုများ၊ ပိတ်ရက်များနှင့်ညဆိုင်းများအတွက် မပါဝင်ဘဲ အချိန်ပိုဆင်းပါက တစ်နာရီလျှင် အခြေခံလုပ်အားခ၏ တစ်ဆခွဲ ဝမ် ၁၄၇၉၀ ရရှိမည်ဖြစ်၍ အကြမ်းအားဖြင့် တစ်လလုပ်ခလစာမှာ ဝမ် ၂၀၆၀၇၄၀၊ မြန်မာငွေဖြင့် တွက်ချက်ပါက ၅၂ သိန်းကျပ်ဝန်းကျင်ရရှိမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အခြေခံလုပ်ခလစာ #တစ်နာရီဝမ်ကိုးထောင်ကျော်အထိရရှိ #YMG/ NN #Yangon-Times
Page 533 of 1891