အဆိုပါ EV Charging Station နှစ်ခုကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၃၉)ရှိ ဘောနက်ကြီး ယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူးယာဉ်ရပ်နားစခန်းတို့မှာ တိုးချဲ့တည်ဆောက်နေတာဖြစ်ပြီး သုံးလအတွင်း အပြီးသတ်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
#Local_News
Published 10 March 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #EV_Charging_Stationနှစ်ခုထပ်တိုး
#YMG/NN #Yangon_Times
#Local_News
Published 10 March 2025
▪️ "အဖြူရောင်သက္ကရာဇ်"၊ မယ်ချို " ဇာတ်လမ်းတွဲများဖြင့် ပရိတ်သတ်အားပေးမှု ရရှိခဲ့သူ Mrtv-4 မှသရုပ်ဆောင်မင်းသား ထူးဇော် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ထူး(ခေါ်) ထူးဇော်သည် ကလေးသရုပ်ဆောင်မှ လူကြီးသရုပ်ဆောင်ဖြစ် လာခဲ့ခြင်းဖြစ်ပြီး ၄င်းပါ၀င်သရုပ်ဆောင်ထားသည့် "ယောက်ျားကောင်း အတောင်နှစ်ဆယ်" ရုပ်ရှင်ကားမှာလည်း (၂၀၂၄) ခုနှစ်၏ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း သိရသည်။
▪️ သရုပ်ဆောင် ထူးကွယ်လွန်ခြင်းနှင့် ပတ်သက်၍ Forever Group (MRTV-4) မိသားစုမှ လည်း ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 March 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့အနီး၌ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ မတ်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၂၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၁၀၁) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ် ပြင်၊ (ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၆၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅.၃၇) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ဆိုထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 March 2025
▪️ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး (OSH) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ SAFETY SUPERVISOR COURSE သင်တန်းကိုလ မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ မနက် ( ၉ ) နာရီမှ ညနေ ( ၅ ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ Safety Course စိတ်ဝင်စားသူများ၊Site Engineer များ၊ Safety officer များ၊ Supervisor များတက်ရောက်နိုင်ကြောင်း သိရသည်။
▪️ ထိုသင်တန်းတွင် သင်တန်းသားဦးရေ (၂၀) ဦးသာလက်ခံသင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းပြီးမြောက် လျှင် MCEF မှ Certificate ပေးအပ်သွားမည်ဖြစ်ကြောင်း၊သင်တန်းတက်ရောက်ခြင်းဖြင့် MCEF အသင်းဝင် ကုမ္ပဏီကြီးများနှင့် ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ကာမျိုးဆက်သစ်လုပ်ငန်းခွင် ( Internship ) ဆင်းနိုင်ပြီး Engineer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အစောဆုံးဒီဇင်ဘာ နေက်ဆုံးပတ် နောက်အကျဆုံး ဇန်နဝါရီဒုတိယပတ်တွင် ရွေးကောက်ပွဲများကျင်းပမည်
၉ မတ် ၂၀၂၅
၂၀၂၅ဒီဇင်ဘာနောက်ဆုံးပတ် အစောဆုံးနှင့် ၂၀၂၆ ဇန်နဝါရီ ဒုတိယပတ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိူင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနှင့်ဘီလာရုစ်နိုင်ငံများမှ ချစ်ကြည်ရေးခရီး ပြန်ရောက် လာစဉ် နေပြည်တော်လေဆိပ်၌ သတင်းထောက်များကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာ့ရွေးကောက်ပွဲကို ရုရှားနှင့်ဘီလာရုစ်တို့က ထဲထဲဝင်ဝင်ထောက်ခံမည့်အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်း ထွန်းကဆက်လက်ပြောကြားခဲ့ပါတယ်။
#ymg/knl
#Daily_News
Published 8 March 2025
၁။ ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်နှင့်အညီထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည်
၂။ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးမည်
၃။ ယခုနှစ်မိုးရာသီ အကျစောနိုင်ပြီး မိုးကောင်းနိုင်
၄။ ပနားမားတူးမြောင်းနှင့် ဂရင်းလန်းတို့ကိုထိန်းချုပ်သွားမည့်ဒေါ်နယ်ထရမ့်၏အဆိုအား ပနားမားနှင့်ဒိန်းမတ်ခေါင်းဆောင်တို့ ငြင်းဆန်တုန့်ပြန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 8 March 2025
▪️ သီတဂူဆရာတော်ကြီး၏ ၄၆ လုံးမြောက်ဆေးရုံတော်အဖြစ် သီတဂူကေတုမတီအာယုဒါန အထွေအထွေရောဂါကုဆေးရုံတော်သစ်ကိုပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ကေတုမတီမြို့သစ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သီတဂူကေတုမတီအာယုဒါန အထွေအထွေရောဂါကုဆေးရုံတော်သစ်ကို မတ်လ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းဆေးရုံသည် သီတဂူသာသနာပြုအဖွဲ့နှင့် တပည့်သား ဒါယကာဒါယိကာမအပေါင်းတို့က ကျေးဇူးတော်ရှင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး၏ သက်တော် (၈၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ဖြင့် ပူဇော်လှူဒါန်းခဲ့သော ကောင်းမှုအလှူတော်ဖြစ်သည်။
▪️ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်သစ် ဖွင့်ပွဲအခမ်းအနားသို့ ကျေးဇူးတော်ရှင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးကိုယ်တော်တိုင်ကြွရောက်တော်မူကာ တရားဒေသနာများ ချီးမြင့်တိုက်ကျွေး၍ ဆေးရုံတော်သစ်ကို ၇ ရက်သားသမီးအားလုံးတို့အား ရေစက်ချလှူဒါန်းပေးတော်မူခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပြုပြုသမျှကုသိုလ်အဖို့ကိုလည်း အမျှတမ်းပေးဝေတော်မူကာ သီတဂူကေတုမတီအာယုဒါနအထွေအထွေရောဂါကုဆေးရုံတော်သစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးတို့သည်လည်း ဆေးရုံတော်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ဆေးရုံတော်သည် သီတဂူစက္ခုဒါနဆေးရုံတော်အပြင် သီတဂူကေတုမတီအာယုဒါနဆေးရုံဝန်းအတွင်း၌ပင် တိုးချဲ့တည်ထောင်ခဲ့သော အထွေထွေရောဂါကုဆေးရုံတော်ဖြစ်ပြီး ဆေးရုံတော်သည် ကျေးဇူးတော်ရှင် ရွှေကျင်သာသနာပိုင်သီတဂူဆရာတော်ကြီး၏ ဆုံးမဩဝါဒနှင့်အညီ နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် သီတဂူသာသနာပြုအဖွဲ့တို့ ပူပေါင်း၍ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံတော်ဖြစ်ပြီး ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ၄၆ လုံးမြောက်သော ဆေးရုံတော်လည်းဖြစ် ကြောင်း သိရသည်။
▪️ ဆေးရုံတော်သစ်၏ အဖွင့် ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်နေဖြင့် အာခေါင်ကွဲနှုတ်ခမ်းကွဲလူနာပေါင်း ၃၁ ဦးကို ခွဲစိတ်ကုသပေးခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ဝေဒနာရှင်ပေါင်း ၉၀၀ကျော်တို့ကို စစ်ဆေးကုသခြင်းတို့ကို ကုသိုလ်ပြု စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 54 of 1987