#Local_News
Published 27 November 2024
▪️ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်းငါးထောင်ကျော်ကို အလုပ်အကိုင်များပေးနိုင်သည့်အမေရိကန်ဒေါ်လာ ၇ဒသမ ၆၉၀ သန်း တန်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC)မှ အတည်ပြုခွင့်ပြုပေးခဲ့ကြောင်း YRIC မှ သိရသည်။
▪️ ထို့အပြင် FDI ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကျပ်သန်း ၁၅၀၀ တန်ဖိုးရှိသည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကိုလည်း YRIC မှ ရင်းနှီးမြှုပ်နှံခွင့်အတွက် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ YRICမှ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများတွင် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်နှင့် Wool Fiber & Yarn ထုတ်လုပ်ခြင်းလုပ်ငန်းများ ၊ CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်တွင်းတွင် ရာနှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသည့် ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၅၂၅၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမယ့် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နိုင်ဖို့ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 27 November 2024
#ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ #မြင်းစီးအားကစားအဖွဲ့ချုပ်
#YMG/NN #Yangon_Times
ခရစ္စမတ်အထိမ်းအမှတ်အဖြစ် Goethe-Institut Myanmar မှ ဒီနှစ်အတွက် ခရစ္စမတ်ဈေးရောင်းပွဲတော်"Goethe’s Christmas Bazaar" ကိုကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 27 November 2024
#ခရစ္စမတ် #ဈေးရောင်းပွဲတော်ကျင်းပ
#YMG/tthl #Yangon_Times
အားကစားကလောင်ရှင်ကြီးတွေကိုလည်းနေထိုင်ရာ မြို့တွေကို ငွေလွဲစနစ်ဖြင့်
ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 27 November 2024
#သက်ကြီးအားကစား #ဂါဝရပြုကန်တော့ငွေ
#YMG/tthl #Yangon_Times
#Local_News
Published 27 November 2024
▪️ တောင်ကြီးနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ နိုဝင်ဘာ၂၅ရက်နေ့ က တောင်ကြီးနှင့် ညောင်ရွှေမြို့များသို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
▪️ ထိုသို့လေ့လာရာတွင် မနက်ပိုင်း၌ တောင်ကြီးမြို့၏ အထင်ကရခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများပေးအပ်ခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့သည် ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား ညောင်ရွှေမြို့ရှိ Aureum Palace Hotel ၌ တွေ့ဆုံ၍ ညောင်ရွှေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ရေး၊ ဒေသထွက်အစားအစာနှင့် ရိုးရာလက်မှုပစ္စည်းများ၊ အမှတ်တရလက်ဆောင်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
▪️ ၎င်းနောက် စီးပွားရေးရာဝန်ကြီးက ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၆ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံရဲ့ အထင်ကရပွဲဈေးများတွင် တစ်ခုဖြစ်သည့် ရန်ကုန်မြို့က နာမည်ကျော် ရေကျော်ပွဲဈေး နောက်ဆုံးညဖြစ်သည့် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိနေသည်။ အဆိုပါပွဲဈေးကို နိုဝင်ဘာ ၂၂ရက်ကတည်းက “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်ဖြင့် စတင်ကျင်းပနေခြင်းဖြစ်သည်။
Video mnn(YMG)
#Daily_News
Published 26 November 2024
၁။ ရန်ကုန်တိုင်းတွင် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆောင်းသီးနှံဧက(၄)သိန်းကျော်စိုက်ပျိုးရန်လျာထား
၂။ ယခုတစ်ပတ်စားအုန်းဆီရည်ညွှန်းဈေးအနည်းငယ်တက်၊ အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူနိုင်
၃။ CMP ချုပ်ပြီး အထည်များကို အရှေ့အလယ်ပိုင်းနှင့်ဥရောပနိုင်ငံများသို့တင်ပို့နေ
၄။ မောင်းသူမဲ့ အနာဂတ်မော်တော်ယာဉ်ပြိုင်ပွဲ တရုတ်နိုင်ငံတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 53 of 1861