#Daily_News
Published_ 17 January 2024
၁။ ဟိုပုန်းထွက် စတော်ဘယ်ရီများ ရန်ကုန်သို့ရောက်ရှိလာတော့မည်
၂။ တရုတ်နှစ်ကူးနီးလာသဖြင့် ပြည်တွင်းဆိတ်သားသတ်ဈေးကွက် ဈေးမြင့်တက်လာ
၃။ ဗုဒ္ဓဂါယာ ခရီးသွားလာမှု ယမန်နှစ်ထက်ကျဆင်းနေ
၄။ တရုတ်ရုပ်ရှင်ကားများရိုက်ကူးသော ရိုက်ကွင်းနေရာဒေသရှုခင်းများတွင် ဧည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလ ၁ရက်ကစပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် မြဝတီ ကျောက်လုံးကြီးစခန်းကနေ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှုမှာ လုပ်သားဦးရေနှုန်းထားဟာ ယခင်လတွေ ထက်လျော့ကျသွားတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 17 January 2024
#မြဝတီကျောက်လုံးကြီးစခန်း #MOUလုပ်သားစေလွှတ်
#YMG/LW #Yangon_Times
#Local_News
Published_ 17 January 2024
မန္တလေးမှ IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများအတွက် ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်တွင်ကြိုက်နှစ်သက်ရာ Cambridge IELTS စာအုပ်များကို လာရောက်ရွေးချယ်ငှားရမ်းနိုင်ကြောင်း British Council မှ သိရသည်။
ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့လာရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ (သို့) ယာဥ်မောင်းလိုင်စင် (သို့) ကျောင်းသားကဒ် ယူဆောင်လာရမည်ဖြစ်ပြီးတစ်ရက်ကြိုတင်ရက်ချိန်းရယူပေးကာ ငှားရမ်းနိုင်သည်ဟု ဆိုသည်။
စာကြည့်တိုက်အသင်းဝင်လိုသူများအနေဖြင့်လည်း အွန်လိုင်းကတစ်ဆင့် လျှောက်လွှာတင်နိုင်ပြီး စာကြည့်တိုက်မှာ အသင်းဝင်ကြေးပေးချေတဲ့အခါ ငွေသားပေးချေခြင်းကို လက်မခံတဲ့အတွက် ဘဏ်ကဒ်နှင့်ပေးချေခြင်း (သို့မဟုတ်) AYA mobile banking နှင့်ပေးချေခြင်းကိုသာ ပြုလုပ်နိုင်မည်ဟုဆိုသည်။
ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်ကိုအခန်း (၈)၊ ၁၁ လွှာ၊ Mandalay Financial Centre၊ လမ်း ၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၌တနင်္လာနေ့ မှ သောကြာနေ့ (မနက် ၉ နာရီခွဲ မှ ညနေ ၄:၀၀ နာရီထိ)ဖွင့်ထားကြောင်း သိရသည်။
#Local_News #IELTSစာမေးပွဲဖြေမည့်သူ #IELTSစာအုပ်များငှားရမ်းနိုင် #tthl #Yangon_Times
#Local_News
Published 17 January 2024
ပုဂံဇုန်ဘုရားသန့်ရှင်းရေးလုပ်ငန်းများ ဧရိယာသုံးခုတွင် ၁၀၀ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ကျန်ဧရိယာများအားဆက်လက်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။
အဆိုပါ ပုဂံဇုန် (၁၁) ခုလုံးရှိ ဘုရားများတွင် ရှင်းလင်းရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇူလိုင် (၄)ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဧရိယာသုံးခုတွင် ၁၀၀ ရာခိုင်နှုန်း ရှင်းလင်းဆောင်ရွက်ပြီးစီးကာ ကျန်ဧရိယာ သုံးခုကို ထပ်မံဆောင်ရွက်နေရာတွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ကျန်ဧရိယာ ငါးခုကိုလည်း ဆောင်ရွက်လျှက်ရှိကာ ၂၀၂၄ ခုနှစ် (၆) လပိုင်းတွင် အပြီးဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ဘုရားများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်၂၀၂၃ ခုနှစ် ဇူလိုင် (၄)ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဘုရားများအပေါ်၌ ပေါက်နေသည့် ပေါင်းမြက်များ၊ ညောင်ပင်များ၊ လိုဏ်ဂူအတွင်းပိုင်းရှိ ဘုရားဆင်းတုတော်များ၏ သန့်ရှင်းရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘုရား၊ စေတီ၊ ပုထိုးများ၏ ပေ (၂၀) ပတ်လည်ရှိ ရှေးဟောင်းအဆောက်အအုံများကို အနှောင့်အယှက်ဖြစ်စေသည့် အပင်များကိုလည်း ခုတ်ထွင်ရှင်းလင်းရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #ပုဂံဇုန်ဘုရားသန့်ရှင်းရေးလုပ်ငန်း #ရာနှုန်းပြည့်ပြီးစီးပြီဖြစ် #YMG/NN #Yangon_Times
#Local_News
Published_ 17 January 2024
တရုတ်နိုင်ငံမှ “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်အဖြစ် ရန်ကင်းလေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ LED မီး၊ ကျောင်းသုံးနှင့် အားကစားသုံးပစ္စည်းများလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကြီးမှူး၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ခံကျင်းပသည့် “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) သို့ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ မှတ်စုစာအုပ်၊ LED မီး စသည့်အားကစားနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်လာကတည်းက မြန်မာနိုင်ငံတွင် မူလတန်းနှင့် အထက်တန်းကျောင်းပေါင်း ၁၉ ကျောင်းနှင့် ဆေးရုံ ၂ ရုံ စသည့် ပြည်သူ့လူနေမှုဘဝအကျိုးပြုစီမံကိန်းပေါင်း ၂၀ ကျော် ကူညီတည်ဆောက်ပေးခဲ့ပြီး မေတ္တာဖြင့်လှူဒါန်းမှုများကြောင့် လူပေါင်းသိန်းချီက အကျိုးခံစားရစေခဲ့သည်ဟု ဆိုသည်။
ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၌ ပိုမိုများပြားသော ပြည်သူ့လူနေမှုဘဝ အကျိုးပြုစီမံကိန်းများ ဖော်ဆောင်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန်အတွက် တက်ကြွစွာ အကျိုးထမ်းဆောင်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) မှ ဆရာ၊ ဆရာမများက တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဂရုပြုမှုနှင့် ကူညီထောက်ပံ့မှုတို့အား ကျေးဇူးတင်ရှိကြောင်း၊ ယခုလှူဒါန်းသောပစ္စည်းများကို အကျိုးရှိစွာ အသုံးချသွားကာ ကျောင်းသားကျောင်းသူများ စာကြိုးစား၍ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရန် အားပေးပြီး မြန်မာ-တရုတ် ချစ်ကြည် ရေးလက်ဆင့်ကမ်းရန်အတွက် ခိုင်မာသောအခြေခံ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #ကျောင်းသုံးနှင့်အားကစားသုံးပစ္စည်းများလှူဒါန်း #tthl #Yangon_Times
"ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၁၃) မြို့နယ်မှ သီလရှင်ကျောင်း (၆၁၈) ကျောင်း ၊ သီလရှင်အပါး (၉၅၁၃) ပါးတို့ကို တပါးလျှင်ဆွမ်းဆန် (၁) ပြည် ၊ န၀ကမ္မအလှူငွေ (၁၀၀၀၀) ကျပ်စီနဲ့ အခြားသော လှူဖွယ်၀တ္ထုအစုစုတို့ကို လှူဒါန်းသွားမှာဖြစ်တယ်"ချမ်းမြေ့ရိပ်သာကျောင်း (ရန်ကုန်) ကျောင်းတိုက်
#Local_News
Published_ 17 January 2024
#ချမ်းမြေ့ဆရာတော်ကြီး #ရှစ်ရက်ကြာလှူ
#tthl #Yangon_Times
#Local_News
Published-17 January 2024
၂၀၂၃ -၂၄ ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ ကိုးလကျော်ကာလအတွင်းပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၁၁၅ သန်းရရှိခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၃၀ နီးပါးနှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၁၈၀ ဒသမ ၅၉၈ သန်း ကျော်ရရှိထားခြင်းဖြစ်သည်။
အဆိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။
#Local_News #မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှု #ကန်ဒေါ်လာ၂၁၀ဒသမ၁၁၅သန်းရရှိ #YMG/ NN #Yangon_Times
Page 509 of 1890