#Local_News
Published_ 19 January 2024
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့မျက်နှာချင်းဆိုင် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့တယ်လို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါတယ်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်တွင် နေပြည်တော်ရှိ ဗဟိုဘဏ်၌ ကျင်းပစဉ် ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင်မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေတဲ့ အစီအမံ ၁၀ ချက်အပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အကဲဖြတ်သူများ အားလုံး ခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့မှုနှင့် သက်ဆိုင်ရာဌာနများ အနေဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါတယ်။
ထို့နောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Action Plan များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်တာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
#Local_News #အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့မျက်နှာချင်းဆိုင်အစည်းအဝေး #တိုးတက်ဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ #Ymg_mnn #Yangon_Media_Group
#Local_News
Published_ 19 January 2024
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံး ဗိုလ်လုပွဲနှင့်ဆု ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်ရှိ သိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ ပြိုင်ပွဲ ဝဏ္ဏသိဒ္ဓိ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လ မြိုင် ဇုန်အသင်း နှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်သည်။
နှစ်ဖက်အသင်းအနေဖြင့် ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ဒုတိယ ပိုင်း ပြီးဆုံးချိန် တွင်လည်း ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း ပြီးဆုံးခဲ့သောကြောင့်အချိန်ပို မိနစ် ၃၀ ကစားရာ ယင်းပွဲစဉ် တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နတီအဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားပြီး တံခွန် စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြိုင်ပွဲအတွင်း အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ် တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအ များ ဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကိုလည်းကောင်း၊ တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်း ၊ ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန် အသင်း၊ပထမ ဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ပညာရေးဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံ #ဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ် #Yangon_Times/PP
#Daily_News
Published_ 18 January 2024
၁။ ပျူမြို့သရေခေတ္တရာအကြောင်းနှင့် ပျူအနုပညာရှင်၏ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းအကြောင်း ဇာတ်လမ်းတွဲရိုက်ကူးရန်ရှိ
၂။ ကုန်ကြမ်းဈေးမြင့်တက်ခြင်းအပြင် စားအုန်းဆီနေရာ၌ အစားထိုးသုံးစွဲလာခြင်းကြောင့် အော်ဒါမှာယူမှုများပြီး မြေပဲဆီဈေးနှုန်းများမြင့်တက်လာ
၃။ ကုန်စည်သယ်ယူခနှုန်းထားများ ပိုမိုမြင့်လာပြီး လမ်းခရီးအခြေအနေကြောင့် အချိန်မီမရောက်ရှိတာမျိုးများ ဖြစ်ပေါ်သည့်အတွက် အရောင်းဝယ်ပြုလုပ်သူများ အခက်တွေ့နေ
၄။ အိုကီနာဝါစီရင်စုတွင် အမေရိကန်စစ်အခြေစိုက်စခန်းကြီး ပြောင်းရွှေ့ဆောက်လုပ်ရေးကို ဒေသခံများအပြင်းအထန်ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာမှာရှိတဲ့ရွှေနဲ့ပတ်သက်တဲ့ အတုံးအခဲဈေးကွက်က အခုချိန်မှာဝယ်တဲ့သူကလည်းဝယ်ပြီးသွားပြီ၊ ရောင်းစရာရှိတဲ့သူကလည်းပဲ ရောင်းပြီးသွားပြီ၊ ရွှေနဲ့ပတ်သက်ပြီးကိုင်လှုပ်လိုရတဲ့အချိန်မဟုတ်ဘူး၊ ရာသီလည်းမဟုတ်ဘူး၊ အဲ့တော့ရွှေဈေးကဒီကြားထဲမှာလုပ်လည်းလုပ်တဲ့သူပဲ အမောဖြစ်မယ်၊ ဒီကာလမှာတက်လည်းတစ်သောင်း၊ နှစ်သောင်း၊ ကျလည်းတစ်သောင်း၊ နှစ်သောင်းပဲ
#Local_News
Published_ 18 January 2024
#ရွှေတုံးရွှေခဲဈေးကွက်အေးနေ #ရွှေဈေးနှုန်းအတက်အကျနည်းပါးနိုင်
#YMG/NN #Yangon_Times
"ပြင်ပမှာငွေလိမ်လည်တာဟာ ငွေကြေးလိမ်လည်မှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မ ၄၂၀နဲ့လည်း ငြိစွန်းနေသလို အွန်လိုင်းကနေ ငွေလိမ်ရင်တော့ ဆိုက်ဘာလုံခြုံရေးဥပဒေ ဆိုက်ဘာ Law အရလည်း အရေးယူနိုင်မှာဖြစ်တယ်" တရားလွှတ်တော်ရှေ့နေ
#Local_News
Published_ 18 January 2024
#အွန်လိုင်းနှင့်ဖုန်းများမှတစ်ဆင့်ငွေလိမ် #ငွေလိမ်နေသူများကိုအရေးယူနိုင်
#tthl #Yangon_Times
#Local_News
Published 18 January 2024
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ စျေးဟောင်းအရှေ့နားတွင်ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသည့် ကားနှစ်စီးကို မောင်းနှင်လာသည့် ကားကအရှိန်မထိမ်းနိုင်ဘဲဝင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာမှ လူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
#Local_News #ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် #YMG/LW #Yangon_Times
စက်သုံးဆီဈေးနှုန်းများ မြင့်လာတဲ့အတွက် တနယ်မှ တနယ်သို့ ကုန်စည်ပို့ဆောင်ပေးရာမှာ ကုန်စည် သယ်ယူခနှုန်းထားတွေဟာ တစ်လနဲ့တစ်လပိုမိုမြင့်လာပြီး အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီ ကုန်စည်မရောက်တာတွေပါရှိတဲ့အတွက် အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ အခြေခံစားသောက်ကုန်ရောင်းဝယ်တဲ့ ပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 18 January 2024
#ကုန်စည်သယ်ယူခနှုန်းများပိုမိုမြင့် #အရောင်းအဝယ်ပြုလုပ်သူများအခက်တွေ့
#YMG/LW #Yangon_Times
Page 507 of 1890