"ကားစင်းလုံးလိုက်ခိုးယူပြေးမှုကို နယ်မြေခံရဲစခန်းမှာ အမှုဖွင့်ထားရာ CCTVကို ကြည့်ရူစစ်ဆေးရာ ပေါင်ဘက်ကိုထွက်သွားကြောင်းတွေ့ရပြီး ရန်ကြီးတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတွေကကားကိုတွေ့ထားလို့ ကားကိုသိမ်းထားပြီး ပြန်ပေးထားတယ်" မော်လမြိုင်မြို့ရှိ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 20 January 2024
#ကားခိုးယူမှုဖြစ် #သိန်း(၄၀)ကိုခိုးယူထွက်ပြေး
#tthl #Yangon_Times
၂၀ ဇန်နဝါရီ ၂၀၂၄
အိန္ဒိယနှင့်မြန်မာနယ်စပ်တလျောက် ဗဟိုအစိုးရအနေနှင့် ခြံစည်းရိုးများခတ်တော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး အမ်မစ်ရှားက ပြောပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဟာ ဂူဝါဟတီမှာကျင်းပတဲ့ အာသံရဲကော်မန်ဒို တပ်ဖွဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ ယနေ့ ဇန်နဝါရီ ၂၀ရက်မှာ ပြောခဲ့တာဖြစ်တယ်လို့ အိန္ဒိယပြည်တွင်းသတင်းဌာနများမှ သတင်းများအရသိရပါတယ်။
အိန္ဒိယဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက် လွတ်လပ်စွာသွားလာခွင့်ကိုထိန်းချုပ်ဖို့ အတားအဆီးတွေချထား အပြီး မြန်မာနယ်စပ်ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
“ အိန္ဒိယနှင့်မြန်မာနယ်စပ်ကို မကြာမီမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုဘဲ ကာကွယ်တော့မယ်။ အာသံက ကျွန်တော့်မိတ်ဆွေ တွေကို ပြောချင်တာက နာရင်ဒရာမိုဒီအစိုးရဟာ မြန်မာနှင့်နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်လိုပဲပေါ့။ အစိုးရအနေနှင့် မြန်မာနှင့်သဘောတူထားခဲ့တဲ့ အက်ဖ်အမ်ဂျီ ( လွတ်လပ်စွာလှုပ်ရှားသွားလာမှု) Free Movement Regime ကို မကြာမီအဆုံးသတ်ဖို့ ပြန်စဉ်းစားနေပါတယ်” လို့ အာမစ်ရှားက ပြောပါတယ်။
အဲဒီသဘောတူညီချက်အရ မြန်မာနှင့်အိန္ဒိယနိုင်ငံတွေမှသူတွေဟာ နယ်စပ်ပိုင်နယ်တစ်ဖက်ချင်းစီကို ဗီဇာမပါဘဲ ၁၆ကီလို မီတာအထိ သွားလာခွင့်ပေးထားတာပဲဖြစ်ပါတယ်။
အိန္ဒိယနှင့်မြန်မာနိုင်ငံတို့ဟာ နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာထိစပ်နေကြပါတယ်။ အိန္ဒိယဘက်က မီဇိုရမ်၊မဏိပူ၊နာဂလန်းနှင့် အာရွမ်နာချာပရာဒေ့ရှ်စတာတွေနှင့်ထိစပ်နေတာပါ။ အဲဒီပြည်နယ်တွေဟာ လွတ်လပ်စွာသွားလာခွင့်ကြောင့် အကျိုး အမြတ်တွေရှိနေခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာ တိုက်ပွဲတွေနှင့်မတည်ငြိမ်မှုတွေဖြစ်နေပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ အိန္ဒိယထဲ ဝင်ရောက်လာပြီး နောက် မိုဒီအစိုးရက ယခုလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
-ymg/knl
#Daily_News
Published_ 20 January 2024
၁။ တရုတ်၏ကုန်ကျစရိတ်ဖြင့် မြန်မာအပါအဝင်လန်ချမ်း-မဲခေါင်(၆)နိုင်ငံပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားကြီးရိုက်မည်
၂။ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ၁၃သိန်းနီးပါး ဝင်ရောက်ခဲ့
၃။ ယခုလအတွင်း နှမ်းမျိုးစုံဈေးကွက်အမြင့်ဘက်သို့ ရောက်ရှိလာ
၄။ အမေရိကန်ဒေါ်လာအစား ပြည်တွင်းငွေကြေးများတိုးမြှင့်သုံးစွဲရန် BRICS ၏ ဘဏ်အသစ်မှကြိုးပမ်းဆောင်ရွက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_ 20 January 2024
မွန်ဘုရင်မကြီးရှင်စောပုလှူဒါန်းပူဇော်ထားသည့် အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိအစရှိသည့် ဗုဒ္ဓရုပ်ပွားတော် (၄)ဆူကိုရန်ကုန်မြို့သို့ ပင့်ဆောင်ပူဇော်ရန်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှသိရသည်။
ရုပ်ပွားတော်မြတ်များအား ရန်ကုန်မြို့တော်ခန်းမတွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ပင့်ဆောင်အပူဇော်ခံထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
အစည်းအဝေးတွင် အတွင်းရေးမှူးက အမှာစကားပြောကြားရာ “အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများဖူးမြော်ကြည်ညိုနိုင်ရန် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပူဇော်ခံထားရှိစဉ် ဝတ်ရွတ်အဖွဲ့များမှ ရွတ်ပွားကုသိုလ်ပြုနိုင်ရေးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆွမ်းဆက်ကပ်ပူဇော်ရေး၊ ကန်တော့ပွဲနှင့်ပန်းများ ဆက်ကပ်ပူဇော်ရေးကိစ္စရပ်များ အား အဆင်ပြေစွာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော်ရေး ကိစ္စရပ်များအဆင်ပြေစေရန် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားသည်။
ထို့နောက် စီမံရေးရာဌာန၊ ဌာနမှူး ဦးကျော်မင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော်ရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဆွမ်းဆက်ကပ်လှူဒါန်းရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ သီတင်းသုံးစဉ်ကာလအတွင်း ဝတ်ရွတ်အဖွဲ့များဖြင့် ရွတ်ပွားပူဇော်ရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ ဘုရားဖူးများဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ လျှပ်စစ်မီး၊ လုံခြုံရေးနှင့် သန့်ရှင်းရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပြန်လည်ကြွချီရာတွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
#Local_News #ဗုဒ္ဓရုပ်ပွားတော် (၄)ဆူ #နှစ်ရက်ကြာအပူဇော်ခံထားရှိ #tthl #Yangon_Times
နှမ်းမျိုးစုံအနက် နှမ်းညိုမှာ ဆောင်းနှမ်းအဝင်နည်းသေးခြင်းနဲ့ ဆီစက်သမားတွေ အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ တစ်အိပ် ကို ၂၉၅၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းနက်မှာ အသစ်မဝင်သေးခြင်း လက်ကျန်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာတစ်အိပ်ကို ၃၄၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်သို့ ဈေးမြင့်ရရှိနေတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 20 January 2024
#နှမ်းမျိုးစုံဈေးကွက် #အဝယ်ပုံမှန်ရှိ
#YMG/LW #Yangon_Times
#Local_News
Published 20 January 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ရွှေလှိုင်းကျေးရွာတွင် နေအိမ် မီးလောင်မှုကြောင့် ရက်သားအရွယ် ကလေးငယ်တစ်ဦးေ-သဆုံးခဲ့ကြောင်း
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဇန်နဝါရီ ၂၀ရက် နံနက် ၉ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သတင်းရရှိသဖြင့် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ၉နာရီ ၁၇ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့်၁၅ ပေပတ်လည် သွပ်မိုး၊ ထရံကာ ၁ ထပ် လူနေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ၁၅ ရက်သားအရွယ် ကလေးငယ်(မ)တစ်ဦး မီးလောင်ပြင်တွင် ေ-သဆုံးခဲ့ကြောင်းညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
#Local_News #နေအိမ်မီးလောင် #ကလေးငယ်ေ-သဆုံး #YMG/LW #Yangon_Times
'လေကြောင်း၊ သင်္ဘော၊ နယ်စပ်ဝင်ပေါက်တွေကဗီဇာနဲ့ ၂သိန်း ၈သောင်းကျော်ဝင်ရောက်ပြီး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေနဲ့ ၁၀သိန်းနီးပါးအထိ ဝင်ရောက်ခဲ့ပါတယ်'
#Local_News
Published_ 20 January 2024
#ပြည်ပခရီးသွား၁၃သိန်းနီးပါးဝင်ရောက်
#YMG/NN #Yangon_Times
Page 504 of 1890