28 March 2025
The Chairman of the State Administration Council (SAC), Senior General Min Aung Hlaing, visited the Nay Pyi Taw People’s Hospital (1000-bed) this afternoon on March 28. During his visit, he observed the medical treatment being provided to those injured by the earthquake and consoled them with comforting words.
Additionally, he inspected the relief operations in the residential areas for civil servants near Nay Pyi Taw’s Myo Ma Market, where houses were damaged by the earthquake. He instructed officials to prioritize rescuing those trapped in collapsed buildings and to swiftly address other necessary measures, according to a statement released by the SAC.
It has been reported that he will continue to visit and assess other areas affected by the earthquake.
#ymg/knl
၂၈ မတ် ၂၀၂၅
နစကဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။
ထို့အပြင် နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ymg/knl
#Local_News
Published_28 March 2025
▪️ ငလျင်ကြောင့် လမ်းတံတား၊ အဆောက်အဦများပျက်စီးခဲ့ကာ ပြည်သူအချို့ သေဆုံးဒဏ်ရာရသည်များလည်းရှိနေကြောင်း သိရသည်။
▪️ ယနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်း မှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလို မီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေင လျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲက သိရသည်။
▪️ အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ငလျင် ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
▪️ နေပြည်တော်တွင် ထိခိုက်ဒဏ်ရာရသူများအား (ခုတင်-၁၀၀၀)တွင် ကုသမှုများ ပေးနေကြောင်း၊၎င်းအပြင် နေပြည် တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာ များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
#Yangon_Times/PP
အခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန် ဒေါ်လာ၂၆သန်းကျော်ပုစွန်မက်ထရစ်တန် ၈,၀၀၀ နီးပါး တင်ပို့ထားနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 March 2025
#ပုစွန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 28 March 2025
▪️ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်၊ ရှမ်းပြည်နယ်များ၌ ပျက်စီးမှုများအပြင်မန္တလေးမစိုးရိမ်တိုက်ဟောင်း၊ မန္တလေးသွားဆေးတက္ကသိုလ် ကျောင်း အုတ်ပြိုကျခြင်း၊ နန်းမြို့ရိုးအပါအဝင် အထက်မြင့်တိုက်အချို့ပြို့ကျပြီး လူေ-သဆုံးမှုများရှိနေကြောင်း ဒေသခံများ နှင့်လူမှုကူညီ ရေးအသင်းများမှ သိရသည်။
▪️ ယနေ့ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် ပြင်းအား ရစ်ခ်ျတာစကေး (၇) အဆင့်ကျော် ငလျင်လှုပ်ခတ်ခဲ့ရာ စစ်ကိုင်းတံတားဟောင်းကျိုးကျခဲ့သည့်အပြင် မန္တလေးတွင် အထပ်မြင့်တိုက်များပါ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် စစ်ကိုင်းမင်းကွန်းတိနိကျောင်း ရွှေရတုငွေရတုငါးထပ်ဆောင်ပြိုကျတည်းခိုလူများ ပိနေ၍ ကူညီကယ်ထုတ်နေရကြောင်း သိရသည်။
▪️ 'ငလျင်ကအင်အား တော်တော်ပြင်းတော့ တိုက်တွေပြိုကျပြီး ေ-သဆုံးတာတွေရှိနေပါတယ်၊ အခုပဲ DB သွားပို့တာနှစ်ခါရှိပြီ၊ အရေးပေါ်ဌာနမှာလည်းဆူညံနေတာပဲ၊ ပြိုကျတဲ့တိုက်ကလူတွေကိုလည်း ကယ်ထုတ်တာတွေလုပ်ဆောင်နေကြပါတယ်'ဟု မန္တလေးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
▪️ ထို့အပြင် တောင်ငူမြို့ရှိ ခပေါင်းတံတား အက်သွားသည့်အတွက် ယာဉ်များဖြတ်သန်းခွင့်ကိုယာယီရပ်ဆိုင်းထားသည့်အပြင် တောင်ငူ မြို့ ၊ ဝေဠု၀န်ကျောင်း၌ စစ်ဘေးရှောင်ကလေး ၂၀ ပိတ်မိနေရာ ခရိုင်မီးသတ်နှင့် ပရဟိတအသင်းများ ပူးပေါင်းကူညီ ကယ်ထုတ်ခဲ့ရာ ကိုရင်လေးတပါးအပါအဝင် DB ခြောက်လောင်းရရှိခဲ့ကြောင်း သိရသည်။
▪️ နေပြည်တော်ရှိ ကျောက်မျက်ရတနာ ပြတိုက်လည်း ပြိုကျပျက်စီးခဲ့ရပြီး ဝန်ကြီးဌာန အဆောက်အုံနှင့် ဝန်ထမ်းအိမ်ရာ ၊သာသနိက အဆောက်အအုံများ ပြိုကျခဲ့ရကြောင်း သိရသည်။
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဖောင်တော်ဦးဘုရားနှင့်အဆောက်အဦးများပြိုကျပျက်စီးခြင်း၊ တောင်ကြီး ငလျင်ကြောင့် တောင်ပေါ်ကကျောက်တုံးတွေပြိုကျပြီး အဆောက်ဦးများ ပြိုကျပျက်စီးခဲ့သည့်အပြင် အောင်ပန်းမြို့ရှိ ဟိုတယ် အောင်ပန်း ပြိုကျပျက်စီးသွားပြီး အပျက်အစီးများအောက်၌ လူများပိတ်မိနေ၍ ကယ်ထုတ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
#YMG/NN #Yangon_Times
အင်းလေးကန်တစ်လျှောက်ရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို မြန်မာ- တရုတ် ပူးပေါင်းမှုနဲ့ ပိုမိုတိုးမြင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 28 March 2025
#ဇီဝမျိုးစုံမျိုးကွဲ #အင်းလေးကန်တစ်လျှောက်
#YMG/SW #Yangon_Times
#Local_News
Published 28 March 2025
▪️ ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊ (၁၂:၅၀) နာရီ အချိန်ခန့်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေကြောင်း သိရသည်။
▪️ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်မှုနှင့် ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းမှ မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်ချိုယွင်းမှုဖြစ်ပေါ်သွားသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာယီဓာတ်အားပြတ်တောက်နေကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။
▪️ ထို့ပြင် ဖုန်းလိုင်းတချို့နှင့် အင်တာနက်လိုင်းတချို့လည်း ပြတ်တောက်နေပြီး မန္တလေးမြို့တွင်လည်း အော်ရီဒူးဖုန်းလိုင်းတစ်မျိုးသာ အသုံးပြုနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
#YMG/SW #Yangon_Times
Page 6 of 1957